
Online Info ပရိတ်သတ်တွေအတွက် ယခုတင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ အနာဂါတ်ကမ္ဘာကလို့ ထင်မှတ်သွားစေမဲ့ အဆောက်အဦးများအကြောင်းဘဲဖြစ်ပါတယ်။ ကျနောတို့ဟာ ရှေးခေတ်လူတွေတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ခုအကြောင်းသိရှိပြီးဖြစ်မှာပါ။ယခုအဆောက်အအုံဒီဇိုင်းတွေက အနာဂါတ်ကမ္ဘာရဲ့ ကမ္ဘာ့အံ့ဖွယ်များလို့တင်စားရလောက်အောင်ကို ထူးခြားလှပနေပါတယ်။
၁။ ကြာပွင့်ပုံစံ အဆောက်အဦး ( Wujin, China )

အဆိုပါကြာပွင့်ပုံစံ အဆောက်အဦးဟာ တရုတ်နိုင်ငံ ဝူဂျင်းမြို့လည်တွင်ရှိသော ရေကန်ကြီးတွင် တည်ဆောက်ထားပြီး နာမည်ကိုတော့ Lotus Bulding လို့ခေါ်ပါတယ်။
၂။ စတုရန်းပုံအိမ်များ ( Rotterdam, Netherlands )

Rotterdam မြို့ရှိ Overblaak လမ်းတွင် နေအိမ်ပေါင်း ၄၀ ခန့်ပါဝင်သော အိမ်အစုအဝေးတစ်ခုရှိပါသည်။ အိမ်များကိုဗိသုကာပညာရှင် Piet Blom မှတည်ဆောက်ခဲ့ပြီး နံရံများနှင့်ပြတင်းပေါက်များအားလုံးကို ၄၅ ဒီဂရီ ထောင့်မှန်ဖြင့်တည်ဆောက်ထားသည်။
၃။ အက်တမ်ပုံစံ အဆောက်အဦး ( Brussels, Belgium )

မြင်သူများဟာ သာမန်သတ္တုဖြင့်ပြုလုပ်ထားသော ကြီးမားသည့် ဗိသုကာတစ်ခုမျှသာဖြစ်သည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။ သို့သော် ၎င်းရဲ့အထဲတွင် အဆောက်အဦးတစ်ခုတွင် ရှိအပ်သော လက္ခာရပ်များအပြည့်အဝပါရှိပါတယ်။ စက်လုံးပုံသဏ္ဌာန်အဆောက်အဦးတစ်ခုနှင့်တစ်ခုကို လမ်းလျှောက်သွားလာနိုင်ဖို့ ပြွန်များဖြင့်ဆက်သွယ်ထားပါတယ်။ ထိုအဆောက်အဦးဟာ သိပ္ပံပြတိုက်တစ်ခုဖြစ်ပြီး စားသောက်ဆိုင်တစ်ခုလဲပါရှိပါသည်။
၄။ ဝိဇ္ဇာနှင့်သိပ္ပံမြို့တော် ( Valencia, Spain )

၎င်း အဆောက်အအုံဟာ မျက်မှောက်ခေတ်ဗိသုကာပညာ၏ ထင်ရှားသောဥပမာတစ်ခုဖြစ်ပါတယ်။ ၎င်း အဆောက်အအုံဟာ ဗလင်စီယာမြို့ရှိ ပန်းခြံအလယ်တွင်ရှိသော ရေပေါ်တွင်တည်ရှိသည်။ ၎င်းသည်တကယ့်အနာဂတ် ပုံသဏ္ဌာန်ရှိပြီး အံ့ဖွယ်ကောင်းသောသားရဲတစ်ကောင်၏အရိုးစုတစ်ခုပုံစံပြုလုပ်ထားတာပါ။ အဆိုပါအဆောက်အ ဦးတွင် ဈေးဝယ်ပလာဇာ၊ IMAX ရုပ်ရှင်ရုံ၊ ပန်းခြံ၊ သိပ္ပံပြတိုက်နှင့်သမုဒ္ဒရာပထဝီဝင်ပန်းခြံ တို့ပါရှိပါတယ်။
၅။ Heydar Aliyev စင်တာ ( Baku, Azerbaijan )

Heydar Aliyev စင်တာသည် Baku တွင်အထင်ရှားဆုံးသော အဆောက်အဦးဖြစ်သည်။ ဂြိုလ်သားတွေကို အယုံအကြည်ရှိတဲ့ အမျိုးသမီးဗိသုကာပညာရှင် Zaha Hadid ကအဆောက်အဦး ၏ပုံစံကိုဒီဇိုင်းဆွဲခဲ့တာပါ။ထိုအဆောက်အအုံအတွင်း၌ပြခန်းနှင့်ရုံးခန်းများရှိပါသည်။
၆။ Emporia ဈေးဝယ်စင်တာ ( Malmo, Sweden )
ဒီအဆောက်အဦးကတော့ စကင်ဒီနေးဗီးယားဒေသမှာ အကြီးဆုံးစျေးဝယ်စင်တာကြီးဖြစ်ပါတယ်။ ထိုအဆောက်အဦးကို ကွေးနေတဲ့ပုံစံ ပြုလုပ်ထားပြီး အဆောက်အအုံတစ်ခုလုံးရဲ့ မျက်နှာစာကို မှန်ထူများဖြင့်သာပြုလုပ်ထားပါတယ်။ အထဲမှာတော့ အရောင်အသွေးစုံသည့်စက်လှေကားများ၊ ထိုင်ခုံများအပြင်ပန်းဥယျာဉ်များကိုလဲတွေ့ရှိနိုင်ပါတယ်။
၇။ Capital Gate ( Abu Dhabi, UAE )

ပေပေါင်း ၅၂၀ ပေမြင့်ပြီး အထပ်ပေါင်း ၃၅ ထပ်ပါဝင်တဲ့ အဆိုပါ မိုးမျော်တိုက်ကြီးဟာဆိုရင် အဘူဒါဘီမြို့ရဲ့ အမြင့်ဆုံးတိုက်ကြီးများတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဆိုပါ အဆောက်အအုံဟာဆိုရင် လူတွေပြုလုပ်ထားတဲ့ မိုးမျော်တိုက်များထဲတွင် တိမ်းစောင်းဆုံး တိုက်ကြီးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားပါတယ်။
၈။ နယ်သာလန်မှ ဈေးရုံကြီး

ဒီဈေးခန်းမကတော့ ကမ္ဘာပေါ်မှာ အလှဆုံးပါပဲ။ နယ်သာလန်ဘုရင်မကြီးကိုယ်တိုင်တောင်မှ ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါသေးတယ်။ ထိုဈေးဟာ လူနေအဆောက်အဦးတစ်ခုအတွင်း၌ တည်ရှိပြီး အဆောက်အအုံ၏အတွင်းပိုင်းကို Arno Coenen ဆိုတဲ့ အနုပညာရှင်က သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ ပန်းများနဲ့ အလှဆင်ပုံဖော်ထားပါတယ်။
၉။ သြစတြီးယားနိုင်ငံမှ The Kunsthaus အနုပညာပြတိုက်

အဆိုပါအဆောက်အအုံကြီးဟာဆိုရင် သြစတြီးယားနိုင်ငံမှ ခေတ်သစ်အနုပညာဆိုင်ရာ သမိုင်းပြတိုက်ဘဲဖြစ်ပါတယ်။ အချို့လူများက ထိုအဆောက်အအုံရဲ့ ပုံသဏ္ဍာန်ကို ဝေလငါးရဲ့ နှလုံးလို့ပြောဆိုကြပါတယ်။
၁၀။ The Lotus Temple ( Bahapur, India )

ဒီဘုရားကျောင်းဟာဆိုရင် ဘာသာတရားအားလုံးရဲ့ကျောင်းတော်ဖြစ်ပြီး မည်သည့်ဘာသာဝင်ဖြစ်ပါစေ လာရောက်ဝတ်ပြုလို့ရပါတယ်၊ လူတိုင်းအတွက်အချိန်တိုင်းတံခါးဖွင့်ထားပါတယ်၊ တံခါးကိုးပေါက်ပါဝင်ပြီး အခန်းကိုးခန်းလဲပါဝင်ပါတယ်၊ အခန်းများနဲ့ တံခါးများဟာ ဗဟိုခန်းမဆီသို့ဦးတည်နေပါတယ်။ ထိုအဆောက်အအုံဟာဆိုရင် ဘာသာတရားအားလုံးရဲ့ စည်းလုံးမှုကိုပြသတဲ့အနေနဲ့ဆောက်လုပ်ထားတာပါ။
Reff And Credit brightside.