အရပ်ပုသူများအတွက် အထက်စီးကနေ ကြည့်လို့ရနိုင်မယ့် မျက်မှန်

လူအများစုဟာ သူတို့ရဲ့အရပ်အမြင့်ကို ပျှမ်းမျှအရပ်အမြင့်ထက် ပုနေပါက မနှစ်သက်ကြပေမယ့် ကျွန်တော်အတွက်တော့ အဆင်ပြေနေပါသေးတယ်။ ကျွန်တော့်အတွက် လုံလောက်တဲ့အရပ်မြင့် ရှိရုံနဲ့ပဲ ကစားကွင်းတွေသွားရတာ၊ ကားမောင်းရတာ၊ အဝတ်အစားတွေ လွယ်ကူစွာဝတ်လို့ရတာတွေတင်မကဘဲ တခြားအဆင်ပြေတဲ့အရာတွေလည်း အများကြီးရှိနေပါသေးတယ်။

Credit Photo

ဒါပေမယ့် အရပ်ပုခြင်းရဲ့ မကောင်းတဲ့အချက်ကတော့ သင့်အနေနဲ့ အရပ်မြင့်သူတွေနဲ့ တူညီတဲ့အရာတစ်ခု အတူတူကြည့်ရမယ်ဆိုရင် အခြားသူတွေက မြင်ရပေမယ့် ကိုယ်ကမမြင်ရတာပါပဲ။ ဥပမာအနေနဲ့ အရပ်ပုသူတွေဟာ ရှိုးပွဲတစ်ခုခုရောက်နေတဲ့ အခါမျိုးမှာ အရှေ့ကိုမြင်ရဖို့ အတော်လေးခက်ခဲမှာဖြစ်ပြီး ထိုနေရာမှာအထီးကျန်စွာ ရပ်နေရမှာဖြစ်သလို သူများရဲ့ ပခုံးနဲ့ ခါးကြားတွေထဲကနေ လိုက်ချောင်းကြည့်နေရမှာပါ။

Credit Photo

ထိုအချိန်တွေမှာတော့ အရပ်ပုသူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး အရပ်ရှည်လာအောင် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ချင်စိတ်ပေါက်လာမှာဖြစ်သလို အရပ်ရှည်တဲ့ သူငယ်ချင်းရဲ့ ပုခုံးကြားကနေကြည့်နေရတာကလည်း အားငယ်စရာပါ။ ဒါပေမယ့် ဒါတွေကို အားငယ်စရာမလိုတော့ပါဘူး Dominic Wilco လို့ခေါ်တဲ့ သူကတော့ အရပ်ပုသူတွေအတွက် အမြင့်ကနေ ကြည့်လို့ရနိုင်မယ့် မျက်မှန်တစ်ခုကိုတီထွင်ထားပါတယ်။

Credit Photo

ထိုမျက်မှန်ဟာ ရေငုပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ မှန်ပြောင်းနဲ့ အလုပ်လုပ်ပုံချင်းဆင်တူပြီး ပုံမှန်မြင်ကွင်းထက် ၁၂လက်မခန့် ထပ်တိုးကာ ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။ တီထွင်သူ Dominic Wilco ဟာ အရပ်ရှည်သူတစ်ဦးဖြစ်သော်လည်း အရပ်ပုသူတွေကို စာနာသောကြောင့် ယခုလိုတီထွင်ပေးခဲ့တာပါ။

Credit Photo

ပြီးတော့ သူက ထိုမျက်မှန်ကိုသုံးကာ မကောင်းတာတွေမလုပ်ဖို့လည်း ပြောထားပါသေးတယ်။ အများသုံး ရေချိုးခန်းတွေ အဝတ်လဲခန်းတွေနဲ့ အိမ်သာတွေမှာ ဒါကိုသုံးပြီး ချောင်းကြည့်တာတွေမလုပ်ကြဖို့ဖြစ်ပါတယ်။ ထိုမျက်မှန်ကိုတော့ One Foot Taller Glasses လို့ခေါ်ကာ D&AD နည်းပညာပြပွဲမှာလည်းပြသခဲ့ပါတယ်။

Credit Photo

ထိုမျက်မှန် လေးရဲ့ ရည်ရွယ်ချက်ကတော့ လူမှုဘဝရဲ့ အချို့သော အခက်အခဲများကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

Ref: vt.co

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***