နိုင်ငံအသီးသီးမှ ထူးထူးခြားခြားသတ်မှတ်ထားကြတဲ့ အလှအပဆိုင်ရာ စံနှုန်းများ

နိုင်ငံအသီးသီးမှ ထူးထူးခြားခြားသတ်မှတ်ထားကြတဲ့ အလှအပဆိုင်ရာ စံနှုန်းများ

အလှတရားဆိုတာ ပုံစံမျိုးစုံ သဏ္ဍာန်မျိုးစုံနဲ့ ပေါ်ထွက်လာတတ်ပါတယ်။
အလှတရားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ သမိုင်းတစ်လျှောက် ပြောင်းလဲနေပြီး သူ့ရဲ့ စံနှုန်းတွေကလည်း နိုင်ငံတွေ ယဉ်ကျေးမှုတွေနဲ့ လိုက်ပြီး ပြောင်းလဲနေပါတယ်။ယနေ့ခေတ် အနောက်တိုင်းနိုင်ငံတွေမှာတော့ သွားဖြူဖြူ နှုတ်ခမ်းဖူးဖူးလေးနဲ့ ဆံပင်ရှည်တို့က အလှအတွက် စံနှုန်းဖြစ်နေတာ ကြာခဲ့ပါပြီ။

ဒါပေမဲ့ အလှတရားရဲ့ စံနှုန်းတွေကို ပြန်ပြီး အဓိပ္ပာယ်ဖွင့်ဆိုထားကြတဲ့ ရှေးခေတ်မျိုးနွယ်စုတွေလည်း ရှိပါသေးတယ်။
သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေကလည်း ကျန်တဲ့ ကမ္ဘာကြီးအတွက်တော့ ခံစားသက်ဝင်စရာတစ်ခုပါပဲ…ကမ္ဘာအနှံ့က မတူညီတဲ့ အလှတရားတွေကို အောက်ကပုံလေးတွေမှာ ခံစားကြည့်ရှုလိုက်ရအာင်နော်….

၁။တရုတ်နိုင်ငံ Miao လူမျိုးတို့ရဲ့ ဆံပင်ပုံစံ

Credit Photo

(အမျိုးသမီးတွေက ဘိုးဘေးတို့ရဲ့ ဆံပင်တွေကို ဆံတု လုပ်ကာ ဝတ်ဆင်ကြခြင်းဖြစ်ပါတယ်)

၂။အီသီရိုးပီးယား Mursi မျိုးနွယ်စု

Credit Photo

(အရောင်စုံ နှုတ်ခမ်းမှာတပ်ထားတဲ့ အပြားကြီးတွေက အလှတရားရဲ့ သင်္ကေတဖြစ်ပြီး အိမ်ထောင်ကျခါစနဲ့ အပျိုလေးတွေ အများဆုံး ဝတ်ဆင်ကြပါတယ်)

၃။အီသီရိုးပီးယား Karo မျိုးနွယ်စု

Credit Photo

(အကြောက်တရားကင်းပြီး ဆွဲဆောင်မှုရှိအောင် ခန္ဓာကိုယ်ဆေးခြယ်ခြင်းကို နှစ် ၅၀၀ ကျော် ပြုလုပ်လာခဲ့ကြပြီး ဆေးရောင်အတွက် ပြာ ရေနဲ့ တိရစ္ဆာန်အဆီအရောကို သုံးကြပါတယ်)

၄။အရှေ့တောင်အာရှ သွားအမဲခြယ်သခြင်း

Credit Photo

(သွားကို အမဲခြယ်သခြင်းကိုတော့ အရွယ်ရောက်သူတွေမှာ သွားပိုးမစားဘဲ ကျန်းမာတဲ့ သွားမျိုးရအောင်လို့ လိမ်းခြယ်တတ်ကြပါတယ်)

၅။တာဂျစ်စတန်

Tajik Woman with Unibrow - Dushanbe, Tajikistan

( မျက်ခုံးကို သီးခြားစီ ဆွဲတာက ဆွဲဆောင်မှုမရှိဘူးလို့ ယူဆကြပြီး မွေးရာပါ မျက်ခုံး တစ်ဆက်တည်းမဟုတ်သူတွေကတော့ သစ်ခေါက်တွေ မီးသွေးခဲတွေသုံးပြီး ပြုလုပ်ကြပါတယ်)

