
Louisiana ပြည်နယ်က အမျိုးသားတစ်ဦးဟာ ချစ်သူကိုရိုမန်တစ်ဆန်ဆန် ရေငုပ်ပြီးလက်ထပ်ခွင့်တောင်းရန် စီစဥ်ထားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူထင်မှတ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အကြောင်းကတော့ သူရဲ့ချစ်သူကို ရေငုပ်ပြီးလက်ထပ်ခွင့်တောင်းနေစဥ်အတွင်း ရေနစ်သေဆုံးသွားခဲ့လို့ပဲ ဖြစ်ပါတယ်။

သတင်းများရဲ့အဆိုအရ Steve Weber ဆိုတဲ့အမျိုးသားနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ Kenesha Antoine တို့ဟာ Tanzania နိုင်ငံက Pemba ကျွန်းမှာရှိတဲ့ Manta အပန်းဖြေစခန်းတွင် အားလပ်ရက်ကို အတူတူခရီးထွက် ခဲ့ကြပါတယ်။ ပြီးတော့ သူတို့တွေဟာ ၃၂ပေနက်တဲ့ ရေအောက်မှာတည်ဆောက်ထားတဲ့ အခန်းတစ်ခုမှာ တည်းခိုခဲ့ကြပါတယ်။ Steve ဟာ သူစီစဥ်ထားခဲ့တဲ့အတိုင်း အခန်းအပြင်ဘက်ကိုကျော်ပြီး သူရေငုပ်ကာ Kenesha ကို မှန်ကာထားတဲ့ အခန်းငယ်အတွင်းကနေ ဗီဒီယိုရိုက်ကူးခိုင်းခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ Steve ဟာ သူရဲ့မှတ်စုထဲမှာရေးထားစာနဲ့ရေငုပ်ရင်း လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ Steve ဟာ ရေထဲကနေ ပြန်မထွက်လာနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ Manta အပန်းဖြေစခန်းမှ BBC ကို ထိုအဖြစ်အပျက်အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ သတင်းဖော်ပြချက်များအရ Steve ဟာ ရေအောက်ခန်းရဲ့ အပြင်ဘက်ကို တစ်ယောက်တည်းရေငုပ်ရင်း ရေနစ်သွားတာလို့ ဆိုပါတယ်။ အပန်းဖြေစခန်းပိုင်ရှင်ဖြစ်တဲ့ Matthew Saus ကလည်း ဒီအဖြစ်အပျက်ကြောင့် တော်တော်လေးတုန်လှုပ်သွားတယ်လို့ ပြောပြခဲ့ပါတယ်။

Steve မှတ်စုထဲမှာ ရေးထားတာကတော့ ” ငါ အသက်ကို အကြာကြီးအောင့်ထားပြီး မင်းကိုချစ်တဲ့အကြောင်းတွေ အကုန်လုံးကိုတော့ မပြောပြနိုင်ဘူး။ ဒါပေမယ့် အရာအားလုံးထက် မင်းကိုပိုချစ်ပါတယ်။နေ့တိုင်းလည်းပိုပြီးချစ်နေမှာပါ။ ” ထိုစာကိုပြပြီးတဲ့နောက်မှာတော့ Steve ဟာ လက်ထပ်လက်စွပ်ကို ထုတ်ပြပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Steve ဟာရေနစ်သွားခဲ့ပြီး အပန်းဖြေစခန်းမှ ဝန်ထမ်းများက ကယ်တင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့်လည်း အချိန်မမှီလိုက်ပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။

Kenesha က ” ကျွန်မတို့နှစ်ယောက် ဘဝတစ်လျှောက်လုံး အတူဖြတ်သန်းဖို့အတွက် ပွေ့ဖက်ပြီးအောင်ပွဲခံဖို့ အခွင့်အရေးမရှိခဲ့ပါဘူး။ ဆိုးရွားလှတဲ့ ဒီအဖြစ်အပျက်ကြောင့် ကျွန်မတို့ရဲ့ အပျော်ဆုံးနေရက်လေးကပဲ အဆုံးရွားဆုံးနေ့ရက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ် ” ဝမ်းနည်းစွာ ပြန်လည်ပြောပြခဲ့ပါတယ်။
reff; Elite Reader
Video ကြည့်ရန်
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***