
ထူးထူးဆန်းဆန်းအမွှေးပုံစံရှိသော ချစ်စရာကြောင်လေးများ
အခုတစ်ခေါက်မှာတော့ ကြောင်ချစ်သူ ပရိသတ်ကြီးတို့အတွက် ထူးခြားလှပသော ချစ်စရာကြောင်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
တချို့ကြောင်လေးတွေဟာ ထူးခြားတဲ့ အမှတ်အသား ပုံစံလေးတွေနဲ့ မွေးဖွားလာပါတယ်။ဒါကြောင့် သင့်အနေနဲ့ ဒီပုံလေးတွေကို ကြည့်ပြီးရင် ပုံထဲကလို ထူးခြားတဲ့ အမှတ်အသားလေးနဲ့ ကြောင်လေးတစ်ကောင်လောက် လိုက်ရှာမိနေမှာ သေချာပါတယ်။
တကယ်တော့ ကြောင်လေးတွေမှာ ထူးခြားတဲ့ အမှတ်အသားရှိခြင်း မရှိခြင်းကို သူ့အမွှေးလေးတွေမှာ ရောင်ခြယ်ပစ္စည်း ပါခြင်း မပါခြင်းက ဆုံးဖြတ်ပေးတာပါတဲ့။ဒါ့အပြင် သူတို့မိဘတွေဆီက မျိုးရိုးဗီဇအမွေဆက်ခံရရှိမှုပေါ်လည်း မူတည်နေပါသေးတယ်။အထူးခြားဆုံး အမွှေးပုံစံရှိတဲ့ ကြောင်လေးတွေရဲ့ ပုံ ၂၀ ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
၁။ မျက်ခုံးမွှေးပုံစံ အမွှေးရှိနေတဲ့ ဆမ် လို့ခေါ်သော ကြောင်လေး

၂။ ဟယ်လ်မီတန် ခေါ် ဟစ်ပ်စတား ကြောင်လေး

၃။မြေခွေးပုံစံအမြှီးနဲ့ ကြောင်ပေါက်လေး

၄။ ကိုယ်လုံးမှာ အသည်းပုံအမွှေးပုံစံပါသည့် ကြောင်လေး

၅။ အမှတ်အသားပုံစံပါသည့် ကြောင်

၆။ ရှေးခတ်က လူကြီးလူကောင်းတွေလို နှုတ်ခမ်းမွှေးပုံစံနှင့် ကြောင်

၇။ ထူးခြားပြီး မြင်းခြေထောက်ပုံစံပါသည့် ကြောင်လေးရဲ့ အမွှေး

၈။ မျက်နှာဖုံးစွပ်နဲ့ မြောင်

၉။ ကြောင်တစ်ကောင် အမွှေးထဲပုန်းနေသည့် ပုံစံနှင့် မြောင်

၁၀။ နှာခေါင်းထိပ်က အသည်းပုံလေးက ချစ်တယ်တဲ့

၁၁။ ကြောင်လိုဂို တပ်ထားသည့် မြောင်

၁၂။ ကျောပေါ်မှာ မျောက်တစ်ကောင် တင်ထားတာလား

၁၃။ မျက်နှာနှစ်ဖက်နှင့်မြောင် ဗီးနပ်စ်

၁၄။ မြောင်ဆိုးဂိုဏ်းစတား

၁၅။ မျက်နှာပေါ် ပန်းပွင့်နေပါလား

၁၆။ မြောင်ဇီးကွက်

၁၇။ ဟူးမန်းရေ ချစ်တယ်နော်

၁၈။ ထိပ်မဲလေးနဲ့ မြောင်လေး

၁၉။ တစ်ဖက်မဲ တစ်ဖက်ဝါနဲ့ ကြောင်လေး

၂၀။အမည်းရောင် မျက်နှာဖုံးတပ်ထားတဲ့ ရပ်စ်ဘယ်ရီ ဘုရင်မလေး
