
Lock Down ကာလအတွင်းမှာ အိမ်၌ပျော်စရာတွေဖန်တီးနိုင်ဖို့ Michigan မှအမျိုးသားတစ်ဦးဟာကြီးမားတဲ့သွားအတုအချို့ကိုဝယ်ယူခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီသွားတုကိုသူရဲ့ယော့ရှိုင်းယားတယ်လီယာအမျိုးအစားဖြစ်တဲ့အိမ်မွေးခွေးလေးတစ်ကောင်ကခိုးယူသွားတဲ့ အခါမှာတော့ထင်တာထက်ကိုပိုပြီးရယ်စရာအဖြစ်အပျက်လေးဖြစ်ခဲ့ရပါတယ်။

လူအများစုကအိမ်တွင်းနေထိုင်နေရတဲ့ကာလအတွင်းမှာTik Tok နဲ့ Tiger King တို့မှာ ပျော်စရာတွေဖန်တီးကြပေမယ့် Ben Campel လို့ အမည်ရတဲ့ထိုအမျိုးသားကတော့ရယ်စရာကောင်းတဲ့သွားတုကိုဝယ်ကာရိုးရှင်းတဲ့ ပျော်စရာတွေနဲ့ပဲဖြတ်သန်းဖို့စဥ်းစားခဲ့ပါတယ်။ Ben ဟာ ထိုသွားတုကိုသုံးကာ ရယ်စရာပုံစံလုပ်ပြီး မှန်ရှေ့မှာ Mirror selfie ရိုက်ဖို့ မျှော်လင့်ထားခဲ့သော်လည်းသူရဲ့ခွေးငယ်လေးဖြစ်တဲ့ သောမတ်ကထိုသွားတုကို ခိုးယူသွားခဲ့ပါတယ်။

Ben မြင်လိုက်တဲ့အချိန်မှာသောမတ်ဟာ ထိုသွားတုကြီးကို တပ်ဆင်ထားပြီးမခန့်တဲ့အပြုံးလေးနဲ့ ပြုံးပြနေခဲ့ပါတယ်။Ben က သောမတ်အား သွားအတုအားပြန်ပေးရန် သောမတ်ကို လှမ်းခေါ်သော်လည်း ခွေးလေးကတော့ကိုက်ချီကာအဝေးကိုပြေးထွက်သွားခဲ့ပါတယ်။ Ben က “သောမတ် မင်းဒါကိုဘာလုပ်ဖို့လဲ”လို့ မေးလိုက်တဲ့အခါခွေးလေးကဟောင်တဲ့အခါမှာရယ်ပြတဲ့ပုံဖြစ်နေတာကြောင့် Ben ဟာ ဟက်ဟက်ပတ်ပတ်ကိုရယ်မောခဲ့ရပါတော့တယ်။

Ben ကတော့ Hazel Park မှာနေထိုင်နေတဲ့ စိတ်ညာရှင်တစ်ဦးလည်းဖြစ်ပြီးသူ့ရဲ့ခွေးလေးသောမတ်ရဲ့ ထိုအဖြစ်အပျက်ကို Youtube ပေါ်တင်လိုက်ရာထင်မှတ်မထားလောက်အောင် ကြည့်ရှုသူတွေ များပြားသွားခဲ့ပါတယ်။

Ben က ဖေ့ဘွတ်မှာလည်း ပို့စ်တစ်ခုတင်ခဲ့ပြီး ထိုပိုစ့်ထဲမှာ ရေးထားတာကတော့ “ကျွန်တော် quarantineကာလမှာ ဟာသလေးတွေဖန်တီးမို့ သွားအတုအချို့ဝယ်ခဲ့ပေမယ့် စားပွဲပေါ်ကနေ သောမတ်က ခိုးယူသွားခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ Benကတော့ quarantine ကာလမှာစီစဉ်ထားတဲ့ ပျော်စရာတွေထက်ကို ပိုတဲ့ပျော်ရွင်မှုတွေ ရသွားခဲ့ပါတယ်။
Video ကြည့်ရန်
https://youtu.be/7RxzFZkHXEY
Reference : Dailymail.co.uk
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***