ကမ္ဘာတစ်ဝှမ်းက ထူးခြားလွန်းတဲ့ ရိုးရာဓလေ့ပွဲတော်များ

ကမ္ဘာတစ်ဝှမ်းက ထူးခြားလွန်းတဲ့ ရိုးရာဓလေ့ပွဲတော်များ

ကိုယ့်လူမျိုးရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့ကို ဂုဏ်ပြုတာဟာ ပျော်စရာ ကောင်းရုံတင်မကပါဘူး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။
ပွဲစတင်ပြင်ဆင်တဲ့အချိန်ကစလို့ ကျင်းပတဲ့အချိန်ထိ ပါဝင်ခြင်းအားဖြင့် ကျွန်မတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ကို ရရှိစေရုံသာမက ကမ္ဘာကြီးနဲ့အတူ မျှဝေခြင်းအားဖြင့်လည်း လူတိုင်းကို ကျွန်မတို့က ဘယ်သူဆိုတာမျိုး ပြသနိုင်မှာလည်း ဖြစ်ပါတယ်။

၁။ဘယ်လ်ဂျီယံနိုင်ငံမှ ဖရုံသီး လှေလှော်ပြိုင်ပွဲ

Credit Photo

ချောကလက်နဲ့ waffles တွေအပြင် ဘယ်လ်ဂျီယမ်က အစားအသောက်နဲ့ပတ်သက်လာရင် တစ်ခြားနိုင်ငံများထက် ပိုထူးခြားတဲ့ဘက်ခြမ်းမှာရှိပါတယ်။ ဘယ်လ်ဂျီယမ်နိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Pumpkin Regatta လို့ခေါ်တဲ့ ရွှေဖရုံသီးလှေပြိုင်ပွဲဟာဆိုရင် ပြိုင်ပွဲဝင်တွေက ယေဘုယျအားဖြင့် ကီလိုဂရမ်ရာနဲ့ချီအလေးချိန်ရှိတဲ့ ဧရာမ ရွှေဖရုံသီးများကို အခေါင်းပေါက်ကြီးများဖေါက်ပြီး ရေကန်ထဲမှာ လှော်တက်နဲ့ လှော်ခတ်က ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

၂။စပိန်လူမျိုးများရဲ့ ခရမ်းချဉ်သီးပွဲတော်

Credit Photo

စပိန်နိုင်ငံ Buño မြို့တွင် နှစ်စဉ် သြဂုတ်လရောက်တိုင်းကျင်းပလေ့ရှိသော ခရမ်းချဉ်သီးပစ်ပါတီ (သို့ ) La Tomatina ပွဲတော်ဟာဆိုရင် ၁၉၄၅ ခုနှစ်ထဲက ကျင်းပလာခဲ့သော ပွဲတော်ဖြစ်ပါသည်။

၃။ထိုင်းနိုင်ငံမှ မျောက်ဘူဖေးပွဲ

Credit Photo

Macaque မျောက်များကိုထိုင်းနိုင်ငံ၊ Lopburi ခရိုင်တွင် အလွန်တန်ဖိုးထားကြပြီး Monkey Buffet Festival အတွက် နှစ်စဉ် ဂုဏ်ပြုခံရသော အထူးဧည့်သည်များ ဖြစ်လာကြသည်။ ဖရဲသီး၊ ဒူးရင်း၊ နာနတ်သီး နှင့် အခြားအသီးအနှံများ ကိုမျောက်များအတွက် စီစဉ်ကျွေးမွေးကြပြီး Monkey Buffet Festival ပွဲတော်ကို Phra Prang Sam Yod ဘုရားကျောင်းထဲတွင် နှစ်စဉ်ကျင်းပကြပါသည်။

၄။အိန္ဒိယနိုင်ငံမှ အမျိုးသမီးတွေချည်းကျင်းပသည့် မိခင်အဖြစ် ကြိုဆိုပူဇော်ပွဲ

Credit Photo

အိန္ဒိယနိုင်ငံ ပြည်နယ်အများစုမှာကျင်းပသော Godh Bharai ဟုခေါ်သော အမျိုးသမီးသီးသန့် အခမ်းအနားတစ်မျိုးဟာဆိုရင် မိခင်တို့ကို ဂုဏ်ပြုတဲ့ပွဲဖြစ်ပြီး မိခင်အမျိုးသမီးများနှင့် မိခင်လောင်းအမျိုးသမီးများသာ စုဝေးကြပါသည်။ Puja ဟုခေါ်သောကောင်းချီးမင်္ဂလာများနှင့် မေမေလောင်းတို့အတွက် ထုံးတမ်းစဉ်လာများဖြင့် စတင်ခဲ့ပြီး ကိုယ်ဝန်သတ္တမမြောက်လရှိသော မိခင်လောင်းများကို အထူးဆာရီများ၊ ပန်းများနှင့် အမွှေးဆီများဖြင့် အလှဆင်ပေးကြပါသည်။

၅။အင်္ဂလန်နိုင်ငံမှ မျက်နှာပြောင်ပွဲ

Credit Photo

အင်္ဂလန်နိုင်ငံမှအများနှင့်မတူပဲ ထူးထူးခြားခြားကျင်းပတဲ့ ပွဲတော်ကတော့ ပုံမှန်မဟုတ်သော မျက်နှာများဖြင့် ယှဉ်ပြိုင်မှု တစ်နည်းအားဖြင့် မျက်နှာပြောင်ပြိုင်ပွဲကို ကျင်းပကြပါသည်။ ထိုအထဲမှ အနိုင်ရသည့် မျက်နှာအပြောင်ဆုံးလူကတော့ Cumbria ကောင်တီရှိ Egremont Crab Fair တွင် ကျင်းပသည့်  World Gurning Championship ကမ္ဘာ့မျက်နှာပြောင်ပြိုင်ပွဲကို တက်ရေဦက်ခွင့်ရှိပါသည်။ ကျမတို့ ပရိတ်သတ်တွေထဲမှာရော ဝင်ပြိုင်ချင်သူများရှိပါသလားရှင့်…

၆။အီတလီနိုင်ငံရဲ့ လိမ္မော်သီးစစ်ပွဲ

Credit Photo

အီတလီနိုင်ငံ၊ Ivrea တွင်လည်း စပိန်နိုင်ငံမှ La Tomatina ပွဲတော်လိုမျိုး ပွဲတော်ရှိပါသည်။ သူကတော့ စပိန်လို ခရမ်းချဉ်သီးတိုက်ပွဲမဟုတ်ပဲ လိမ္မော်သီးတိုက်ပွဲဖြစ်ပါသည်။ အီတလီနိုင်ငံ မြို့ကြီးများ၏ပွဲတော်ကြီးများတွင် လိမ္မော်သီးတိုက်ပွဲသည် အလယ်ခေတ်ကာလထဲကကျင်းပလာသောပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပကြပါသည်။ ထောင်ပေါင်းများစွာသော မြို့သူမြို့သားများသည် လိမ္မော်သီးများကို အဖွဲ့လိုက်ပစ်ရန်အတွက် မြို့တော်၏ ရင်ပြင်များတွင် စုရုံးကာ ဆင်နွှဲကြပါသည်။

၇။ဂျာမဏီိနိုင်ငံမှ ပေါ်လ်တာရာဘန်းလို့ ခေါ်သည့် ကြင်စဦးဇနီးမောင်နှံများ ကြွေရုပ်ခွဲပွဲ

Credit Photo

မင်္ဂလာပွဲ မှာ ပျော်ရွှင်ဖွယ်အချိန်တွေကို ရှာဖွေနေတယ်ဆိုရင် ဂျာမနီဟာ သင့်အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုပါ။ လက်မထပ်ခင်မှာကြင်စဦးဇနီးမောင်နှံတွေဟာ သူတို့ရဲ့အိမ်ထောင်ရေးကံကောင်းဖို့အတွက် ကြွေထည်တွေကို ပစ်ခွဲလေ့ရှိတဲ့ Polterabend လို့ ခေါ်တဲ့ ဓလေ့ကို ကျင့်သုံးကြပါတယ်။

၈။ချက်ဇ်နိုင်ငံရဲ့ စုန်းမမီးရှို့ပွဲ

Credit Photo

Czech ရိုးရာပုံပြင်အရ၊ မေလ၏ပထမဆုံးနေ့သည် စုန်းမများအတွက်မှော်အစွမ်းများရရှိစေတယ်လို့ဆိုပါသည်။ မှော်ပညာကိုရင်ဆိုင်ရလောက်အောင် “ရဲရင့်” သောဒေသခံများသည် ထင်းဖမ်ပန်းများ၊ wafer သို့မဟုတ် မြေဖြူခဲများကို သယ်ဆောင်လာကြပြီး နတ်ဆိုးဝိဇ္ဇာများကို ဖယ်ရှားရန်အတွက် ရွာသားများသည် Pálení čarodějnic ဟုခေါ်သော အခမ်းအနားတစ်ခုတွင် စုန်းမများကို ကိုယ်စားပြုသည့် တံမြက်စည်းများနှင့် အရုပ်များကို မီးရှို့ကြပါသည်။

၉။တရုတ်နိုင်ငံရဲ့ Dragon Boatပွဲတော်

Credit Photo

တရုတ်နိုင်ငံရှိ Duanwu သည် ရိုးရာဓလေ့များနှင့် ဓလေ့ထုံးတမ်းများ ကြွယ်ဝသောပြည်နယ်တစ်ခုဖြစ်သည်။ နဂါးလှေပွဲတော်ဟုလည်း ခေါ်ဆိုကြပြီး နိုင်ငံတွင်းရှိ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Qu Yuan အား ဂုဏ်ပြုသောအားဖြင့် နဂါးလှေပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲကြသည်။ ထိုပွဲတော်တွင်ဒေသခံများသည် အမျိုးမျိုးသောအစားအသောက်များဖြင့် ပိရမစ်ပုံသဏ္ဍာန်ရှိသော ဖက်ထုပ်အဖြစ် ပြုလုပ်ထားသော Zongzi ရိုးရာကောက်ညှင်းဟင်းကို ပြင်ဆင်စားသောက်ကြပါသည်။

၁၀။အင်္ဂလန်နိုင်ငံရဲ့ ချိစ်ဝိုင်းပြား လှိမ့်ပြိုင်ပွဲ

Credit Photo

အင်္ဂလန်နိုင်ငံ၊ Gloucester တွင် ဒိန်ခဲလှိမ့်ပြိုင်ပွဲသည် လက်တွေ့ဘဝတွင် Jack နှင့် Jill တို့၏ ဇာတ်လမ်းဖြစ်သည်။ အဓိကအားဖြင့်  Cooper’s Hill တွင် 7 ပေါင်လေးသော ဒိန်ခဲဘီးကို လှိမ့်ချပြီးနောက် ပြိုင်ပွဲဝင်များသည် ဒိန်ခဲဘီးနောက်သို့ ပြေးလိုက်ခြင်း ကိုယ်ကို လိမ့်လိုက်ခြင်းများဖြင့် လိုက်သွားရပြီး တောင်ကုန်းအောက်ခြေရှိ အပြီးသတ်စည်းကို ဖြတ်ကျော်သည့် ပထမဆုံးသူက အနိုင်ရသည်။

၁၁။ဖင်လန်နိုင်ငံရဲ့ မိန်းမကုန်းပိုးပြီး ပြေးရတဲ့ အပြေးပြိုင်ပွဲ

Credit Phot

Eukonkanto လို့ခေါ်သော ပွဲတော်ဟာဆိုရင် ဖင်လန်နိုင်ငံမှ အိမ်တောင်ရှင်အမျိုးသားများက မိမိအမျိုးသမီးများကို ကုန်းပိုးသယ်ဆောင်ပြီး ယှဉ်ပြိုင်ရသောပွဲတော်တစ်ခုဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် ခြံစည်းရိုး ချောင်းမြောင်းများ နှင့် ကြမ်းတမ်းသော ကျောက်ဆောင်များ ကဲ့သို့သော အတားအဆီးများကို ဖြတ်ကျော်ကာယှဉ်ပြိုင်ရပြီး တစ်ခါတစ်ရံတွင် အမျိုးသားများက၎င်းတို့၏ ဇနီးမယားများအား နည်းမျိုးစုံဖြင့် သယ်ဆောင်လာစဉ် ရေကူးကန်တစ်ခုထဲတွင် ရေကူးရခြင်းများပင် ပါဝင်ပါသည်။

ဖင်လန်အားကစားသမားနှင့် ရှေ့နေတစ်ဦးဖြစ်သူသည် Eukonkanto ပြိုင်ပွဲတွင် ၂၀၀၉ ခုနှစ်ကတည်းက ချန်ပီယံဆု ၇ ကြိမ်ဆက် ရရှိထားသည့် အအောင်မြင်ဆုံးကစားသမားဖြစ်ပါသည်။

၁၂။ပိုလန်နိုင်ငံရဲ့ ရေခဲရေနဲ့ ပက်တဲ့ပွဲတော်

Credit Photo

ပိုလန်နိုင်ငံတွင်လဲ ကျမတို့ရဲ့ သက်ြန်ပွဲတော်လိုမျိုး ရေကစားပွဲတော်လိုမျိုး ရှိပါသည်။ ပွဲတော်၏ ပထမနေ့နှင့် နောက်ဆုံးရက်များတွင် ဆန့်ကျင်ဘက်လိင်မှ လူများသည် မိန်းကလေးများနှင့် ယောက်ျားလေးများကို ရေခဲရေအေးဖြင့်ပက်ကြမည်ဖြစ်သည်။