သင်ရွေးချယ်လိုက်တဲ့ မျက်လုံးပုံက ပြောပြပေးမယ့် သင့်ရဲ့လျှိ့ဝှက်ချက် အကြောင်းအရာများ

ကျွန်တော်တို့ရဲ့အတွင်းစိတ်ခံစားချက်တွေဟာ အလွန်နက်နဲလှပြီးနှစ်ပေါင်းများစွာ စိတ်ပညာရှင်တွေက နားလည်နိုင်ဖို့အတွက် ကြိုးစားခဲ့ကြရပါတယ်။ ယခုအကြောင်းအရာတွေမှာတော့ သင့်ရဲ့နက်ရှိုင်းလှတဲ့ စိတ်ခံစားချက်တွေ၊ လျှိ့ဝှက်ဆန္ဒတွေနဲ့ ဖိနှိပ်ခံစားနေရမှုတွေကို ထုတ်ဖော်ပေးသွားမှာဖြစ်ပါတယ်။ အချို့သောသူတွေဟာ မိမိစိတ်ရဲ့အတွင်းပိုင်းခံစားချက်တွေကို မသိရှိကြပါဘူး။ ဒီနေရာမှာတော့ စာဖတ်ပရိသတ်တွေအတွက်စိတ်ပညာရှင်တွေရဲ့နည်းလမ်းတွေနဲ့ စမ်းသပ်မှုလေးတစ်ခု ပြုလုပ်သွားမှာဖြစ်ပြီး ဒီအချက်တွေကနေ သင်ဟာဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို ပြောပြပေးသွားမှာဖြစ်သလို သင့်အပေါ်ကို စိတ်ပညာရှင်တွေကနေပြီး ဘယ်လိုသဘောထားသလဲ သင့်ရဲ့ စိတ်ခံစားမှုတွေက ဘယ်လိုအခြေအနေရှိလဲဆိုတာကို ဖော်ပြပေးမှာလည်းဖြစ်ပါတယ်။ ဒီစာလေးကိုအဆုံးထိဆက်မဖတ်ခင်မှာတော့ မျက်လုံးလေးတစ်ခုကို အရင်ဆုံးရွေးချယ်ဖို့တော့အကြံပြုပါရစေ။

Credit Photo

ပွင့်လင်းသောသူတစ်ယောက်

Credit Photo

သင်ဟာ နူးညံပြီးစာနာတတ်တဲ့စိတ်ထားရှိသူတစ်ဦးဖြစ်ပြီး ဘယ်သူ့ကိုမဆိုနှလုံးသားနဲ့ လှိုက်လှဲစွာကြိုဆိုတတ်ပါတယ်။ သင်ဟာခေတ်နဲ့အညီနေထိုင်တတ်ကာ အတွေ့အကြုံကောင်းတွေများစွာ ရရှိနိုင်မယ်လို့ ယုံကြည်သူတစ်ဦးလည်းဖြစ်ပါတယ်။ သင့်ရဲ့နာကျင်ခံစားရမှုတွေကြောင့် အခြားသူတွေကို စိတ်မထိခိုက်စေချင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သင့်ရဲ့ပြသနာတွေနဲ့ စိုးရိမ်ပူပန်နေရမှုတွေကို အခြားသူများအားဖော်ပြပေးတာကို ရှောင်ရှားတတ်ပြီး သင်ကိုယ်တိုင်ကလည်း ထိုသို့ပြဿနာတွေမျှဝေခံစားရတာကို မနှစ်သက်သူပါ။ ထိုကိစ္စများကို သင်တစ်ယောက်တည်း သီးသန့်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်သူလည်းဖြစ်ပါတယ်။ သင်ကိုယ်တိုင်ဘယ်လိုပင် ခံစားနေရပါစေ အခြားသူတွေအတွက် အမြဲတမ်းပြုံးထားနိုင်အောင်ကြိုးစားနေသူပါ။ အခြားသူများကိုကူညီပေးတာဟာ သင့်ရဲ့အကောင်းဆုံးအရည်အချင်းတစ်ခုပါပဲ။

