ချစ်သူသက်တမ်း(၃)နှစ်အတွင်း ပထမဆုံးအကြိမ် လေလည်ခဲ့တဲ့ချစ်သူကို အမှတ်တရအထိမ်းအမှတ် ပြုလုပ်ပေးခဲ့တဲ့ကောင်လေး

ချစ်သူတိုင်း ဘဝအတွက်အမှတ်ရစရာတွေ၊ အမှတ်တရဖြစ်ရပ်တွေကို ကြုံဖူးကြမှာပါ။ တချို့တွေက အမှတ်တရတွေကို ချစ်သူ၏မွေးနေ့၊ Anniversary တွေ ဗယ်လင်တိုင်းနေ့တွေမှာ လက်ဆောင်ပေးတာတွေနဲ့ အမှတ်တရအထိမ်းအမှတ်တွေကို ကိုယ်တိုင်ဖန်တီးယူတတ်ကြပါတယ်။ ဒါပေမယ့် သြစတေးလျနိုင်ငံ Queensland ဒေသမှ ချစ်သူစုံတွဲကတော့ သူတို့ရဲ့ အမှတ်ရစရာ အထိမ်းအမှတ်တစ်ခုကိုတော့ သူများနဲ့မတူဘဲ ထူးခြားစွာ ပြုလုပ်ခဲ့ပါတယ်။

Credit Photo

အကြောင်းကတော့ ကောင်မလေးက ချစ်သူကောင်လေး၏ရှေ့တွေ ပထမဆုံးအကြိမ်လေလည်မိတာကြောင့် ကောင်လေးက အမှတ်တရအထိမ်းအမှတ် ပြုလုပ်ပေးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ် သင်ဖတ်မိတာ မမှားပါဘူး။ Ryan McErlean ဆိုတဲ့အမျိုးသား နဲ့ သူရဲ့ချစ်သူကောင်မလေး Kaylie Warren တို့ဟာ ရည်စားသက်တမ်း သုံးနှစ်ကျော်တွဲလာပြီးတဲ့နောက် Kaylie က ပထမဆုံးအကြိမ် ချစ်သူကောင်လေးရဲ့အရှေ့မှာ လေလည်မိခဲ့ပါတယ်။

Credit Photo

Ryan ဟာချစ်သူအတွက် အလွန်ဂုဏ်ယူနေကာ သူမအတွက် ကိတ်လေးတစ်လုံးပေါ်မှာ စာရေးပြီးဂုဏ်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကိတ်ပေါ်မှာရေးထားတာကတော့ “သုံးနှစ်ကျော်အချိန်အတွင်းမှာ နောက်ဆုံးမင်းလေလည်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”လို့ရေးထားပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူဖြစ်ပြီး လအနည်းငယ်ကြာပြီးနောက် သူမအနေနဲ့ ကျွန်တော်အရှေ့မှာ လေလည်ခဲ့ပါက သူမကို ချိုတဲ့အရာတစ်ခုဝယ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

Credit Photo

ချစ်သူသက်တမ်းသုံးနှစ်ကြာပြီး တစ်နေ့မှာတော့ Ryan ၏ချစ်သူကောင်မလေးဟာ ရုတ်တရက်လေလည်သွားခဲ့ပြီး Ryan ဟာလည်း သူ့ရဲ့ကတိစကားအတိုင်း သူမအတွက် ကိတ်တစ်ခုကို ဝယ်ပေးခဲ့ပါတယ်။ Ryan က ” ကျွန်တော် ကိတ်မုန့်အတွက် ဒေါ်လာ ၄၀ လောက်ကုန်ကျခဲ့ပါတယ်။ ကိတ်မုန့်ဆိုင် အရောင်းဝန်ထမ်းဟာလည်း ကိတ်မုန့်ပေါ်မှာ စာရေးတဲ့အခါ တကယ်ပဲ ဒီအတိုင်းရေးပေးရမှာလားလို့ ပြုံးရယ်ပြီး ကျွန်တော့်ကို မေးခဲ့ပါသေးတယ် ” လို့ ပြန်လည်ပြောပြခဲ့ပါတယ်။

Credit Photo

သူ့ချစ်သူ Kaylie က ထိုကိတ်ကိုမြင်တဲ့အခါမှာတော့ သဘောကျရယ်မောခဲ့ပါတယ်။ Ryan ဟာ ထိုကိတ်မုန့်ပုံနဲ့သူတို့အကြောင်းကို ဖေ့ဘွတ်ပေါ်မှာ မျှဝေလိုက်တဲ့အခါမှာလည်း လူအများက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

Ref:Mirror

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )