ပြန်ပေးဆွဲခံခဲ့ရတဲ့ သားနဲ့ 32နှစ်အကြာမှာ ပြန်လည်ဆုံတွေ့ခဲ့တဲ့ မိဘနှစ်ပါး

သတင်းဖော်ပြချက်များအရ Mao Yin ဟာအသက် နှစ်နှစ် အရွယ် ကတည်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူဟာ Shaanxi ပြည်နယ်မှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ ဝင်ပေါက်နားမှာ ပြန်ပေးဆွဲခံခဲ့ရတာလည်းဖြစ်ပါတယ်။ အမေဖြစ်သူ Li Jingzhi မှ South China Morning Post သတင်းဌာန ကိုပြောကြားချက်မှာတော့ ၁၉၈၈ခုနှစ်က သူအဖေ့သူ့ကို ကျောင်းကနေအိမ်သို့ပြန်ကြိုလာတဲ့ အချိန်မှာဖြစ်သွားခဲ့တာလို့သိရပါတယ်။

Credit Photo

သူ့ဖခင်က အဝေးကိုခဏကြည့်လိုက်တဲ့ စက္ကန့်အနည်းငယ်အတွင်းမှာ ပျောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ ထိုအချိန်မှစ၍ အမေဖြစ်သူ Li ဟာအလုပ်မှ ထွက်ကာသူ့၏သားကိုရှာဖွေခဲ့ပါတယ်။ သူမဟာ လူပျောက် လက်ကမ်းစာစောင် ၁သိန်းကျော်ကိုဝေခဲ့ပြီး ရုပ်မြင်သံကြားအစီစဉ်တွေမှာလည်း သားကိုရှာဖွေဖို့ ပါဝင်ခဲ့ပါတယ်။ သူမဟာ Baby Come Back Home လှုမှုကူညီရေးအဖွဲမှာ စေတနာဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ကာ သားအတွက် သတင်းအချက်အလက်တွေစုဆောင်းရင်း ပျောက်ဆုံးခဲ့တဲ့ ကလေး ၂၉ ယောက်အား မိသားစုနဲ့ ပြန်ဆုံစည်းနိုင်ဖို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

Credit Photo

CCTV သတင်းဌာနရဲ့ အဆိုအရ Mao ဟာ အမေဖြစ်သူ Li ရဲ့ သားပျောက်ဆုံးသွားတဲ့ အကြောင်းရုပ်မြင်သံကြားမှ ပြောဆိုနေတာကိုတွေ့သွားခဲ့ကာ သူမရဲ့ မဆုတ်မနစ်ကြိုးစားနေတာကို အံ့ဩကာသူမဆီသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လိုက်လံရှာဖွေနေခဲ့တဲ့ သားဖြစ်သူဆိုတာကို မသိပါဘူး။ ဧပြီးလနှောင်းပိုင်းမှာတော့ Xian မှရဲများဟာ စီချွန်ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ၁၉၈၀ပြည့်နှစ်နှောင်းပိုင်း၌ Shaanxi ပြည်နယ်မှ ကလေးတစ်ဦးကိုဝယ်ယူခဲ့တယ်ဆိုတဲ့ သတင်းကို လက်ခံရရှိခဲ့ပါတယ်။

Credit Photo

ရဲများဟာ ထိုကလေးငယ်၏ပုံအား နည်းပညာကိုအသုံးပြုကာ အသက်အရွယ် ရောက်နေတဲ့ ပုံစံကို ပုံဖော်ခဲ့ကာ ထို့ပုံမှာ Mao နဲ့ ဆင်တူနေတာကိုတွေ့ခဲ့ရပြီး နောက်DNA စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ အခါမှာတော့ ပျောက်ဆုံးနေတဲ့ သားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ Li နဲ့ အဖေဖြစ်သူဟာ ပျောက်ဆုံးနေ့တဲ့ သားအား အမေများနေ့မှာ ပြန်လည် ဆုံဆည်းခွင့်ရခဲ့ပါတယ်။

Credit Photo

Mao ကိုတော့ မွေးစားမိဘများက Gu Ningning အမည်နဲ့ ကြီးပြင်းစေခဲ့တာကြောင့် မိဘအရင်းတွေလိုက်ရှာသည်မှာ ဆယ်စုနှစ်သုံးခုကျော်သည့်အထိရှာမတွေ့ခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ လူကုန်ကူးမှုတွေ ဖြစ်ပွားနေတာ ဆယ်စုနှစ်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ ခန်မှန်းခြေအားဖြင့် တရုတ်နိုင်ငံတွင် နှစ်စဉ် ကလေး ၇၀၀၀၀ ခန့် ပြန်ပေးဆွဲခံနေရပါတယ်။အချို့ကလေးများကိုတော့ နိုင်ငံခြားမှာ မွေးစားခြင်း၊ရောင်းစားတာတွေ ပြုလုပ်နေသည့်ဟုသိရပြီး အချို့ကံမကောင်းလှတဲ့ ကလေးများကတော့ သူတောင်းစား၊ပြည့်တန်ဆာနဲ့ ကျွန်ဘဝတွေကိုရောက်ရှိသွားခဲ့ရတယ်လို့ ရင်နာဖွယ်သိရှိရပါတယ်။

Ref:9gag

Video ကြည့်ရန်

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )