ရဲစခန်းကန်တင်းမှ မနက်စာခိုးယူစားသောက်ခဲ့တဲ့ရဲတပ်သား တာဝန်မှရပ်နားခြင်းခံခဲ့ရ

ရဲအရာရှိတစ်ဦးဟာ သူအလုပ်စလုပ်တဲ့ ပထမဆုံး(၁၁)ရက်အတွင်းမှာ ရဲစခန်းမှာရှိတဲ့ စားသောက်ဆိုင်ကနေ မနက်စာ(၇)မျိုးကို ခိုးယူစားသောက်ခဲ့တဲ့အတွက်ကြောင့် အလုပ်မှရပ်နားခြင်း ခံခဲ့ရပါတယ်။ ထိုရဲသားရဲ့ နာမည်ကဝောာ့ Jamie Larman ဖြစ်ပြီး Berkshire ပြည်နယ် Sulhamstead က Thames Valley ရဲစခန်းမှာ လေ့ကျင့်‌ရေးဆင်းနေခဲ့တာပဲ ဖြစ်ပါတယ်။

Credit Photo

သူဟာ ရဲစခန်းအတွင်းရှိ စားသောက်ဆိုင်မှ အစားအသောက်တွေကို အလကားယူစား၍မရမှန်းသိလျက်နဲ့ ယူ‌ဆောင်ကာ စားသောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရဲစခန်းနဲ့ မိုင်(20) ဝေးကွာသောနေရာတွင် နေထိုင်သော လူသစ်များကိုတော့ စခန်းရဲ့စားသောက်ဆိုင်မှ အစားစာများကို အလကားစားသောက်နိုင်ပြီး စခန်းအတွင်းနေထိုင်သူတွေကတော့ အလကားစားသောက်ခွင့်မရှိပါဘူး။

Credit Photo

Larman အနေနဲ့ အခကြေးငွေပေးဆောင်ခြင်းမရှိဘဲ ယူဆောင်စားသောက်တာဟာ မရိုးသားခြင်းနဲ့ ဖြောင့်မတ်မှုမရှိခြင်းဖြစ်ကြောင်း ပေါ်လွင်လို့နေပါတယ်။ Larman ကတော့ ကျသင့်ငွေမပေးဆောင်ဘဲ‌ စားသောက်တာကို ဝန်ခံထားပြီး သင်တန်းကျောင်းမှလည်း နုတ်ထွက်ခဲ့ပါတယ်။ ရဲအရာရှိများပြောကြားအချက်အရ Larman ဟာ ထိုသို့ မနုတ်ထွက်ခဲ့ရင်လည်း ထုတ်ပယ်ခံရမှာဖြစ်သလို UK မှာရှိတဲ့ ရဲဌာနနဲ့ စစ်တပ်များအားလုံးဝင်ခွင့်ကိုလည်း ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

Credit Photo

ရဲမှူးချုပ်ဖြစ်တဲ့ John Campbell ရဲ့ရှင်းလင်းချက်မှာတော့ ” ကျွန်တော့်အနေနဲ့ Larman အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းတွေကိုကြည့်ပြီး စဥ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ Larman က သူကျူးလွန်ခဲ့တာတွေကို လျှော့ပေါ့ပေးဖို့အတွက် ကျွန်တော့်ဆီကို စာပို့ခဲ့ပါတယ်။

Credit Photo

စာထဲတွင် ‘ သူ ဒီလိုပြုမူခဲ့တာဟာ လေ့ကျင့်ရေးမှာ အစောဆုံးရောက်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးဖို့အတွက်ပါ ‘ ဆိုတဲ့ ဖြေရှင်းချက်ကိုတော့ ကျွန်တော့်အနေနဲ့ အဓိပ္ပာယ်မရှိဘူးလို့ မှတ်ယူပါတယ်။ အရင်ကလည်း စည်းကမ်းချက်တွေကို မလိုက်နာတဲ့အတွက်ကြောင့် သတိပေးခံထားရပြီးဖြစ်တယ်။ သူ့အနေနဲ့ စခန်းမှထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာသူများအတွက်တော့ ဒီရဲစခန်းမှာ နေရာမရှိပါဘူး။ သူ့ဟာသူ မနုတ်ထွက်ရင်တောင် သူ့ကိုတာဝန်ကနေ ရပ်နားတော့မှာပါ ” လို့ ပြောကြားခဲ့ပါတယ်။

Reff; Ladbible.

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )