
ကမ္ဘာကြီးမှာ လူသားဆန်မှုအလှတရားလေးတွေ ရှိနေသေးကြောင်း ဖော်ပြနေတဲ့ဓာတ်ပုံများ
အခုတစ်ခေါက်ဆောင်းပါးလေးမှာတော့ တိုးတက်လာတဲ့ကမ္ဘာကြီးမှာ ကိုယ်ချင်းစာတရားကြောင့်ထွက်ပေါ်လာတဲ့ လူသားဆန်မှု သဘာ၀အလှတရားလေးတွေလည်း ရှိနေသေးကြောင်းကို ဖော်ပြပေးနေတဲ့ ဓာတ်ပုံလေးတွေကို စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
၁။ ဓာတ်ပုံလေးကိုတွေ့ပြီး တအံ့တဩငေးကြည့်မိနေတဲ့ ကလေးငယ်

၂။ မိခင်ခေါင်းနာမှာစိုးလို့ လက်ကလေးခံပေးထားတဲ့ သားလေးရဲ့မေတ္တာ

၃။ စာပထမဆုံးရေးတတ်လို့ ပျော်နေတဲ့ ဦးလေး

၄။ အဘွားကို bisexual ဖြစ်ကြောင်းဝန်ခံပြီးနောက်ပိုင်း ထိုးပေးတဲ့ ဆွယ်တာလေး

၅။ စာအုပ်တွေမရှိ အင်တာနက်မရနိုင်တဲ့နေရာထိသွားပြီး ကိုဗစ်ကာလမှာ စာသင်ပေးခဲ့သော ဆရာမ

၆။ အမှိုက်ပုံးထဲက အစားအစာလာရှာသူတွေကို ဗိုက်ဆာရင်အလကားလာစားနိုင်ကြောင်း ဆိုင်းဘုတ်ထောင်ပေးထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်

၇။ အမေများနေ့မှာ မိန်းကလေးလိုဝတ်ဆင်ပြီး ကျောင်းပွဲတက်ပေးခဲ့တဲ့ single father

၈။ ဒီနေ့က နောက်ဆုံးနေ့ ကင်ဆာဆေးသွင်းတဲ့နေ့ဖြစ်ကြောင်း ပြောပြခဲ့သူ ကင်ဆာဝေဒနာသည်

၉။ ဆရာဝန်တွေက လက်လွှတ်နိုင်ဖို့ စိတ်ကိုအဆင်သင့်ပြင်ထားပါဟုပြောပြီးနောက် ဦးနှောက် ခွဲစိတ်မှု ၅ကြိမ်အပြီး ၃ နှစ်အရွယ်မှာ ဒစ်စနေးကို အလည်ပတ်ထွက်လာသောကလေးလေး

၁၀။ မြောက်ပိုင်းအီဂျစ်ပြည်မှာ နှစ် ၅၀ ကျော် ဆင်းရဲသားလူထုကို အခမဲ့ကုသပေးခဲ့သည့် Dr Mohamed Mashali. သူဟာ “Doctor Of The Poor” ဆုကိုရရှိခဲ့တဲ့အထိ အခကြေးငွေမယူပဲနှစ် ၅၀ ကြာကုသပေးခဲ့တာပါ။

၁၁။ မပျံသန်းနိုင်တဲ့ ငှက်ကလေးကို လေးရက်ကြာစောင့်ရှောက်ပေးနေသည့် ခွေးကလေး

၁၂။ ပြေးရင်းကားသော့ပျောက်သွားလို့ သွားပြန်ရှာလိုက်တဲ့အခါ တွေ့လိုက်ရတဲ့ပုံလေး

၁၃။ ပထမတန်း မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး ၂၀၂၀ ခုနှစ်

၁၄။ autism ဆိုပေမဲ့ အကင်ကောင်းကောင်းကင်နိုင်သူ သားလေး

၁၅။ အသက်ရှင်ဖို့ 2% ပဲရှိတယ်လို့ ပြောခံရတဲ့သားနဲ့ သူ့သူငယ်ချင်း ၂ ယောက်လုံး ဒီည ဘွဲ့ရသွားပြီ

၁၆။ အမေက စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ

၁၇။ ၁၇ နှစ်ပြည့်တဲ့ autism ညီလေး ရေးပေးထားတဲ့စာ

၁၈။ ဘောလုံးပွဲလက်မှတ်အပိုကို အိမ်ရာမဲ့တစ်ဦးအားပေးပြီး ဘောပွဲအတူတူကြည့်ခဲ့သော အဖေ

၁၉။ သူငယ်ချင်းဖြစ်သူနဲ့ ၁၀၁ နှစ်ပြည့် မွေးနေ့ပွဲကျင်းပနေသော အဘိုး

၂၀။ မွေးရာပါ နှလုံးရောဂါကြောင့် အသက်ရှင်ဖို့ ၁၀ % ပဲရှိတယ်လို့ ပြောပေမဲ့ ဒီနေ့တော့ ၆လပြည့်ပြီလေ

၂၁။ သူ့ရဲ့မိသားစုထဲဝင်များထဲတွင် ပထမဆုံးနှင့်တစ်ယောက်ထဲသော မာစတာတန်းနဲ့ ဘွဲ့ရသွားတဲ့သားဖြစ်ကြောင့် မျက်ရည်မတိတ်နိုင်အောင် ဝမ်းသာပီတိဖြစ်နေတဲ့ အဖေ

၂၂။ ကျနော့်အတွက် အဖေနှင့်အမှတ်တရလေး

Leave a Reply