တာဝန်သိတတ်သူ

Credit Photo

သင်ဟာအရာရာကို မျှမျှတတစဉ်းစားတတ်သူဖြစ်ပြီး မှန်ကန်တဲ့အရာတွေပဲ အမြဲလုပ်ဆောင်တတ်ပါတယ်။ ထိုအချက်တွေဟာ သင့်ဘဝရဲ့ ကိုယ်ပိုင်စံနှုန်းတွေဖြစ်ပြီး ဒီအတိုင်းကိုပဲ အမြဲလုပ်ဆောင်နိုင်ဖို့ကြိုးစားနေသူပါ။ သင်ဟာအကောင်းမြင်လိုစိတ်ရှိသူတစ်ဦးလည်းဖြစ်ကာ ဒီအရာတွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ရမယ်ဆိုတဲ့အတွေးဟာလည်း ခေါင်းထဲမှာအမြဲရှိပါတယ်။ သင့်ရဲ့သဘောထားကြီးမှုနဲ့ လုပ်ဆောင်ချက်တွေဟာ အခြားသူများရဲ့ ဘဝကို များစွာပြောင်းလဲနိုင်မယ်လို့ယုံကြည်သူတစ်ဦးလည်းဖြစ်ပါတယ်။ သင့်ရဲ့ပတ်ဝန်းကျင်မှာ စိတ်ဆင်းရဲ့မှုတွေနဲ့ မတရားမှုတွေကို မြင်တွေ့ရပါကကြိုက်နှစ်သက်မှာမဟုတ်ဘဲ သင့်ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဒါတွေကိုလမ်းမှန်ရောက်အောင် ဖြေရှင်းဖို့ကြိုးစားမှာပါ။သင့်ဘဝရဲ့ လက်ကိုင်ထားတဲ့ ဆောင်ဗုဒ်ကတော့ “ကမ္ဘာကြီးကို ငါမြင်စေချင်သလိုပြောင်းလဲပစ်မယ်”ဆိုတာပဲဖြစ်ပြီး နေ့ရက်တိုင်းကိုလည်း ထိုအရာတွေအတွက်ကြိုးစားနေမှာပါ။

အတိတ်မှာပိတ်မိနေသောသူ

Credit Photo

သင်ဟာနက်နက်ရှိုင်းရှိုင်းကိုခံစားတတ်ပြီးထိုခံစားမှုတွေထဲမှာ ပိတ်မိနေတာကို နှစ်သက်နေသူပါ။ ဒါပေမယ့်တစ်ခါတစ်ရံ ဒီခံစားချက်တွေက ဘယ်ကနေဘယ်လိုဖြစ်လာတာလည်းဆိုတာကို သင်ကိုယ်တိုင်တောင်မသိရှိပါဘူး။ သင်ဟာထိုကဲ့သို့စိတ်ခံစားချက်ဖြစ်ပေါ်နေသူတစ်ဦးဖြစ်ပြီး အတိတ်ကမကောင်းခဲ့တဲ့ ဖြစ်ရပ်တွေကို ယနေ့ထိတိုင်ခံစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ သင့်ရဲ့စိတ်ခံစားရမှုတွေကို ယခုချိန်ထိသင်ကိုယ်တိုင်မကုစားနိုင်သေးပါဘူး။ ဒါပေမယ့်လို့ သင်ဟာအလွန်စိတ်သန်မာသူဖြစ်ပြီး ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုကို တွေ့ရှိရဖို့နေတိုင်းရှာဖွေနေပါတယ်။ ဒီခံစားချက်တွေကို သင်ဟာဘယ်သူကိုမှ ပြောပြမှာမဟုတ်သလို လက်ရှိအခြေနေနဲ့ခံစားချက်တွေကို ဖြေရှင်းနိုင်ဖို့ကိုတော့ အမြဲလေ့လာသင်ယူနေတတ်ပါတယ်။ သင်ဟာစိတ်ထိခိုက်မှုအကြီးအကျယ်ကြုံခဲ့ရပြီး ဒီအရာအပေါ်မှာအမြဲခံစားနေတတ်သူပါ။

အတွေးအခေါ်သမားတစ်ယောက်

Credit Photo

သင်ဟာအသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာတာတွေနဲ့ လေ့လာတာတွေကို သဘောကျနှစ်သက်သူတစ်ဦးပါ။ သင့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့စကားလုံးတွေနဲ့ ပုံရိပ်တွေကိုနားလည်ဖို့ အမြဲလေ့လာသင်ယူနေသူပါ။ဝါကျတိုင်းမှာတော့ ပဟေဠိဆန်တဲ့ အဓိပ္ပါယ်တွေရှိနေကာ သင့်အနေနဲ့ ဒါတွေကို တစ်ခုချင်းစီအပိုင်းလိုက်သေချာခွဲခြားလေ့လာနေပါတယ်။ ဘာလို့လဲဆို ဒီလိုလေ့လာပါမှ မှန်ကန်တဲ့‌အဓိပ္ပါယ်တစ်ခုကိုရရှိနိုင်မှာဖြစ်ပြီး လူအများစုကတော့ သင့်လို လိုက်မလုပ်နိုင်ကြပါဘူး။ သင်ဟာအလွန်စဉ်းစားတတ်သူဖြစ်သလို အလွန်ကိုလည်းလေ့လာနေသူပါ။ ထိုနည်းလမ်းဖြင့်ပို၍နက်ရှိုင်းသောအဓိပ္ပါယ်များကိုလည်းသင်သိရှိလာနိုင်ပါတယ်။

လျှိဝှက်ဆန်းကြယ်သူ

Credit Photo

သင်ဟာ အရမ်းလျှို့ဝှက်ဆန်းကြယ်သူတစ်ဦးဖြစ်ပြီး အတိုက်အခံပြောရတာကိုလည်းနှစ်သက်သူပါ။ သင့်ရဲ့စိတ်ခံစားချက်တွေဟာလည်း အရမ်းကိုထိခိုက်လွယ်ပါတယ်။နောက်ပြီး သင်ဟာသင့်ရဲ့အကြောင်းကိုဘယ်သူကိုမှ မပြောပြတတ်သလို သူများကလာပြီးဝင်ရောက်စွက်ဖတ်တာကိုလည်းမကြိုက်ပါဘူး။ သင်ဟာစကားနည်းသူတစ်ယောက်လည်းဖြစ်ကာ တစ်ခုခုဆိုရင်လည်းလျှို့ဝှက်စွာ လုပ်ဆောင်တတ်သူပါ။သင်ဟာ သူများတွေရဲ့ပြောဆိုတာတွေနဲ့ တုန့်ပြန်မှုတွေကို သေချာစောင့်ကြည့်နားထောင်ပြီးမှ သင့်ရဲ့ထင်မြင်ချက်ကိုပြောပြတတ်သူပါ။ နောက်ပြီးသင်ဟာ သေချာမှုရှိတယ်ဆိုတဲ့ အရာကိုပဲပြောဆိုတတ်ပါတယ်။

အထိအခိုက်မခံနူးညံသူတစ်ယောက်

Credit Photo

သင်ဟာ စူးစမ်းလေ့လာတာတွေကို သဘောကျသူတစ်ယောက်ပါ။ သင့်ရဲ့ပတ်ဝန်းကျင်ကအရာတွေကို အမြဲစောင့်ကြည့်နေတတ်သူဖြစ်ကာ လူတွေရဲ့ အနေအထားနဲ့ အခြေနေကိုလည်း အလွယ်တကူအကဲခတ်တတ်ပါတယ်။ သင့်ရဲ့ စိတ်ဟာဘာမှမဟုတ်တဲ့ အရာလေးတွေအပေါ်မှာတောင် နက်နက်ရှိုင်းရှိုင်းကိုခံစားတတ်ပါတယ်။ သင့်ရဲ့စိတ်ခံစားမှုတွေဟာအလွန်ပြင်းထန်လွန်းတာမို့ ရယ်မောနေရင်းနဲ့တောင်မှ လွယ်လွယ်ကူကူမျက်ရည်ပြန်ကျတတ်သူပါ။ သင်ဟာအခြေအနေအရပ်ရပ်ကို ကောင်းစွာနားလည်နိုင်သူဖြစ်တာမို့ မကြာခင်အောင်မြင်မှုကို ရရှိလာမှာပါ။

