
အမျိုးသမီးတစ်ဦးဟာ သူမရဲ့အတွင်းခံကို Mask အဖြစ်အသုံးပြုခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ မေလ ၂၄ ရက်နေ့က ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာရှိတဲ့ စာတိုက်တစ်ခုမှာ ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။ စာတိုက်ဝန်ထမ်းတစ်ဦးက ” Mask တပ်ဆင်ထားခြင်းမရှိပါက အထဲသို့ဝင်လို့ရမှာမဟုတ်ဘူး ” လို့ ပြောဆိုခဲ့တာကြောင့် ထိုအမျိုးသမီးဟာ သူမရဲ့အတွင်းခံကိုချွတ်ကာ Mask အဖြစ်အသုံးပြုခဲ့ပါတယ်။

CCTV မှတ်တမ်းများအရ သူမဟာ စာတိုက်မှာတန်းစီနေကြတဲ့ Customer များအရှေ့မှာ သူမရဲ့ဘောင်းဘီအရှည်ကို အရင် ချွတ်ပြီးနောက် သူမရဲ့အတွင်းခံကိုပါ ချွတ်ချခဲ့တာပဲ ဖြစ်ပါတယ်။

Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူကရိန်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ Mask တပ်ဆင်ဖို့ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ Nova Posha စာတိုက်ဟာ သူတို့ရဲ့ စာတိုက်အတွင်း ထိုဖြစ်ရပ်ဖြစ်ပွားခဲ့တာကို အတည်ပြုပြောထားပြီး ထိုအမျိုးသမီးဟာ အများနည်းတူစာတိုက်မှာ တန်းစီနိုင်ဖို့ ထိုနည်းလမ်းသုံးခဲ့တာဖြစ်ပါတယ်။ CCTV မှတ်တမ်းဗီဒီယိုကို လူမှုကွန်ယက် စာမျက်နှာမှာဖြန့်ဝေခဲ့တဲ့ ကုမ္ပဏီဝန်ထမ်းမှာလည်း ယခုအခါအပြစ်ပေးခြင်း ခံထားရပါတယ်။

ဒီလိုမျိုးထူးဆန်းတဲ့ Mask ကိုသုံးလိုက်တာဟာ ဒီဖြစ်ရပ်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှ Kelly Hogan လို့ခေါ်တဲ့ ပန်းချီဆရာမဟာလည်း လူအများကြားကိုသွားရောက်တဲ့အခါမှာ တပ်ဆင်ရမယ့်အကာကွယ်ပစ္စည်းတွေမရှိတာကြောင့် Toy Story ဇာတ်ကားထဲက ဇာတ်ကောင်ပုံစံဦးထုတ်ကို ဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။
reff; Ladbible
Video ကြည့်ရန်
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )