
ဒစ်ဂျစ်တယ် အနုပညာရှင်တွေ ဖန်တီးပြုလုပ်ထားတဲ့ မိုနာလီဆာ ဟာသဓာတ်ပုံများ
နာမည်အကြီးဆုံးပန်းချီကားလို့ ပြောလိုက်တာနဲ့ လူအများဟာ မိုနာလီဆာပန်းချီကားကို မျက်စိထဲမှာ ပြေးမြင်မိကြမှာပါ။ မိုနာလီဆာဟာ သူမရဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ အပြုံးကြောင့် နာမည်ကျော်ကြားတာ ဖြစ်ပါတယ်။ သူမရဲ့အပြုံးဟာ အနုပညာနယ်ပယ်မှာ အလျှို့ဝှက်ဆုံးနဲ့ အဆန်းကြယ်ဆုံးသော အရာအဖြစ် တည်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ မိုနာလီဆာပန်းချီကားဟာ ကမ္ဘာ့အကျော်ကြားဆုံးသော ပန်းချီကားတွေထဲက တစ်ခုဖြစ်တာကြောင့် လာရောက်လည်ပတ် ကြည့်ရှုသူတွေလည်း များလှပါတယ်။
ထိုပန်းချီကားဟာ ကျော်ကြားလွန်းလှသလိုပဲ ဒစ်ဂျစ်တယ် အနုပညာရှင်များက ရယ်စရာကောင်းအောင် ပြန်လည်ဖန်တီးထားတဲ့ meme verion တွေဟာလည်း လူကြိုက်များကြပါတယ်။ ဒစ်ဂျစ်တယ် အနုပညာရှင်တွေ ဘယ်လိုမျိုး ရယ်စရာကောင်းအောင် ဖန်တီးထားကြသလဲဆိုတာ အောက်ကပုံတွေကို ကြည့်လိုက်ကြရအောင်။
Leave a Reply