
အမေရိကန်မှ ဆေးကျောင်းသူတစ်ဦးဟာ သူမရဲ့ကျောင်းစရိတ်နဲ့ အသုံးစရိတ်တွေကို ဖြည့်စည်းနိုင်ဖို့အတွက် သူမရဲ့ ခြေထောက်ပုံကို ပုံစံအစုံလုပ်၍ အင်တာနက်ပေါ်ဓာတ်ပုံရိုက်တင်ကာ ပုံတွေကိုရောင်းချပြီး ဝင်ငွေရှာဖွေလျက်ရှိပါတယ်။ သူမဟာ ထိုကဲ့သို့ပုံတွေရောင်းချခြင်းမှ တစ်လကိုဒေါ်လာ ၆၀၀၀နီးပါး(မြန်မာငွေ သိန်း(၈၀)ကျော်) ရှာဖွေရရှိပြီး ထိုငွေတွေကတော့ သူမအတွက် ဂုဏ်သိက္ခာရှိရှိ ရရှိသောငွေတွေလည်းဖြစ်ပါတယ်။

သူမကိုတော့ Sweet Arches လို့အမည်ပြောင်ပေးထားပြီး သူမဟာ ဒီအလုပ်ကို သူမအားတဲ့အချိန်မှာ လုပ်နေပေမယ့်လည်း ပုံမှန်အလုပ်ဖြစ်တဲ့ ကဇာတ်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေခြင်းထက် ဝင်ငွေပိုမိုရရှိလျက်ရှိပါတယ်။ သူမပြောတာကတော့ ဒီအလုပ်တွေကနေ သူမအတွက် ငွေမြန်မြန်ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။

သူမဟာ သူရဲ့ခြေထောက်ကို ထိမ်းသိမ်းပြုပြင်တာတွေနဲ့ အလှပြင်တာတွေပြုလုပ်ကာ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံရိုက်ပြီး ရောင်းချတာဖြစ်ပါတယ်။ ထိုထဲကမှ လှပတဲ့ဓာတ်ပုံတွေကို အွန်လိုင်းအသုံးပြုများက ရွေးချယ်ဝယ်ယူကြပါတယ်။

ဓာတ်ပုံတွေနဲ့ပက်သက်၍ သူမရှင်းပြတာကတော့ “အချို့ဝယ်ယူသူတွေကတော့ ခြေဖဝါးကိုကြိုက်ကြတယ်၊အချို့ကလည်းခြေချောင်းပုံတွေကိုကြိုက်ပြီး အချို့လူတွေကကျပြန်တော့လည်း မတူညီတဲ့ ပုံစံအနေထားတွေနဲ့ မြင်တွေ့ရတာကို ကြိုက်ကြတယ်”လို့ဆိုပါတယ်။

” လူတွေက ကျွန်မခြေထောက်ကိုကြည့်ရတာကြိုက်နှစ်သက်ကြပါတယ်။ တစုံတစ်ဦးက ကျွန်မကိုပုရွက်ဆိတ်အုံနင်းပြီး ဓာတ်ပုံရိုက်ပြပါလားလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မဒါကိုမလုပ်ပါဘူး။ အဲ့ဒါမှမဟုတ်ပါဘူး ဘယ်ရှင်သန်နေတဲ့သက်ရှိမျိုးကိုမှနင်းပြီး ကျွန်မဓာတ်ပုံမရိုက်ပါဘူး။ နောက်တစ်ဦးကလည်း ကျွန်မကို ထူးထူးဆန်းဆန်းတောင်းဆိုခဲ့ဖူးပါသေးတယ်။ အဲဒါက ကျွန်မကားရဲ့အပေါ်မှာတက်ပြေးခိုင်းတာပါ။ ကျွန်မကတော့ ဒီလိုရူးသွပ်တဲ့အရာတွေကိုတော့လုံးဝကိုငြင်းပါတယ် ” လို့ သူမက ပြောခဲ့ပါတယ်။

သူမဟာ ထိုထူးဆန်းတဲ့ အွန်လိုင်းစျေးရောင်းလုပ်ငန်းမှ တစ်နှစ်ကိုဒေါ်လာ ၇၁၀၀၀ ခန့်ရရှိတယ်လို့လည်းသိရပါတယ်။ သူမဟာ ဒီလုပ်ငန်းတွေကနေပဲ သူမရဲ့ကျူရှင်လခအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။
reff; ladbible
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )