လျှို့ဝှက်ကုတ်တစ်ခုကို သယ်ဆောင်လာတဲ့ သူလျှိုခိုတစ်ကောင်းအား အိန္ဒိယရဲများကဖမ်းဆီး

ပါကစ္စတန်နိုင်ငံမှ သေချာလေ့ကျင်ပေးထားတဲ့ သူလျှိုခိုတစ်ကောင်ဟာ လျှို့ဝှက်ကုတ်စာသားကို သယ်ဆောင်လာတာကြောင့် ဖမ်းဆီးထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့မှ ပြောကြားခဲ့ပါတယ်။ အဲ့ဒီခိုကိုတော့ Manyari ရွာသားတွေကဖမ်းမိခဲ့တာဖြစ်ပြီး ထိုနေရာကတော့ အိန္ဒိယနဲ့ ပါကစ္စတန် နယ်နမိတ်ခွဲခြားထားတဲ့ ကက်ရှမီးယားဒေသမှာဖြစ်ကာ ထိုနေရာကိုတော့ နယ်နမိတ်အငြင်းပွားမှုတွေ များစွာဖြစ်ပေါ်နေတဲ့ဒေသအဖြစ် လူသိများကြပါတယ်။

အိန္ဒိယရဲတပ်ဖွဲ့က PTI သတင်းဌာနကိုပြောကြားချက်အရ လုံခြုံရေးအေဂျင်စီများဟာ ခိုရဲ့ ခြေထောက်မှာတွဲထားတဲ့ လျှိဝှက်စားသားရဲ့ အဓိပ္ပါယ်ကိုဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ Kathua ရဲတပ်ဖွဲ့ရဲ့ အကြီးတန်းကြီးကြပ်ရေးမှုး Shailendra Mishra ကပြောကြားထားတာကတော့ ထိုခိုဟာ မေလ ၂၄ ရက်က ပါကစ္စတန်အမျိုးသမီးတစ်ဦးရဲ့ အိမ်ကနေပျံသန်းလာခဲ့တယ်လို့ဆိုပါတယ်။

ရွာသားများက ခိုကိုဖမ်းဆီးခဲ့ပြီးနောက် Hira Nagar နယ်မြေ ရဲစခန်းသို့ပို့ဆောင်ကာ ထိုမှ တဆင့် နယ်ခြားစောင့်တပ်ဖွဲ့ ထံကိုလွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ Mishra က” ထိုခိုရဲ့ ခြေထောက်မှာ နံပါတ်အချို့ပါတဲ့ သံကွင်းလေးတစ်ခုရှိနေတယ်။ သူကိုတော့ သူလျှိုအဖြစ်သုံးလားဆိုတာတော့ အတိအကျမပြောနိုင်သေးပါဘူး။

ဒေသခံတွေက အဲဒီသံကွင်းချည်ထားတာတွေ့ပြီး ထူးဆန်းနေလို့ ဖမ်းခဲ့ကြတာပါ။ အချို့ကလည်းဒါကိုလျှို့ဝှက်ကုတ်လို့ ပြောနေကြပါတယ်။ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာတော့ ခိုပိုင်ရှင်တွေဟာ သူတို့ခိုမှန်းသိရအောင်လို့အခုလို နံပါတ်တွေရေးထားတဲ့ သံကွင်းတွေတပ်ထားတတ်ကြတာမို့ပါ”လို့ပြောဆိုခဲ့ပါတယ်။ NDTV သတင်းရဲ့ ဖော်ပြချက်အရတော့ ထိုခိုမှာ ပန်းရောင်အကွက်တစ်ခုနဲ့ ခြေထောက်မှာတပ်ထားတဲ့ သံကွင်းကြောင့် သူကိုတော့ ရဲများက သူလျှိုအဖြစ် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ရဲများဟာ ထိုခိုငှက်အားမြေအောက်အချုပ်ခန်းထဲမှာ လှောင်အိမ်နဲ့မပျံနိုင်အောင်သေချာချုပ်ထားပါတယ်။ ဒီအချိန်ထိတော့ ထိုခိုငှက်ကနေ ထူးဆန်းတဲ့အချက်အလက်တွေနဲ့ ဘာအမူအရာတွေကိုမှာတော့ မတွေ့သေးဘူးလို့ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံကနေငှက်တွေက ဒီလိုမျိုးလျှို့ဝှက်စာသားတွေသယ်ဆောင်လာတာကတော့ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီနှစ်ထဲမှာပဲ အခြားငှက်တစ်ကောင်ဟာ သူရဲ့ ခန္ဓာကိုယ်ထဲမှာ တံဆိပ်ခေါင်းပါတဲ့စာတစ်စောင်ကို သယ်ဆောင်လာခဲ့ပါသေးတယ်။

Video ကြည့်ရန်

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )