လှည့်စားခဲ့တဲ့ချစ်သူကိုလမ်းခွဲဖို့ ကြော်ငြာဆိုင်းဘုတ်ငှားရမ်းပြီး လမ်းခွဲစကားဆိုခဲ့တဲ့ အမျိုးသား

Credit Photo

အသည်းကွဲခြင်းတွေဟာ လွယ်လွယ်ကူကူနဲ့တော့ ပြီးဆုံးမသွားတတ်ပါဘူး။ အချို့ relationships တွေဟာ ဖော်ရွှေမှုရှိစွာနဲ့ အဆုံးသတ်သွားတတ်သလို၊ အချို့ကဝောာ့ နာကြည်းမုန်းတီးစွာနဲ့ ပစ်ခွာသွားတတ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားမှ အမျိုးသားတစ်ဦးကတော့ သူ့ရဲ့အသည်းကွဲမှုတွေကို သူများနဲ့လုံးဝမတူတဲ့ပုံစံနဲ့ဖော်ပြခဲ့ပါတယ်။

Credit Photo

ထိုအမျိုးသားဟာ သူ့ရဲ့ ချစ်သူမိန်းကလေးက သူ့အပေါ်လိမ်လည်လှည့်စားနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်သူဟာ သူမနဲ့ပက်သက်မှုတွေအားလုံးကိုလည်းဖြတ်ပစ်ခဲ့ပြီး သူမဆီကတောင်းပန်စာတွေကိုလည်း ဖြတ်ပစ်ခဲ့သလို သူမကိုလည်းဆိုရှယ်မီဒီယာပေါ်မှာ ဘလော့ပစ်ခဲ့ပြီး ပေါက်ကွဲမှုတွေနဲ့အတူ သူမရဲ့ဘဝထဲကနေထွက်သွားဖို့ ရွေးချယ်ခဲ့ပါတယ်။

Credit Photo

ထိုအသည်းကွဲနေတဲ့ အမျိုးသားဟာ သစ္စာမဲ့တဲ့ချစ်သူရဲ့ လှည့်စားမှုတွေကိုဖော်ပြဖို့အတွက် လူတွေရှုပ်ထွေးလွန်းလှတဲ့ မြို့လယ်မှာ ကြော်ငြာဆိုင်းဘုတ်တစ်ခုကို ငှားရမ်းခဲ့ပါတယ်။ ထိုကြော်ငြာဆိုင်းဘုတ်နားမှာ သူတို့ချစ်သူနှစ်ဦး စကားများရန်ဖြစ်နေကြတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံသွားခဲ့ပါတယ်။

Credit Photo

ထိုကြော်ငြာဆိုင်းဘုတ်ပေါ်မှာ ရေးထားတာကတော့ ” မင်းကငါ့ကိုလည်းလှည့်စားခဲ့တယ်၊ ငါ့ကိုလည်းအသည်းကွဲအောင် လုပ်ခဲ့တယ်၊ ငါမင်းနဲ့ လမ်းခွဲချင်တယ် “ရေးထားပါတယ်။ ထို၁၅စက္ကန့်စာဗီဒီယိုထဲမှာတော့ ထိုမိန်းကလေးနဲ့အမျိုးသားဟာ လူရှုပ်ထွေးလွန်းလှတဲ့ လမ်းမပေါ်မှာဒေါသထွက်ကာ စကားများရန်ဖြစ်နေတာကို တွေ့ရမှာပါ။

Credit Photo

ကြော်ငြာဆိုင်းဘုတ်ဘက်ကို ကင်မရာလှည့်လိုက်တဲ့အခါမှာတော့ ကြော်ငြာဆိုင်းဘုတ်ပေါ်မှာ မိန်းကလေးရဲ့ဓာတ်ပုံနဲ့ စာတန်းကို တွေ့ရမှာဖြစ်ပါတယ်။ ထိုဗီဒီယိုထဲမှာတော့ အပြာရောင်တီရှပ်ဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ထိုစုံတွဲနားကိုကပ်လာကာ ဖြောင်းဖြပေးခဲ့ပါတယ်။ အချို့အင်တာနက်အသုံးပြုသူတွေကတော့ ထိုအမျိုးသားရဲ့လုပ်ရပ်ကို အားပေးခဲ့ကြပြီး၊လှည့်စားတတ်တဲ့ အမျိုးသမီးတွေဟာ ထိုလုပ်ရပ်နဲ့ထိုက်တန်ကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။

Video ကြည့်ရန်

ref; Elite Reader.