ကြက်သွန်နီ(၁)တန်ပေးပို့ပြီး ရည်းစားဟောင်းကို ငိုစေချင်ခဲ့တဲ့ အမျိုးသမီး

သင်အနေနဲ့ အသဲကွဲတာကို ကြုံဖူးပါသလား? စာဖတ်သူများအနေနဲ့ အသဲကွဲတာကို အနည်းနဲ့အများတော့ ကြုံဖူးကြမှာပါ။ ပုံမှန်အားဖြင့်တော့ အသဲခွဲခံရသူများအနေနဲ့ တစ်ဖက်လူကို ကိုယ်ခံစားရသလိုမျိုး ပြန်လည်ခံစားစေချင်တာတော့ မထူးဆန်းပေမယ့် အမျိုးသမီးတစ်ဦးကတော့ သူမကိုလှည့်စားပြီး အသဲကွဲအောင်လုပ်ခဲ့တဲ့ ရည်းစားဟောင်းကို ကြက်သွန်နီများပေးပို့ခဲ့ပြီး သူမငိုခဲ့ရသလို ပြန်လည်ငိုစေချင်ခဲ့ပါတယ်။

Credit Photo

တရုတ်နိုင်ငံ ဇီပိုမြို့က Zhao လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ကြက်သွန်နီတစ်တန်ကို မှာယူခဲ့ပြီး သူမရည်းစားဟောင်းရဲ့အိမ်တံခါးဝတွင် ပို့ပေးခဲ့ပါတယ်။ Zhao ဟာ ကြက်သွန်နီပို့ပေးသူများကို သူမရဲ့ရည်းစားဟောင်းအနေနဲ့ အိမ်မှာမရှိခဲ့လျှင် ကြက်သွန်နီများကို သူမရည်းစားဟောင်းရဲ့အိမ်တံခါးဝတွင် ချထားခဲ့ပြီး စာတစ်စောင်နဲ့အတူချန်ထားခဲ့ဖို့ မှာကြားခဲ့ပါတယ်။ စာထဲတွင် ” နင်ငါ့ကိုသုံးရက် ငိုအောင်လုပ်ခဲ့တဲ့အတွက်ကြောင့် ခုတော့ နင်ငိုရမယ့် အလှည့်ရောက်ပါပြီ ” ဟု ရေးသားထားခဲ့ပါတယ်။

Credit Photo

သူမရဲ့ရည်းစားဟောင်းကတော့ ” ကျွန်တော့်ရဲ့ရည်းစားဟောင်းက ဒရမ်မာအရမ်းဆန်တာ။ ကျွန်တော်သူနဲ့ လမ်းခွဲခဲ့တုန်းက ကျနော်မျက်ရည်တစ်စက်မှ မကျခဲ့တာကို လူတိုင်းကိုလိုက်ပြောပြနေတော့တာပဲ။ ကျွန်တော်မငိုခဲ့တဲ့အတွက် လူဆိုးတစ်ယောက်ဖြစ်ခဲ့ပြီလား ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Credit Photo

သူမပေးပို့ခဲ့တဲ့ ကြက်သွန်နီများဟာ များလွန်းတဲ့အတွက် ပစ္စည်းပို့သမားတစ်ယောက်က “ကျွန်တော်တို့ မတူညီတဲ့ကြက်သွန်နီအရောင်းဆိုင်များမှ ကြက်သွန်နီများကို တစ်တန်ပြည့်အောင်စုပြီး ‌သူမရည်းစားဟောင်းအိမ်အထိ ပို့ဆောင်ပေးခဲ့ရာမှာ အချိန် ၅ နာရီခန့် ကြာမြှင့်သွားခဲ့ပါတယ်။ သူမရည်းစားဟောင်း တကယ်ပဲငိုပါ့မလားဆိုတာကတော့ မသေချာပေမယ့် ကျွန်တော်တို့တော့ ငိုခဲ့ရပါပြီ ” လို့ သတင်းထောက်များကို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

Credit Photo

သူမရဲ့ရည်းစားဟောင်းက ထိုကြက်သွန်နီများကို ဘယ်လိုအသုံးချမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ လူမှုကွန်အသုံးပြုသူများကတော့ ” သူမရဲ့ရည်းစားဟောင်းကတော့ ကြက်သွန်နီများကို ငိုယိုပြီးတော့ စရောင်းပါတော့မယ် ” တချို့ကလည်း ” ဒါက ပိုက်ဆံကို အလကားဖြုန်းတီးတာပဲ ကြက်သွန်နီကို ခွာမှမျက်ရည်ကျမှာပေါ့ ” အခြားသူတစ်ယောက်ကတော့ ” ဒီကောင်ကတော့ ပွတာပဲ ကြက်သွန်နီတွေကို လက်ကားရောင်းပြီး ဘဏ်ထဲပိုက်ဆံသွားထည့်ရုံပဲ ” လို့ အရွှန်းဖောက်ကာ ပြောဆိုခဲ့ကြပါတယ်။

Reff; Ladbible.

Video ကြည့်ရန်

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )