ကိုယ်ပိုင်မှန်လုံအခန်းငယ်အတွင်းစားသောက်နိုင်တဲ့ Social Distancing စားသောက်ဆိုင်

ဒီစားသောက်ဆိုင်ကတော့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က Mediamatic Biotoop မှာ လက်ရာမြောက်စွာတည်ဆောက်ထားပါတယ်။ ဒီဆိုင်ကို အမှန်တကယ် Social distancing လုပ်နိုင်မယ့်နည်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ် ကပ်ဆိုးကြီးအတွင်း ညစာကို ကိုယ်ပိုင်မှန်ခန်းငယ်တွေအတွင်းမှာ ဆိုင်ထိုင်စားသောက်လို့ရနိုင်မယ့် ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။

Credit Photo

ဒီဆိုင်လေးကိုတော့ Social distancing တိုင်းတာချက်များအရ စမ်းသပ်အဆင့်သာရှိသေးပေမယ့် အမ်စတာဒမ်မြို့ Osterdok မှာနေထိုင်သူတွေကတော့ ထိုစားသောက်ဆိုအား ပြည်နယ်အစိုးရတွေက တရားဝင်ဖွင့်ခွင့်ပေးမယ်လို့ မျှော်လင့်နေကြပါတယ်။ နယ်သာလန်နိုင်ငံအနှံ့မှာတော့ မတ်လအလယ်လောက်ကစပြီး Lock down ချခံခဲ့ရတာလည်းဖြစ်ပါတယ်။

Credit Photo

“ဒီအကြံကတော့ ဒီကာလမှာ စားသောက်ဆိုင်တွေဖွင့်ခွင့်ရဖို့ အကြံများစွာထဲကမှ ဖြစ်နိုင်ခြေအရှိဆုံးအကြံတစ်ခုပါ”လို့ တွဲဖက်တည်ထောင်သူ Willem Velthoven ကဆိုပါတယ်။ ဒီစားသောက်ဆိုင်မှာတော့ မှန်လုံးခန်းငါးခန်းပါဝင်ကာ ထိုအခန်းတွေကိုတော့ ပြင်သစ်လို serres séparées လို့ခေါ်ပြီး သီးခြားအခန်းများလို့ အဓိပ္ပါယ်ရပါတယ်။

Credit Photo

အခန်းတစ်ခန်းကို လူနှစ်ယောက်သာစားသောက်နိုင်မှာဖြစ်ပြီး ထိုမှတစ်ဆင့် Dijksgracht တူးမြောင်းရဲ့ အလှအပကိုခံစားနိုင်မှာဖြစ်ပါတယ်။ စားပွဲထိုးတွေဟာလည်း တံခါးရဲ့သတ်မှတ်ထားတဲ့ အကာအဝေးကသာ အစားအသောက်တွေ ချပေးရမှာဖြစ်ပြီး ထိုအခန်းလေးအတွင်းက စားသောက်သူတွေကဝောာ့ အချင်းချင်းစားစရာတွေဝေမျှလို့ရပါတယ်။

Credit Photo

ထိုစားသောက်ခန်းလေးအတွင်းမှာတော့ ကျယ်လောင်စွာစကားပြောတာကို ကန့်သတ်ထားပါတယ်။ဒါကလည်း စားသောက်သူတွေအတွက်ကောင်းမွန်တဲ့ညစာလေးတစ်ခုဖြစ်စေချင်တာပါ။ ထိုဆိုင်လေးဟာ အစားအသောက်ကောင်းကြိုက်သူတွေနဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေကို ကြိုက်နှစ်သက်သူတွေ အတွက်သွားရောက်စားသောက်သင့်တဲ့ ဆိုင်ကောင်းတစ်ဆိုင်လည်းဖြစ်ပါတယ်။

Credit Photo

Video ကြည့်ရန်