၆။Morocco

Morocco - Berber Women in Chorus, c 1950s Postcard

(မိုရိုကို အမျိုးသမီးတွေက မျက်နှာတက်တူးနဲ့ ပါးပြင်မှာ ပါးနီရဲရဲလေးတွေ တင်လေ့ရှိပါတယ်)

Credit Photo

၇။အရှေ့မြောက် အိန္ဒိယ

Credit Photo

(အာပါတာနီ အမျိုးသမီးတွေက နှာခေါင်းကွင်းတွေကို ဝတ်ဆင်ပြီး မျက်နှာပြင်ပေါ်မှာ ဒေါင်လိုက်တက်တူးကို ထိုးလေ့ရှိပါတယ်)

၈။တောင်ကိုရီးယား

Credit Photo

(အလှအပပြုပြင်ခွဲစိတ်မှုက တောင်ကိုးရီးယားမှာ ခေတ်စားနေတဲ့ ဓလေ့တစ်ခုပါ)

၉။နာမီဘီယာနဲ့ အန်ဂိုလာ

Credit Photo

(ဒီမျိုးနွယ်စုကတော့ သူတို့ရဲ့ ထင်ရှားတဲ့ ဆံပင်ပုံစံကြောင့် နာမည်ကျော်ကြားပါတယ်)

Mwila tribe women backs - Angola

၁၀။ဂျပန်နိုင်ငံ

Junna Morishita hyperflexible yaeba double peace

(ဂျပန်နိုင်ငံမှာ သွားစွယ်လေးက ချစ်စရာကောင်းတယ်လို့ ယူဆကြပါတယ်)

၁၁။အီရန်

Iranian Woman with Recent Nose Job - Hamadan, Iran

(အီရန်လူမျိုးတွေက နှာခေါင်းခွဲစိတ်ခြင်းကို ဝါသနာပါပြီး ခွဲစိတ်ခ မတတ်နိုင်သူတွေက နှာခေါင်းမှာ ပလာစတာကပ်ပြီး လျှောက်သွားကာ ချမ်းသာချင်ယောင် ဆောင်တတ်ကြပါတယ်)

၁၂။အီသီရိုးပီးယား အိုမိုတောင်ကြား

Credit Photo

(ဒီမျိုးနွယ်စုမှာတော့ အမျိုးသမီး အမျိုးသား မခွဲခြားဘဲ အမျိုးသားစစ်သည်တော်တွေကလည်း အမျိူးသမီးအသုံးအဆောင်တွေကို လှောင်ပြောင်ခံရခြင်းမရှိဘဲ ဝတ်ဆင်ကြပါတယ်)

၁၃။အာဖရိကနဲ့ အင်ဒိုနီးရှား

Afar Tribe Girl With Sharpened Teeth, Assaita, Afar Regional State, Ethiopia

 

(သွားတွေကို ချွန်ခြင်းက အလှတရားနဲ့ ရင့်ကျက်ခြင်းရဲ့ သင်္ကေတပဲဖြစ်ပါတယ်)

၁၄။နယူးဇီလန်နှင့် မြန်မာ

Credit Photo

(မာအိုရီမျက်နှာနဲ့ နှုတ်ခမ်းတက်တူးကို Moko kauae လိ့ခေါ်ပြီး အသိပညာ ကျွန်းကျင်မှုနဲ့ သူ့ပတ်ဝန်းကျင်အတွင်း အမျိုးသမီးတစ်ယောက်ရဲ့ ခေါင်းဆောင်မှုကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံမှာတော့ မျက်နှာတက်တူးဟာ ချင်းမျိုးနွယ်စုမှာ စတင်ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်)

၁၅။ထိုင်းနဲ့မြန်မာနိုင်ငံ

Credit Photo

(ကယန်းလူမျိုးတွေက သူတို့အလှတရားအတွက် လည်ပင်းကွင်းတွေကို ဝတ်ဆင်ကြပါတယ်)

၁၆။ဥရောပနဲ့ ယူအက်စ်

Credit Photo

(နောက်ပိုင်း အနောက်တိုင်းနိုင်ငံတွေမှာ ချိုင်းမွှေးအရှည်ထားတဲ့ အလေ့အထက ခေတ်စားလာပါတယ်)