ဝေဖန်မှုများစွာရှိနေတဲ့ TikTok ပေါ်က ဘောင်းဘီထဲ သေးပေါက်ချတဲ့ Challenge

Tik Tok အသုံးပြုများဟာ ‘Pee Your Pants Challenge,’ လို့ခေါ်တဲ့ စက်ဆုပ်ဖွယ်ကောင်းလှတဲ့ ဘောင်းဘီအတွင်းသေးပေါက်ချတဲ့ Challenge တစ်ခုကိုပြုလုပ်နေကြပါတယ်။ အစပိုင်းမှာတော့ ဒီ Challenge ဟာ ဟာသတစ်ခုအနေနဲ့သာစတင်ခဲ့ပေမယ့် Tik Tok အသုံးပြုသူတွေကြားမှာ အလျင်အမြန်ပျံ့နှံ့သွားကာ Challenge တစ်ခုအသွင်ကို ပြောင်းသွားခဲ့ပါတယ်။

Credit Photo

ဒီစက်ဆုပ်ဖွယ်ကောင်းလှတဲ့ ဗီဒီယိုမှာတော့ အသုံးပြုသူများ(များသောအားဖြင့် ယောက်ျားလေးများ)ဟာ တစ်ကိုယ်လုံးလုံလုံခြုံခြုံဝတ််ဆင်ထားပြီး ရေချိုးခန်းရဲ့ မှန်အရှေ့မှာရပ်ကာ ဘောင်းဘီထဲကို သေးပေါက်ချတဲ့ ဗီဒီယိုကို ဂုဏ်ယူစွာရိုက်ကူးနေတာကိုတွေ့ရမှာပါ။

Credit Photo

ဒီ Challenge ကတော့ Kansas မြို့မှ အသက်၁၉နှစ်အရွယ် Liam Weyer မှစတင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဘောင်းဘီအတွင်းသို့ သေးပေါက်ချနေတဲ့ ဗီဒီယိုကိုရိုက်ကူးကာ ဧပြီလ ၂၁ရက် နေ့က ပိုစ့်တင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ ဗီဒီယိုထဲမှာတော့ သူဟာ T-shirt နဲ့ ဘောင်းဘီအတိုကို ဝတ်ဆင်ထားပြီး မှန်အရှေ့ရပ်ကာ ဘောင်းပြီးထဲသို့ သေးပေါက်ချပြီး ‘Pee Your Pants Challenge,’ လို့ပြောဆိုထားတာကို တွေ့ရပါတယ်။

Credit Photo

သူရဲ့ဗီဒီယိုထဲမှာတော့ ဆီးများကြမ်းပြင်ပေါ် ကျလာတဲ့အသံကို ကြားနိုင်ပြီး ဘောင်းဘီပေါ်မှာလည်း သေးစိုလာတာကိုတွေ့ရမှာပါ။ မူလဗီဒီယိုကိုတော့Tik Tok ကဖျက်ချခဲ့ပြီး Liam နောက်တစ်ခါထပ်တင်တဲ့ အချိန်မှာတောင်ကြည့်ရှုသူသိန်းပေါင်းများစွာရှိခဲ့ပါတယ်။ ထိုဗီဒီယိုကို လူအများက စိတ်ပျက်ခဲ့ရပြီး အချို့လူများကတော့ ဒီလိုမျိုး Challenge တွေပေါ်ပေါက်လာတာဟာ ကိုရိုနာဗိုင်းရပ်ကပ်ဆိုးကြောင့်လို့လည်း အပြစ်တင်နေကြပါတယ်။

Credit Photo

ကြည့်ရှုသူတစ်ဦးကတော့ “ဒီဗီဒီယိုကို ကြည့်သာကြည့်ရတာ အခုထိမယုံကြည်နိုင်သေးဘူး”လို့မှတ်ချက်ပေးခဲ့ပြီး အခြားတစ်ဦးကတော့ “လူတွေ အလုပ်ခွင်ထဲမြန်မြန်ပြန်ဝင်ဖို့လိုနေပြီ၊အကုန်လုံးရူးကုန်ကြပြီ”လို့ဆိုထားပါတယ်။ Liam ကတော့ ထိုဗီဒီယိုကို Tik Tok အသုံးပြုသူတွေလိုက်လုပ်ကြဖို့ မရည်ရွယ်ခဲ့ပေမယ့် အချို့လူများကတော့ လိုက်ပြီး ပြုလုပ်နေကြပါပြီ။

Credit Photo

သူရဲ့ ဗီဒီယိုကိုစတင်တဲ့အချိန်ကနေယခုထိ ကြည့်ရှုသူတွေဟာ ၃.၃သန်းကျော် ထိရှိသွားခဲ့ပါပြီ။ ဒီChallenge ကိုလိုက်လုပ်ကြသူတွေဟာလည်း Liam ကဲ့သို့ ဘဲ ‘Pee Your Pants Challenge,’ လို့ ပြောဆိုထားတာကို ဗီဒီယိုတွေထဲမှာတွေ့နိုင်ပါတယ်။

Video ကြည့်ရန်

Ref:unilad.co.uk

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***