
မလေးရှားနိုင်ငံ Kuching မှာရှိတဲ့ အိမ်တစ်အိမ်က ခွေးလေးတစ်ကောင်ဟာ သူ့ရဲ့အသက်ကိုစတေးပြီးတော့ သခင်ရဲ့မိသားစုကို ကာကွယ်သွားခဲ့ပါတယ်။ ထိုခွေးကလေးရဲ့နာမည်ကတော့ Chiko လို့သိရှိရပြီး အဆိပ်ရှိတဲ့မြွေတစ်ကောင်နဲ့ တိုက်ခိုက်ရင်း ထမင်းစားခန်းမှာ သေဆုံးသွားခဲ့ပါတယ်။

ခွေးလေးရဲ့သခင်ဖြစ်သူ Allice Minggu က ” မနေ့က ကျွန်မတို့မိသားစုရဲ့ တန်ဖိုးအရှိဆုံးနဲ့ အချစ်ရဆုံး ခွေးကလေးကို ဆုံးရှုံးလိုက်ရပါတယ်။ သာမန်ခွေးလေးတစ်ကောင်သာဖြစ်ပေမယ့် ကျွန်မတို့မိသားစုကတော့ ခွေးလေးကိုအရမ်းချစ်ကြပါတယ်။ အခြားလူတော်တော်များများက ဒီခွေးဆိုးတယ်လို့ ပြောကြပေမယ့် ဒီခွေးလေးကပဲ ကျွန်မတို့ကို ကယ်တင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ခွေးလေးကို မြွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာ မကယ်တင်နိုင်ခဲ့ပါဘူး။ ”

ဆက်လက်ပြီး သူမက “အဲ့ဒီနောက်မှာတော့ ခွေးလေးဟာ ထမင်းစားခန်းမှာ သေဆုံးသွားခဲ့ရပါတယ်။ ခွေးလေးဟာ နောက်ဆုံးချိန်ထိ မြွေနဲ့မသေမချင်းတိုက်ခိုက်သွားခဲ့ပါတယ်။ ကျွန်မတို့လည်း နည်းမျိုးစုံနဲ့ခွေးလေးကို မြွေအနားကနေဖယ်ရှားဖို့ ကြိုးစားခဲ့ပေမယ့်လည်း မတတ်နိုင်ခဲ့ပါဘူး။ ကျွန်မတို့ရဲ့အချစ်ဆုံး ခွေးကလေး Chiko ရေ နောင်တစ်ချိန်မှာ ပိုမိုကောင်းမွန်တဲ့တစ်နေရာမှာ ပြန်လည်စုံတွေ့ကြတာပေါ့ ခုတော့ အေးချမ်းစွာ အနားယူပါတော့ ” လို့ လူမှုကွန်ယက်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

reff; mothership
( www.beesportnews.fun နှင့် Online Info Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )