ကိုရိုနာဗိုင်းရပ်ကြောင့် ပိတ်ထားရတဲ့ မလေးရှားမှ ရုပ်ရှင်ရုံများတွင်မှိုတက်နေ

ကိုရိုနာဗိုင်းရပ်ကြောင့်ပိတ်ထားရတဲ့ မလေးရှားနိုင်ငံရှိရုပ်ရှင်ရုံအတွင်းမှာရှိတဲ့ထိုင်ခုံ လယ်သာများပေါ်မှာ မှိုတွေတက်နေကြောင်းသိရှိရပါတယ်။western Perak ပြည်နယ်Ipoh မြို့မှ ဓာတ်ပုံဆရာ ရိုက်ကူးထားတဲ့ ဓာတ်ပုံများအရ ရုပ်ရှင်ရုံ၏ ခရမ်းရောင်၊အနီရောင် ထိုင်ခုံများနဲ့ ကော်ဇာများပေါ်မှာ ဖုန်နဲ့ မှိုတွေပြည့်နေတာကိုတွေ့ရှိရပါတယ်။

Credit Photo

မလေးရှားနိုင်ငံဟာ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း 6,742 ယောက်နဲ့ သေဆုံးသူ 109ဦးအထိရှိကာ ယခုလအစောပိုင်းတုန်းက ရောဂါကူးစက်ပျံ့ပွားမှုကိုထိန်းချုပ်နိုင်ခဲ့သော်လည်း ရောဂါကူးစက်မှုအသစ်များဖြစ်ပွားနေတဲ့ နေရာများကိုတော့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။ထိုဖြစ်ရပ်မတိုင်မီကလည်းSabah ပြည်နယ် Borneo ကျွန်းပေါ်ရှိ ဈေးဝယ်စင်တာသို့ သန့်ရှင်းရေားသမားများရောက်ရှိလာချိန်မှာလည်း လယ်သာအိတ်နဲ့ ဖိနပ်များအပေါ်မှာလည်း မှိုတွေတက်နေတာကိုတွေ့ရှိခဲ့ပါတယ်။

Credit Photo

ရုပ်ရှင်ရုံများကတော့ သူတို့ရဲ့ ထိုင်ခုံပေါ်က မှိုတွေကိုသန့်ရှင်းရေးအသေအချာလုပ်တာတွေ လဲလှယ်တာတွေပြုလုပ်လို့ရပေမယ့် လယ်သာထိုင်ခုံနဲ့ အစွပ်များရောင်းတဲ့ ဆိုင်များကတော့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကိုစွန့်ပစ်ရတော့မယ့် အခြေနေမှာရှိနေပါတယ်။

Credit Photo

မလေးရှားတွစ်တာသုံးသူတစ်ဦးကတော့” ဒါကရုပ်ရှင်ရုံလိုနေရာတွေအတွက် ကောင်းတဲ့ အချက်တစ်ခုဖြစ်လာတာပါဘဲ။ဘာလို့ဆို ၁၀နှစ်တိတိ မရှင်းခဲ့ရတဲ့ အညစ်အကြေးနဲ့ ဖုန်တွေရှင်းထုတ်နိုင်မှာ ဖြစ်သလို၊ပိုးဟတ်တွေကိုလည်းမောင်းထုတ်နိုင်တော့မှာပါ”လို့ရေးထားပါတယ်။

Credit Photo

Sabah ကုန်တိုက်ကမှိုတက်နေတဲ့ အိတ်တစ်လုံးရဲ့ တန်ဖိုးဟာဆိုရင် ပေါင် ၁၂၆ (မလေးရင်းဂစ် ၆၄၉) ရှိပြီး ထိုအိတ်မှာ မှိုကြောင့် လုံးဝပျက်ဆီးသွားခဲ့ပါတယ်။ဆိုရှယ်မီဒီယာအသုံးပြုသူများကတော့ ဒါဟာကုန်တိုက်ပိုင်ရှင်ရဲ့ ညံဖျင်းသော လေအေးပေးစက်နဲ့ ထိန်းသိမ်းမှု ညံဖျင်းခြင်းတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

Credit Photo

ကုန်တိုက်သို့ တနင်္ဂနွေနေ့မှာ လာသော သန့်ရှင်းရေးတွေဟာ ထိုလယ်သာအိတ်ဆိုင်သို့သွားကာ အသေအချာကို သန့်ရှင်းပေးခဲ့ကြရပါတယ်။ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သူက ပျက်ဆီးသွားသောကုန်ပစ္စည်းများကိုဖယ်ရှားလိုက်ပြီး သန့်ရှင်းရေးဝန်ထမ်းများနဲ့ ဆိုင်ကိုအသေအချာသန့်ရှင်းပေးထားကြောင်းပြောကြားခဲ့ပါတယ်။

Credit Photo

မလေးရှားနိုင်ငံဟာ အသွားအလာထိန်းချုပ်ခြင်းအမိန့်ကို မတ်လ ၁၈ရက်နေ့မှစတင်ခဲ့ကာ ဇွန်လ ၉ရက်နေ့အထိ တိုးချဲ့ထားသော်လည်း အချို့စီးပွားရေးလုပ်ငန်းများကိုတော့ ပြန်လည်ဖွင့်ခွင့်ပြုထားပါတယ်။

reff; Daily Mail.

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***