လေယောဥ်တောင်ပံပေါ်တက်ပြီး လေယာဥ်အလကားစီးဖို့ကြိုးစားခဲ့သူ

သင့်အနေနဲ့ လေယာဉ် အလကားစီးဖို့ အခွင့်အရေးရမယ်ဆိုရင် စီးမှာလား?များသောအားဖြင့် လူအများကတော့ လိုက်စီးကြမှပါ။ ဘာလို့ဆို ယနေ့ခေတ်မှာ လေယာဉ်စီးခတွေက အရမ်းကိုဈေးကြီးလွန်းတာကြောင့်ပါ။ နိုင်ဂျီးယားနိုင်ငံ လာဂိုမှ အမျိုးသားတစ်ဦးကတော့ လေယာဉ်အလကားစီးနိုင်ဖို့အတွက် လေယာဉ်တောင်ပံကို ဖက်တွယ်တက်ကာ လေယာဉ်အင်ဂျင်အုံမှ တစ်ဆင့် လေယာဉ်ထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

Credit Photo

ထိုကို့ရို့ကားယားနိုင်လှသော အဖြစ်ပျက်ကတော့ မူတလာ မူဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဖြစ်ပွားခဲ့ကာ လေယာဉ်ပေါ်မှ ခရီးသည် တစ်ဦးမှ ထိုအမျိုးသားရဲ့ ပြုမူပုံတွေကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ ထိုဗီဒီယိုအတိုလေးအား ရိုက်ကူးခဲ့သူမှ အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ ထိုဗီဒီယိုဟာ လူမှုကွန်ရက်အသုံးပြုသူများအကြား အလျင်အမြန်ကိုပျံနှံ့သွားခဲ့ပါတယ်။

Credit Photo

သတင်းများရဲ့အဆိုအရ ထိုလေယာဉ်ဟာ ထွက်ခွာဖို့အတွက် လေကြောင်းထိန်းချုပ်ရေးအခန်းမှ လမ်းကြောင်းရှင်းမရှင်းအကြောင်းပြန်တာကို စောင့်နေစဉ်အတွင်း အမည်မသိ ထိုအမျိုးသားမှ ရုတ်တရက်ပေါ်လာကာ ရယ်စရာကောင်းတဲ့စတန့်ကိုလာလုပ်ပြသွားတာပဲ ဖြစ်ပါတယ်။ ထိုလုပ်ရပ်ကြောင့် ခရီးသည်အားလုံးဟာ လန့်ဖြန့်သွားခဲ့ရပြီး လေယာဉ်အတွင်း ပရမ်းပတာဖြစ်ကုန်ကာ ခရီးသည်များဟာ မိမိထိုင်နေရာ နေရာမှထကာ အပြင်ဘက်ကို အကုန်လုံးအာရုံစိုက်ကာ ကြည့်နေခဲ့ကြပါတယ်။

Credit Photo

ဒီပြဿနာအား လေယာဉ်မှုးတွေကို အကြောင်းကြားခဲ့ပြီးနောက် သူတို့ဟာ လေယာဉ်အင်ဂျင်ကို ချက်ချင်းရပ်ခဲ့ပါတယ်။ ပြီးတဲ့နောက် လေကြောင်းလုံခြုံရေးတွေရောက်လာကာ ထိုအမျိုးသားအားဖမ်းဆီးခဲ့ပြီး အဲ့ဒီအချိန်ထိတော့ ထိုအမျိုးသားဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိခဲ့ကြပါဘူး။ ထိုလေယာဉ်ပိုင် လေကြောင်းကုမ္ပဏီ Azman ကတော့ ဒီဖြစ်ရပ်ဟာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ကာ အဲ့ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီးတော့လည်း အသေအချာ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေကြောင်း လူထုကိုအသိပေးပြောကြားခဲ့ပါတယ်။

Credit Photo

လေယာဉ်နဲ့ ခရီးသည် အိတ်များကို မထွက်ခွာမှီ သေချာစစ်ဆေးသင့်ကြောင်း Azman ကုမ္ပဏီမှ ထောက်ပြခဲ့ပါတယ်။ ထို့နောက် ခရီးသည်အားလုံးကို ပုံမှန်အချိန်ဇယားအတိုင်း ပျံသန်းပို့‌ေဆာင်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိုအချိန် တာဝန်ကျခဲ့တဲ့ လေယာဉ်လုံခြုံရေးဝန်ထမ်းတွေကိုတော့ အလုပ်မှထုတ်ပယ်ခဲ့ပါတယ်။

Video ကြည့်ရန်

Reff; Elite Reader.

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***