
ငယ်ရွယ်တဲ့ညီအစ်ကိုသုံးယောက်ဟာ ပင့်ကူအကိုက်ခံရရင် စူပါပါဝါရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆိပ်ပြင်းတဲ့ပင့်ကူတစ်ကောင်ကို အကိုက်ခံစေခဲ့ပြီးတဲ့နောက်မှာတော့ ဆေးရုံရောက်သွားခဲ့ကြပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ ၈နှစ်၊ ၁၀နှစ်နဲ့ ၁၂နှစ်အရွယ် အဆိုပါညီအစ်ကိုသုံးယောက်ဟာ ဘိုလီဗီယားနိုင်ငံ တောင်ဘက်ပိုင်းမှာရှိတဲ့ ချာရန်တာ မြို့လေးမှာနေထိုင်ကြပါတယ်။ အငယ်ဆုံးညီငယ်လေးမှာ Marvel Super hero တွေရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

Marvel ဇာတ်လမ်းတွေထဲမှ spider-man ဇာတ်လမ်းထဲတွင် သရုပ်ဆောင် Peter Paker ဟာ ရေဒီယိုသတ္တိကြွနေတဲ့ ပင့်ကူတစ်ကောင်ကိုက်ခံရပြီး ပင့်ကူလူသားဖြစ်လာတဲ့ စိတ်ကူးယာဉ်ဇာတ်လမ်းကိုအမှန်ထင်ကာ လိုက်လုပ်ခဲ့တဲ့သူတို့တွေကတော့ အဖြစ်ဆိုးနဲ့ သာကြုံခဲ့ရပါတော့တယ်။ သူတို့ညီအစ်ကိုသုံးယောက်ဟာ မိသားစုပိုင် သိုးများကိုထိန်းကျောင်းနေစဉ် အနက်ရောင် အဆိပ်ပြင်းပင့်ကူတစ်မျိုးကိုတွေ့ကာ ထိုပင့်ကူအကိုက်ခံလိုက်ပါက superpower တွေရလာမယ်လို့ စိတ်ကူးရခဲ့ကြပါတယ်။

သူတို့ရဲ့မိခင်ဖြစ်သူ၏အဆိုအရ သူမဟာ ထင်းခွေသွားစဥ် ညီအစ်ကိုသုံးယောက်ဟာ တုတ်ချောင်းဖြင့်ပင့်ကူကို အသာလေးဖမ်းကာ သူတို့အရေပြားပေါ်ကိုကိုက်ဖို့ တင်ပေးခဲ့တယ်လို့ဆိုပါတယ်။ သူတို့တွေအကိုက်ခံလိုက်တဲ့အခါမှာတော့ သူတို့တွေထင်ထားသလို စွမ်းအားတွေရမလာခဲ့ဘဲ ပင့်ကူရဲ့ အဆိပ်လက္ခဏာတွေဖြစ်တဲ့ ကြွက်သားနာတာတွေ၊ ချောင်းဆိုးတာတွေ၊ ဗိုက်အောက်တာတွေနဲ့ နှလုံးခုန်မြန်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

သူတို့အကိုက်ခံလိုက်တဲ့ ပင့်ကူအမျိုးစားကတော့ Black widow ဖြစ်ပြီး သူ့ရဲ့ပြင်းထန်လှတဲ့အဆိပ်ကြောင့် လူသိများပြီး သူရဲ့အဆိပ်ဟာဆိုရင် ခလောက်မြွေတစ်ကောင်ရဲ့အဆိပ်ထက် ၁၅ဆလောက်ပြင်းတယ်လို့ ဖော်ပြချက်များအရ သိရပါတယ်။ သိုပေမယ့် ထိုပင့်ကူအကိုက်ခံရတဲ့ လူအများစုကတော့ ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရခြင်းမျိုးမရှိဘဲ ထိုအဆိပ်ဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တယ်လို့ဆိုပါတယ်။

Black widows ပင့်ကူတွေကတော့ ရန်လိုတာမျိုးတွေမရှိဘဲ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်သာအဆိပ်ထုတ်ကာ ကိုက်တတ်တာဖြစ်ပြီး သူတို့ညီအကိုတွေဟာ ပင့်ကူကိုက်လာစေဖို့အတွက် တုတ်ကိုသုံးကာရန်စခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ရဲ့မိခင်ဟာ ကလေးတွေအဆိပ်ပြင်းတဲ့ လက္ခဏာတွေပြကာ ငိုနေတာကြောင့် အလွန်ထိတ်လန့်ခဲ့ကာ သူတို့ရဲ့အကိုက်ခံရတဲ့ဝေဒနာကို ကုသဖို့အတွက် ချာရန်တာမြို့ရဲ့ ကျန်းမာရေးဌာနကို အမြန်ခေါ်ဆောင်သွားခဲ့ပါတယ်။

သူတို့ရဲ့အခြေနေတွေမသက်သာတဲ့အခါမှာတော့ သူတို့ကို Llallagua မြို့ရဲ့ ဆေးရုံသို့ခေါ်ဆောင်သွားပြီး ထိုဆေးရုံမှာလည်းအခြေနေမဟန်တာကြောင့် ဘိုလီဗီးယားနိုင်ငံ မြို့တော်La Paz မှာရှိတဲ့ ကလေးဆေးရုံသို့ ပို့ဆောင်လိုက်ရပါတယ်။ ကျန်းမာရေးနှင့်ကူးစက်ရောဂါဆိုင်ရာဌာနရဲ့ အကြီးအကဲဖြစ်သူ Virgilio Pietro ရဲ့ပြောကြားချက်မှာတော့ ” ကလေးငယ်တွေကို အဆိပ်ဖြေဆေးနဲ့ မကုသခင်အချိန်ထိ ကြွက်သားနာတာတွေ၊ ချွေးပြန်တာတွေ၊ အဖျားတက်တာတွေနဲ့ တကိုယ်လုံးဟာလည်း တဆတ်ဆတ်တုန်နေခဲ့တယ် “လို့ ဆိုပါတယ်။

ယခုချိန်မှာတော့ သူတို့ညီအစ်ကိုသုံးဦးစလုံးဟာ ကျန်းမာရေးအခြေနေတွေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နောက်ငါးရက်နေပါက ဆေးရုံးမှဆင်းကာ အိမ်သို့ပြန်နိုင်ပြီလို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး မိဘတွေအနေနဲ့ ကလေးတွေကို စိတ်ကူးယာဉ်ဇာတ်လမ်းနဲ့ လက်တွေ့ဘဝအကြောင်းကို သေချာရှင်းပြပေးဖို့လိုအပ်ပြီး ကလေးငယ်တွေဟာရုပ်ရှင်ဇာတ်ကားတွေထဲက အရာတိုင်းဟာအမှန်တကယ်လို့ ထင်တတ်ကြကာ သူတို့ရဲ့ လက်တွေ့ဘဝမှာလည်း အမှန်ရှိမယ်လို့ ယုံကြည်တတ်ကြပါတယ်။ သူတို့ညီအစ်ကိုသုံးဦးကတော့ ဇာတ်လမ်းထဲကအတိုင်း သူတို့ရဲ့ လက်တွေ့ဘဝမှာ super hero တွေမဖြစ်နိုင်ဘူးဆိုတာကိုတော့ သိရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။
reff; Unilad.
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )