Facebook မှာလူမှားပြီး စကားပြောခဲ့မိရာမှ ချစ်ကြိုက်သွားခဲ့ကြတဲ့ အသက် ၆၂ နှစ်အရွယ်အမျိုးသမီးနဲ့ ၂၆ နှစ်အရွယ်ကောင်လေး

အမျိုးသမီးတစ်ဦးဟာ သူမထက်အသက် ၃၇ နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ Facebook ပေါ်မှာ လူမှားပြီးစကားပြောခဲ့ရာမှ အဆိုပါကောင်လေးနှင့် ခင်မင်ရင်းနှီးသွားခဲ့ပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ Kent ဒေသမှ အဆိုပါအမျိုးသမီးရဲ့နာမည်ကတော့ Isabell Dibble ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

Credit Photo

Isabell ဟာ ပြီးခဲ့တဲ့နှစ် မေလမှာ အသက် ၂၆ နှစ်အရွယ် Bayram Boussada ဆိုတဲ့ အမျိုးသားကို Facebook မှာ စ add ခဲ့ပြီး သူငယ်ချင်းဖြစ်သွားခဲ့ကြပါတယ်။ အစပိုင်းမှာတော့ Isabell ဟာ Bayram ကို သူမ တူနီးရှားမှာ အားလပ်ရက်ခရီးသွားခဲ့စဥ်က လူတစ်ယောက်နဲ့ အထင်မှားပြီး စကားသွားပြောခဲ့ပါတယ်။

Credit Photo

Bayram ကလည်း Isabell အနေနဲ့ လူမှားနေတာဖြစ်ကြောင်း စကားအပြန်အလှန် ပြောဆိုကြရင်း နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် လူချင်းတွေ့ဆုံခဲ့ကြပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ Bayram ဟာ Isabell ကို လက်ထပ်ခွင့်တောင်းခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ သူတို့နှစ်ဦးဟာ Bayram နေထိုင်တဲ့တူနီးရှားမှာ လက်ထပ်ခဲ့ကြပါတယ်။

Credit Photo

Isabell က သူမရဲ့အကြောင်းကို ပြန်လည်ပြောပြရာမှာတော့ ” ကျွန်မ နဲ့ Bayram ဟာ Facebook မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ကျွန်မက Bayram ကို လူမှားပြီး စကားသွားပြောခဲ့ပေမယ့် Bayram ကလည်း လူမှားနေတာဖြစ်ကြောင်း ပြန်လည်ပြောဆိုကြရင်း ခင်မင်ရင်းနှီးသွားခဲ့ပြီး နောက်ရက်တွေမှာတော့ နေ့တိုင်းစကားတွေပြောဖြစ်ခဲ့ကြပါတယ်။ တခါတလေ မနက် ၃ နာရီထိတောင် စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ အသက်ကွာခြားမှုကြောင့် ကျွန်မ သူ့ကိုသံသယ ဖြစ်စရာတွေရှိပေမယ့် သူ့အနေနဲ့ ကျွန်မကိုပိုက်ဆံတောင်းတာမျိုးလည်းမရှိသလို ဘာမှတောင်းဆိုတာတွေ မရှိခဲ့ဘူး။ သူက ကျွန်မသူ့ဆီသွားနေမှာလား ဒါမှမဟုတ် သူက ကျွန်မဆီကိုလာနေရမှာလားဆိုတာ သူ့အတွက်အ‌‌ရေးကြီးမနေခဲ့ဘူး။ ကျွန်မက အင်္ဂလန်မှာရှိတဲ့ မိသားစုကိုမခွဲနိုင်တာကြောင့် အင်္ဂလန်မှာပဲ နေချင် ခဲ့ပါတယ် ” လို့ သူမက ပြောပြသွားခဲ့ပါတယ်။

Credit Photo

သူတို့ဟာ အင်္ဂလန်မှာနေထိုင်ဖို့ စီစဥ်ထားခဲ့ကြပေမယ့် ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် လေကြောင်းလိုင်းများ ကန့်သတ်ထားရာမှ လတ်တလောမှာတော့ တူနီးရှားမှာပဲ ဆက်လက်နေထိုင်နေကြပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )