
အိမ်မှာတစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ Tik Tok ကစားနေသူတစ်ယောက်ရဲ့ ဗီဒီယိုထဲတွင် အနောက်ဘက် လှေကားထိပ်မှာ တစ်စုံတစ်ခု ရုတ်တရက်ပေါ်လာတာကို Tik Tok အသုံးပြုသူတွေက သတိထားမိခဲ့ပါတယ်။ ဗီဒီယိုမှာ ပါလာတဲ့ ထိုပုံရိပ်တစ်ခုကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လူအများဟာ မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် နိုင်ငံအတော်များများရှိ လူများဟာ အိမ်တွင်သာနေထိုင်နေရပြီး ပျင်းရိတာတွေကို ပြေပျောက်စေဖို့ Tik Tok ဗီဒီယိုတွေဖန်တီးပြီး ပျော်စရာတွေရှာဖွေနေကြတာပါ။

ထိုထဲကမှ Tik Tok အသုံးပြုသူ @reubix_cube က Doja Cat ၏ Say So ဆိုတဲ့သီချင်းနဲ့ ကနေတဲ့ ဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။ ထိုဗီဒီယိုထဲက အနောက်လှေကားမှာတော့ ထူးခြားတာတစ်ခု ပါလာခဲ့ပါတယ်။ သူရဲ့ Tik Tok ဗီဒီယိုထဲက ခေါင်းစဉ်ကိုတော့ “ငါ့တစ်ယောက်ထဲအိမ်မှာရှိတဲ့ အတွက် အကြိုက်ဆုံး Doja ရဲ့ သီချင်းလေးနဲ့ ကနေတယ်”လို့ ရေးထားပါတယ်။ ထိုဗီဒီယိုကြောင့် reubix_cube ဟာ အိမ်မှာတစ်ယောက်တည်းရှိတာ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

သူရဲ့စက္ကန့်အနည်းငယ်သာကြာသော ထိုဗီဒီယိုထဲမှာတော့ အနောက်ဘက်လှေကားထိပ်ကနေ တစ်စုံတစ်ခုက သူ က နေတာကို ချောင်းကြည့်နေတဲ့ပုံကို မျက်စိလျင်တဲ့ Tik Tok အသုံးပြုသူတစ်ယောက်က သတိထားမိခဲ့ပါတယ်။ ကြည့်ရှုသူတစ်ဦးကတော့ “ ဒီဗီဒီယိုကြည့်လိုက်တာ အတော်ကို လန့်သွားတာပဲ၊ တစ်ယောက်ယောက်က သူအနောက်ကနေ ကြည့်နေတာလေ၊ ခေါင်းစဉ်မှာက တစ်ယောက်ထဲရှိတယ်လို့ ရေးထားတာကို”လို့မှတ်ချက်ပေးခဲ့ပါတယ်။

နောက်တစ်ဦးကတော့ “ အကုန်လုံးတွေ့ကြရဲ့လား သူ့အနောက်ကဟာကို”လို့ရေးထားပါတယ်။ ပြီးတဲ့နောက်မှာတော့ Tik Tok အသုံးပြုသူတွေအကြားမှာ ဒီအရာဟာ သရဲ အစစ်မှန် ဟုတ်မဟုတ် ကို အငြင်းပွားလာခဲ့ကြပါတယ်။ ကွန်မန့်ပေးသူတစ်ဦးကတော့ “ Bro အနေနဲ့ ရဲ ကိုခေါ်ပြီးအိမ်ကိုရှာဖွေသင့်တယ်”လို့ ရေးထားပါတယ်။

ဗီဒီယိုကိုတင်ခဲ့တဲ့ reubix_cube ကတော့ “ခင်ဗျားတို့ပြောပြမှ ကျွန်တော်လည်းတော်တော်လန့်သွားတယ် ၊ အခုတော့ ကျွန်တော်အစာအိမ်နာနေတယ် မနေ့ညက တစ်ညလုံး ကောင်းကောင်းအိပ်မရခဲ့ဘူး”လို့ပြောထားပါတယ်။ ပြီးတဲ့နောက် သူ့ရဲ့ Follower တွေကိုလည်း “စိတ်ချပါ ကျွန်တော်အိမ်မှာ အေးဆေးပါပဲ လုံခြုံပါတယ် ကျွန်တော့်ကိုစိတ်ပူပေးတဲ့အတွက်လည်း အားလုံးကိုကျေးဇူးတင်တယ်”လို့ ထပ်ပြောထားပါတယ်။ ဒီဗီဒီယိုကြောင့် reubix_cube ဟာ အခုချိန်မှာတော့ လူအများရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပြီး ကွန်မန့်မှာမေးနေတဲ့ မေးခွန်းတွေကို ဖြေကြားပေးလျက်ရှိပါတယ်။
Video ကြည့်ရန်
Ref: Daily Mail.
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***