ဂျာမနီနိုင်ငံတွင် Autodisco ပွဲကို ကားထဲကနေ ဆင်နွှဲခဲ့ကြတဲ့ပရိသတ်များ

ပြီးခဲ့တဲ့ မေလ၁ရက်နေ့တွင် ဂျာမနီနိုင်ငံက နိုက်ကလပ်တစ်ခုဟာ ကားထဲကနေ ပျော်ပပါးနိုင်မယ့် Drive-In ကလပ်ရှိုးပွဲလေးတစ်ခုကိုကျင်းပခဲ့ပြီး လူ ၅၀၀ခန့်ပါဝင်ဆင်နွဲခဲ့တယ်လို့သိရပါတယ်။ ဒီပွဲလေးကိုတော့ ကလပ်၏ကားပါကင်ဝင်းထဲတွင်ပြုလုပ်ခဲ့ပြီး ထိုနေရာကတော့ ဂျာမနီနဲ့ နယ်သာလန်နယ်စပ် အနီးက Schüttorf, မြို့မှာတည်ရှိကာ ကားအစီးရေ ၂၅၀ခန့်တက်ရောက်ခဲ့ပြီး တစ်စီးမှာ အနည်းဆုံးလူနှစ်ဦးခန့်ပါဝင်ပါတယ်။

Credit Photo

ဒီပွဲကိုတော့ နယ်သာလန် DJ သမား Devin Wild ကဦးဆောင်ခဲ့ကာ ထိုပွဲရဲ့ ဖျော်ဖြေမှုတွေကိုလည်း သူ့ရဲ့အကောင့်မှတဆင့် ဆိုရှယ်မီဒီယာပေါ်သို့တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း မိသားစုနဲ့ သူငယ်ချင်းတွေပါဝင်ဆင်နွဲနိုင်မယ့် Autodiscos ပွဲတော်တွေများစွာကိုလည်းစီစဉ်ထားကြောင်းသိရပါတယ်။

Credit Photo

ဒီလိုမျိုး Drive in ပွဲတော်တွေကျင်းပတာကတော့ ဒီနေရာတစ်ခုထဲမဟုတ်ပါဘူး၊ကိုရိုနာဗိုင်းရပ် ကန်သတ်မှုတွေကိုရှောင်ရှားနိုင်ဖို့ ကမ္ဘာတစ်ဝှမ်းမှာလည်း ဒီနည်းလမ်းကိုလုပ်ဆောင်နေကျတာပါ။ ဒီအပတ်ရဲ့ အစောပိုင်းတုန်းကလည်း ဒိန်းမတ်နိုင်ငံရှိ Aarhus မြို့လေးမှာ ဂီတပညာရှင် Mads Langer ရဲ့ ဖျော်ဖြေပွဲ ကို လူ ၅၀၀လောက် ကားထဲကနေ တက်ရောက်အားပေးခဲ့ကြပါသေးတယ်။

Credit Photo

ဒီပွဲကို ဖျော်ဖြေသူက Zoom application ကိုအသုံးပြုကာ ကားထဲကပရိသတ်တွေနဲ့ ချိတ်ဆက်ထားပြီး အသံပိုင်းကိုတော့ FM radio နဲ့ ထုတ်လွှင့်ပေးပြီး ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ ထိုနေရာမှာ Star War: The Rise Of Skywalker ရုပ်ရှင်ကားကိုလည်း Drive in စနစ်နဲ့ပြသဖို့ စီစဉ်ထားပါသေးတယ်။

Credit Photo

စပိန်နိုင်ငံကလည်း Live Music ပွဲတော်များကို Lockdown ချခံရစဉ်အတွင်းမှာ Drive in စနစ်နဲ့ စီစဉ်သွားဖို့ကိုလည်း မကြာသေးမီကကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ် လျင်မြန်စွာပျံနှံလာခဲ့မှုကြောင့် ယခုနှစ်ရဲ့ ဂီတပွဲတော် အများစုဟာရုတ်သိမ်းခံခဲ့ရပြီး ယခုကဲ့သို့ Drive in ဖျော်ဖြေရေးစနစ်တွေကြောင့် ဖျက်သိမ်းခံရတဲ့ ပွဲတော်တွေဟာလည်း တဖြည်းဖြည်းနဲ့ ပြန်လည်အသက်ဝင်လာတော့မှာဖြစ်ပါတယ်။။

Credit Photo

Video ကြည့်ရန်

reff; ladbible