
ခေါင်းနဲ့ခြေထောက်ပဲပါတဲ့ ဒိုင်နိုဆောပုံကို အပြီးသတ်ရေးဆွဲပြီး ပြိုင်ထားကြပုံများ
Twitter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ @anloremi ဟာ ခေါင်းနဲ့ ခြေထောက်ပဲပါတဲ့ T-Rex ဒိုင်နိုဆောရုပ်ပုံကို အပြီးသတ်ရေးဆွဲဖို့အတွက် ဂရုတစ်ခုမှာ ဖိတ်ခေါ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ AI နည်းပညာဟာ လူသားတွေအားလုံးရဲ့နေရာကို အစားထိုးဖို့ မလွယ်ကူလှဘူးဆိုတာ သက်သေပြနိုင်ဖို့ပါ။ ရလာဒ်အနေနဲ့ကတော့ အဆိုပါ ဒိုင်နိုဆောပုံကို လူအများက ဝင်ရောက်ရေးဆွဲပြိုင်ခဲ့ကြပြီး အမိုက်စားလက်ရာများကိုလည်း မြင်တွေ့ရသလို အများစုကတော့ ရယ်စရာကောင်းအောင် ရေးဆွဲခဲ့ကြပါတယ်။ ဘယ်လိုပုံတွေ ရေးဆွဲခဲ့ကြသလဲဆိုတာ ကြည့်လိုက်ကြရအောင်။
Leave a Reply