
သုံးလခန့်ကြာမြင့်ပြီးနောက်မှာတော့ ဗီယက်နမ်နိုင်ငံမှာ နိုင်ငံတွင်းပိတ်ဆို့ထားတဲ့ ကန့်သတ်ချက်တွေကို လျော့ချလိုက်ပြီး နိုင်ငံသားတွေအများစုဟာလည်း ပုံမှန်အတိုင်း ဘဝကိုပြန်လည်ဖြတ်သန်းနေကြပြီဖြစ်ပါတယ်။ ကျောင်းအများစုဟာလည်း ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားတွေကို ကြိုဆိုလျက်ရှိနေပါတယ်။

CNN သတင်းဌာနရဲ့ ဖော်ပြချက်များအရ နိုင်ငံရဲ့ အဓိကကျောင်းသား ၂၂သန်းခန့်ဟာ ကိုရိုနာဗိုင်းရပ် ကြောင့် ချမှတ်ထားတဲ့ တားမြစ်ချက်တွေကိုဖြေလျော့ခဲ့ပြီးနောက် သူတို့ရဲ့ စာသင်ခန်းတွေဆီကိုပြန်လည်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။

ထိုသတင်းရဲ့ဖော်ပြချက်များအရ အဓိကကျောင်း တွေဟာ စားပွဲခုံတွေကို ကျောင်းသားတစ်ဦးလျှင် ခုံသေးတစ်ခုံစီဖြင့် သေချာခွဲခြားကာ စီစဉ်ပေးထားပါတယ်။ထိုကျောင်းများမှလွဲ၍ ကျန်ရှိတဲ့ ကျောင်းအများစုကတော့ ဆရာဆရာမများနဲ့ စာသင်ခန်း အခက်အခဲများကြောင့် ညွန်ကြားထားတဲ့ အတိုင်း ၁မီကာခွဲခြားကာသင်ကြားနိုင်ဖို့ အခက်ကြုံနေရကြောင်းသိရပါတယ်။

အချို့ဖြစ်ရပ်တွေမှာတော့ ကျောင်းအချို့မှာ စာသင်တဲ့ အချိန်ဇယားကိုသေချာသတ်မှတ်ထားနိုင်ပြီဖြစ်သော်လည်း အခြားကျောင်း တွေကတော့ အရေးပါတဲ့ အချက်အလက်အချို့ ကို အွန်လိုင်းနဲ့ ရုပ်မြင်သံကြားကနေတစ်ဆင့်ဘဲ သင်ကြားနိုင်အုံးမှာပါ။ Nhi Dong မူလတန်းကျောင်းမှာတော့ ကျောင်းသားကျောင်းသူတွေဟာ Face Shield တွေကိုဝတ်ဆင်ကာ ကျောင်းသို့တက်ရောက်နေတာကို တွေ့ရပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ် တိုက်ပွဲကို ပါဝင်ဆင်နွဲခဲ့ရတဲ့ အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မေလ ၆ ရက်နေ့ စာရင်းများအရ ကိုဗစ် ၁၉ ရောဂါဖြစ်ပွား သူ ၂၇၁ ယောက် မှာ ပြန်လည်သက်သာလာသူပေါင်း ၂၃၂ယောက်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူလုံးဝမရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

ref; Elite Reader