ရွက်လှေတစ်စီးနဲ့ ကမ္ဘာပတ်ရွက်လွှင့်နေခဲ့တဲ့စုံတွဲဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာရောဂါပျံ့နှံ့နေတာကို မသိခဲ့

စုံတွဲတစ်တွဲဟာ ၂၀၁၇ ခုနှစ်မှာ အလုပ်မှထွက်ခဲ့ကြပြီး ရွက်လှေတစ်စင်းဝယ်ကာ ကမ္ဘာတစ်ဝှမ်းရွက်လွှင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Elena Manighetti နဲ့Ryan Osborne တို့ စုံတွဲနှစ်ဦးဟာ မိုင်ပေါင်း ၃၀၀၀ ကျော်ကွားဝေးတဲ့ St Vincent ကျွန်းသို့သွားရန် ယခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ Canary ကျွန်းကနေစတင်ထွက်ခွာလာခဲ့ကြပါတယ်။ သူတို့ဟာ ကာရေဘီယံဆိပ်ကမ်းတစ်ခုမှာ မဆိုက်ကပ်ခင်အချိန်ထိ ကမ္ဘာမှာ ကိုရိုနာရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအသွင်ပြောင်းနေတာကို လုံးဝမသိရှိခဲ့ကြပါဘူး။သူတို့စုံတွဲဟာ ဘယ်သတင်းဆိုးတွေကိုမှ ခရီးစဉ်အတွင်း မကြားလိုတာကြောင့် မိသားစုနဲ့လည်း မဆက်သွယ်ခဲ့ကြပါဘူး။

သို့ပေမယ့် ထိုစုံတွဲဟာ ကာရေဘီယံ ကျွန်းစုတွေဆီ ရောက်တဲ့အခါမှာတော့ ကျွန်းအများစုမှာ ကိုရိုဗိုင်းရပ်ကူးစက်မှုဟာ ထိန်းချုပ်ဖို့အတွက် သူတို့ရဲ့နယ်နမိတ်တွေကို ပိတ်ထားခဲ့ပါတယ်။ ထိုစုံတွဲရဲ့ ပြောပြချက်မှာတော့ “ကျွန်တော်တို့အနေနဲ့ Canary ကျွန်းကနေစတင်ထွက်ခွာလာတဲ့ မချိန်မှာ တရုတ်နိုင်ငံမှာ ရောဂါပိုးရှိနေတာကို သတိပြုမိသော်လည်း တခြားကမ္ဘာတစ်ဖက်မှာရှိနေတဲ့ ကျွန်တော်တို့ ခရီးစဉ်ကို ယခုလိုမျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။

သူတို့ဟာ ပင်လယ်ထဲမှာ ၂၅ရက်ကြာရွက်လွှင့်နေခဲ့ကာ ထိုအတောအတွင်းမှာတော့ ပင်လယ်ထဲမှာ ဖုန်းလိုင်းတွေမမိတာကြောင့် ကမ္ဘာပေါ်က ဘာသတင်းမှလည်းမသိခဲ့ရသလို ယခုချိန်မှာ ဆိပ်ကမ်တိုင်း Lock down တွေပြုလုပ်ထားတာမို့ ဘယ်ဆိပ်ကမ်းကိုမှလည်း ဆိုက်ကပ်ခွင့်မရပါဘူး။ ကိုဗစ်ရောဂါပျံနှံနေတာကိုတော့ သူတို့ရဲ့ ရှေ့ကနေဖြတ်သွားတဲ့ ရွက်လှေတစ်စင်းက သတိပေးပြောပြသွားတာကြောင့် သိခဲ့ရတာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့ ကမ်းခြေကိုဆက်သွယ်တဲ့  အခါမှာတော့ သတင်းဆိုးတွေမကြားပါရစေနဲ့လို့ ဆုတောင်းခဲ့ပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး” ဆက်လက်ပြီး Mr Osborne က “ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ ပြင်သစ်ပိုင် ကာရေဘီယံ ကျွန်းတစ်ကျွန်းကို ဆိုက်ကပ်ဖို့ စဉ်းစားထားခဲ့ပေမယ့် ရောက်လာတဲ့အခါမှာတော့ ကျွန်းတွေအားလုံးက ပိတ်လိုက်ပါပြီ၊ဒါကတော့ ရောဂါဆိုးဆိုးဝါးဝါးပျံနှံနေမှုကို ထိန်းချုပ်တဲ့ နည်းလမ်းကောင်းတစ်ခုပါ၊ဒေသခံတွေကလည်း နိုင်ငံခြားခရီးသွားတွေကနေ ရောဂါကူးစက်မှာ မလိုလားကြဘူးလို့ထင်ပါတယ်”ဟု ပြောထားပါတယ်။ Ms Manighettiကတော့ အီတလီ နိုင်ငံသူတစ်ဦးဖြစ်ပြီး သူရဲ့ မွေးရပ်မြေ Lombardy မှာ ကိုဗစ်ရောဂါ ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတာကြောင့် ဒီကျွန်းတွေကို ဝင်ခွင့်မရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လို့ သူတို့ရဲ့ GPS ခြေရာခံ စက်ကဖော်ပြတဲ့ အချက်တွေကြောင့် သူတို့ဟာ ပင်လယ်ထဲမှာ ၂၅ရက်တိတိ ရှိနေခဲ့တာကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။ Ms Manighetti ရဲ့ ဇာတိမြို့ဖြစ်တဲ့ Lombardy၊အီတလီ မှာ အခြေနေဆိုးနေတာကြောင့် အိမ်ကိုဆက်သွယ်ခဲ့ရာမှာတော့ သူမနဲ့ နှစ်ပေါင်းများစွာသိကျွမ်းခဲ့တဲ့မိတ်ဆွေအချို့ကတော့ ကူးစက်ခဲထားရပြီ မိသားစုကတော့ ကူးစက်ခံရခြင်းမရှိပေမယ့် ၆ပတ် lockdown ပြုလုပ်ခံထားရပါတယ်။ ယခုချိန်မှာ Bequia, Saint Vincent ၌ရောက်ရှိနေတဲ့ ထိုစုံတွဲဟာ ဘယ်နေရာကိုမှ ဝင်ခွင့်မရတာကြောင့် သူတို့ရဲ့ ခရီးစဉ်ကိုဆက်လက်သွားလာလို့မရတော့ပါဘူး။ သူတို့ဟာ ဇွန်လမိုးဦးကျမှာ ဟာရီကိန်းမုန်းတိုင်းတွေကျရောက်မလာခင် ကျွန်းအတွင်းသို့ အခြေချဖို့ လိုအပ်နေပါတယ်။ ယခုချိန်မှာတော့ ထိုစုံတွဲဟာ ဗိုင်းရပ်နဲ့ ဟာရီကိန်းကြားမှာ ဗြာများနေခဲ့ရပါပြီ။