“The World of the Married” ၏ကျန်ရှိသော အပိုင်းများကို 19+ အဆင့်အ​ဖြစ်သတ်မှတ်

JTBC ၏ ဒရမ်မာ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “The World of the Married” ၏ကျန်ရှိသော အပိုင်းများဟာ 19+ အဆင့်သတ်မှတ်မည်ဟုကြေဌာခဲ့ပါတယ်။ထိုဇာတ်လမ်းတွဲကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ချစ်ခြင်းမုန်းခြင်းတွေကြောင့် ပြိုကွဲသွားရတဲ့ အိမ်ထောင်တစ်ခုရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။ ထိုဇာတ်လမ်းမှာ သရုပ်ဆောင် Kim Hee Ae ကတော့ Ji Sun Woo အဖြစ် မိသားစုဆရာဝန်နေရာမှာ သရုပ်​ဆောင်ထားပါတယ်။

Credit Photo

ဇာတ်လမ်းအစပိုင်းမှာတော့ သူမက မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေခဲ့တာပါ။ ဒါပေမယ့် ခင်ပွန်းကို သံသယစိတ်ဝင်လာပြီးနောက်မှာတော့ သူမရဲ့ ဘဝဟာပြောင်းလဲမှုတွေစတင်လာပါတော့တယ်။ ထိုဇာတ်လမ်းမှတော့ အိမ်ထောင်ရေး အရှုပ်တော်ပုံတွေကိုမြင်တွေ့ရမှာပါ။ ဧပြီလ ၂၃ရက်နေ့မှာတာ့ ထုတ်လုပ်ရေးကုမ္ဗဏီမှ “ ဧပြီလ ၂၄ရက်နေ့တွင် ထုတ်လွှင့်မယ့် အပိုင်း ၉မှ စတင်ကာ ကျန်ရှိသော အပိုင်းများအား 19+ အဆင့်သတ်မှတ်မည်ဟုကြေဌာခဲ့ပါတယ်။

Credit Photo

သူတိုက “ဇာတ်ကောင်တွေရဲ့ အချစ်အမုန်းသာယာမှုနဲ့ ပဋိပက္ခတွေကို လက်တွေ့ကျကျပုံဖော်ပြသနိုင်ရန် အတွက် ကျန်ရှိသော ဒုတိယပိုင်းဇာတ်လမ်းတွဲများကို 19+ သတ်မှတ်ခဲ့တာဖြစ်ကြောင်း”ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကုမ္ဗဏီမှ “ထို ထုတ်လွှင့်မှုနဲ့ ပက်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်သံတွေကိုလည်း ကျွန်တော်တို့ဘက်က ဂရုတစိုက်နဲ့ နားထောင်သွားမှာပါ။ “The World of the Married” ကို​ကြည့်ရှုအားပေးကြတဲ့ ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Credit Photo

ဧပြီလ ၂၄ရက်နေ့ နေ့လည် ၂နာရီမှာတော့ JTBC ရဲ့ တရားဝင် Youtube Channel မှာ online ဆွေးနွေးပွဲတစ်ခုပြုလုပ်ကြမှာဖြစ်ပြီး သရုပ်ဆောင်တွေလည်းထိုပွဲကို တက်ရောက်ကြမယ်လို့သိရပါတယ်။ “The World of the Married” ရဲ့ အပိုင်း ၉ ကိုတော့ ဧပြီလ ၂၄ရက်နေ့ ကိုးရီးယားစံတော်ချိန် ည ၁၀နာရီ ၅၀ မိနစ်မှာ ထုတ်လွှင့်ပြသပေးမှာလည်းဖြစ်ပါတယ်။