မီးတောက်လူသား

Credit Photo

သင်ဟာခွန်အားပြည့်ဝသော၊ စွမ်းအားမြင့်သော၊ ရမ္မက်စိတ်ပြင်းပြသောသူတစ်ယောက်ဖြစ်ပါတယ်။လသင်ဟာအင်အားကြီးမားပြီး ဩဇာညောင်းသူတစ်ယောက်ဖြစ်ကာ လူတိုင်းကသင့်ကို မော့ကြည့်နေပါလိမ့်မယ်။ သင့်ရဲ့အရည်အသွေးနဲ့ ပက်သက်လာရင်လည်း နိမ့်ကျခြင်းဆိုတာ လုံးဝမရှိစေရလို့ ခံယူထားသူပါ။ သင့်မှာအလွန်အားကောင်းတဲ့ အမြင်တွေရှိပြီး သင့်ရဲ့စိတ်ထဲရှိတဲ့အရာမှန်သမျှအလွယ်တကူပြုလုပ်နိုင်သူပါ။ ဒါပေမယ့်သင်ဟာ အလွန်စိုးရိမ်ပူပန်တတ်သူဖြစ်ပြီး ထိုအားနည်းချက်ကိုတော့ ဘယ်တော့မှ ထုတ်ဖော်ပြသမှာမဟုတ်ပါဘူး။

အများနဲ့မတူတမူထူးခြားသူ

Credit Photo

သင်ဟာ ပုံမှန်မဟုတ်တဲ့အကျိုးစီးပွားတွေ၊ဝါသနာတွေနဲ့ အလေ့အကျင့်တွေ ရှိသူပါ။သင့်ကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုပါက ထူးခြားသူလို့သာ ပြောရမှာပါ။ သင်ဟာအမြဲတမ်းထင်ရာတွေကို လုပ်ဆောင်နေတတ်ပေမယ့် အခြားသူတွေရဲ့ထင်မြင်ချက်ကိုတော့ အနှောက်အယှက်မပေးပါဘူး။သင်ဟာ စည်းမျဉ်းစည်းကမ်းတွေကိုလည်းမလိုက်နာတတ်ဘဲ ပုံမှန် ပိုနေမြဲ ကျားနေမြဲ အတိုင်းသာ နေထိုင်တတ်သူပါ။ ဘာလို့လဲဆိုတော့ သင်ဟာမိမိရဲ့ပင်ကိုအသိစိတ်ထဲရှိတဲ့ အသိကလွဲပြီး ဘာကိုမှမယုံကြည်သူပါ။ သင့်ရဲ့အကြောင်းကိုလည်း အခြားသူတွေကိုလျှို့ဝှက်မထားတတ်ပါဘူး။ ဘာလို့ဆို သင့်မှာ ဘာဖုံးကွယ်ထားစရာမှမရှိဘူးလို့ယူဆကာ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တတ်လို့ပါ။

တက်ကြွသူတစ်ဦး

Credit Photo

သင်ဟာဇွဲလုံလရှိသူ စိတ်ပိုင်းဆိုင်ရာပွင့်လင်းသူတစ်ဦးဖြစ်ပါတယ်။ သင်ဟာခေါင်းဆောင်ကောင်းစိတ်ဓာတ်ရှိသူတစ်ဦးလည်းဖြစ်ကာ အခြားသူများကသင့်ကိုလိုအပ်တဲ့အခါမှာလည်း အမြဲအသင့်ရှိနေသူတစ်ဦးပါ။ သင်ဟာ တစ်စုံတစ်ဦးရဲ့ အကူအညီတောင်းခံမှုတွေကို အချိန်ဆွဲမနေဘဲ ချက်ချင်းဆိုသလို ကူညီပေးတတ်သူပါ။ သင့်မှာကောင်းမွန်တဲ့ အလုပ်နဲ့ သာယာတဲ့မိသားစုလေးတစ်ခုရှိနေတတ်ပြီး အထီးကျန်ဆန်နေမယ့်သူတော့ မဟုတ်ပါဘူး။ သင်ဟာသူတစ်ပါးကို မကူညီလိုက်ရဘူးဆိုပါက ပို၍စိတ်ထိခိုက်ခံစားနေတတ်သူပါ။ သင့်ကိုလူတွေက မထီမဲ့မြင်ပြုမှုဆက်ဆက်ခဲ့ရင်တောင် အကောင်းဆုံးတွေးပေးနိုင်ဖို့ကို ကြိုးစားနေတတ်သူလည်းဖြစ်ပါတယ်။

reff;Brightside.

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***