
အိမ်သာရှေ့မှ အဆန်းပြားဆုံးနဲ့ အရယ်ရဆုံး ဆိုင်းဘုတ်သင်္ကေတများ-(၁၈)ပုံ
သင်ဟာ အများသုံးရေချိုးခန်းနဲ့အိမ်သာတွေကို ပုံမှန်အသုံးပြုတတ်သူဆိုရင် တံခါးရှေ့မှာ ကပ်ထားတဲ့ ” အမျိုးသား ” နှင့် ” အမျိူးသမီး ” ဆိုတဲ့ သင်္ကေတတွေကို သိမှာပါ။ ဒါပေမဲ့ သိပ်မကြာသေးခင် နှစ်တွေကမှ အဲဒီလို သင်္ကေတတွေနေရာမှာ ဓာတ်ပုံတွေ တဖြည်းဖြည်းချင်း အစားထိုးအသုံးပြုလာခဲ့ကြပါတယ်။
တချို့ အိမ်သာတွေကိုတော့ အဝိုင်းပုံ လေးထာင့်ပုံ တြိဂံပုံတွေထဲမှာ ထည့်ထားတဲ့ လူပုံတွေနဲ့ သတ်မှတ်လာကြပြီး အိမ်သာ ရေချိုးခန်းအတွက် ဖန်တီးထားတဲ့ သင်္ကေတတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လူသိများလာပါတယ်။ လူသားတွေကတော့ ဖန်တီးမှုတွေ တောက်လျှောက်လုပ်နေကြပြီး ဖန်တီးနိုင်စွမ်း ပိုပိုကောင်းလာပါပြီ။ ဟာသဆန်ဆန် အိမ်သာ ဆိုင်းဘုတ်လေးတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါကြောင့် အဲဒီထဲကမှ အမိုက်ဆုံး ဖန်တီးထားတဲ့ အိမ်သာ ဆိုင်းဘုတ်သင်္ကေတလေးတွေကို အောက်မှာ ဆက်ကြည့်လိုက်ရအောင်နော်။