
အသက် ၂၃ နှစ်အရွယ်ရှိ အရက်မူးနေတဲ့ အမျိုးသားတစ်ဦးဟာ ပိုလန်နိုင်ငံ ဝါဆောမြို့၏ တိရစ္ဆာန်ရုံတစ်ခုအတွင်းက ဝက်ဝံလှောင်အိမ်တစ်ခုထဲဝင်ကာ ဝက်ဝံတစ်ကောင်နဲ့ နှပန်းလုံးခဲ့တာကြောင့် ဒေါ်လာ 1200 ကနေ 7300 အတွင်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ဒီတိရစ္ဆာန်ရုံကတော့ ပိုလန်နိုင်ငံ Lock Down ကာလတွေအပြီး မကြာမီကမှ ဖွင့်လှစ်ထားတာဖြစ်ပြီး ထိုအမျိုးသားနဲ့ ဝက်ဝံတို့ရဲ့ နပန်းလုံးနေတဲ့ ဗီဒီယိုကိုတော့ လာရောက်လည်ပတ်သူတစ်ဦးမှ ရိုက်ကူးထားပါတယ်။ ထိုဝက်ဝံရဲ့ နာမည်ကတော့ Sabrina ဖြစ်ကာ ယခင်က ဆက်ကပ်ပြတဲ့ ဝက်ဝံမလေးတစ်ကောင်လည်း ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ အမျိုးသားဟာ ဝက်ဝံရဲ့ အနောက်ကနေတက်ကာ နားရွက်ကိုဆွဲကာ နပန်းသတ်နေတာကို မြင်ရမှာပါ။တိရိစ္ဆာန်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Ann Karczewska က ဒီအမျိုးသားဟာ Sabrina လှောင်အိမ်ဝင်းထဲကို ရောက်သွားလို့ကံကောင်းခဲ့တာပါ။ ဝက်ဝံမလေးကတော့ လူသားတစ်ဦးက သူကို့လာတိုက်ခိုက်နေတယ်လို့ မထင်ခဲ့တာအသေအချာပါပဲ။

Sabrina ဟာ လူအများရဲ့ ရှေ့မှာ ဆက်ကပ်ပြနေတာကို ကျင့်သားရနေပြီး ထိုအတိုင်းထင်ကာလိုက်လုပ်ခဲ့တာပါ။ ဝက်ဝံမလေး Sabrina ဟာ ထိုအမျိုးသားရဲ့ တိုက်ခိုက်မှုကြောင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိပေမယ့် သူမဟာ အရမ်းထိတ်လန့်ခဲ့ရတယ်လို့ဆိုပါတယ်။ ပြီးနောက်မှာတော့ မီးသတ်သမားတွေရောက်လာမှ လှောင်အိမ်ဝင်းထဲမှထိုအမျိုးသားကို ကယ်တင်ခဲ့ပြီးနောက် တိရစ္ဆာန်နှိပ်စက်မှုနဲ့ လူအများကိုထိန်လန့်စေခဲ့မှုအတွက် ဒေါ်လာ ၃၀၀ ဒဏ်ရိုက်ခဲ့ကာ လူအများကြားမှာ နှာခေါင်းစည်းမတပ်ဆင်တဲ့အတွက် ဒေါ်လာ ၇၀၀၀ ထပ်မံဒဏ်ရိုက်ခဲ့ပါတယ်။(မသောက်ရတာကြာလို့အမူးလွန်သွားတာပါဆရာ)

ထိုအမျိုးသားဟာ လူမှုအဖွဲ့အည်းတွေမှာ တစ်လ နာရီ ၂၀ အလုပ်လုပ်ပေးဖို့နဲ့ အရက်ဖြတ်ဖို့အတွက် လည်း ကတိပေးခဲ့ရပါတယ်။ ဝါဆောတိရစ္ဆာန်ရုံကလည်း Sabrina ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရမှုတွေအတွက်လည်း တရားစွဲဆိုမှုတွေကိုထောက်ခံပေးခဲ့ပါတယ်။
Video ကြည့်ရန်
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )