ပင်လယ်ပျော်လို့ သိထားကြတဲ့ Bajau လူမျိုးစုတို့ရဲ့ အံ့ဩစရာ အရည်အချင်းများ

ပင်လယ်ပျော်လို့ သိထားကြတဲ့ Bajau လူမျိုးစုတို့ရဲ့ အံ့ဩစရာ အရည်အချင်းများ

ရေကူးတတ်ခြင်းက ကျွန်မတို့လူသားတွေအတွက် သိပ်ကို အသုံးဝင်တဲ့ ကျွမ်းကျင်မှုတစ်ခုပါ ။ အာရှတိုက်သား Bajau လူမျိုးတွေကိုတော့ ပင်လယ်ပျော်တွေလို့ တော်တော်များများ သိထားကြသလို သူတိ့ဟာ ပင်လယ်ရေအောက်ထဲမှာ တခြားသူတွေထက် မိနစ်အတော်ကြာ အသက်အောင့်ပြီး ရေငုပ်နိုင်ကြပါတယ် ။

Bajau လူမျိုးစု

Credit Photo

Bajau လူမျိုးတွေက ပင်လယ်ရေအောက် အနက် ပေ ၂၀၀ လောက်ထိကို ၁၃ မိနစ်ကြာ ယုံကြည်ချက်အပြည့်နဲ့ ကူးခတ်သွားလာနိုင်တဲ့သူတွေပါ ။ ဒါပေမယ့် ဒီအရည်အချင်းတွေကိုတော့ ရည်ရွယ်ချက်ရှိရှိလေ့ကျင့်ပြီးမှ ရလာတာမျိုးတော့ မဟုတ်ပါဘူး ။မလေးရှား အင်ဒိုနီးရှား ဖိလစ်ပိုင် ကမ်းရိုးတန်းကျွန်းတွေပေါ်မှာ Bajau လူမျိုးတွေဟာ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ အသက်ကြီးကြီး လူကြီးတွေကနေစပြီး ကလေးငယ်လေးတွေအထိ နေထိုင်လျက်ရှိပါတယ်။ပင်လယ်ပျော်လို့ ခေါ်တဲ့ Bajau လူမျိုးတွေက ပင်လယ်ထဲမှာပဲ နှစ်ပေါင်း ရာနဲ့ချီပြီး နေထိုင်လာခဲ့ကြတာပါ ။

ဤလူမျိုးစုသည် ပင်လယ်ထဲတွင် နှစ်ပေါင်းရာနှင့်ချီ၍ နေထိုင်လာခဲ့သည်။

Credit Photo

ငါးရှာဖို့ ရောင်းဝယ်ဖောက်ကားဖို့အတွက် ပင်လယ်ထွက်ကုန်တွေကို ရှာဖို့ Bajau တွေဟာ အသက်ငယ်ငယ်လေးထဲက ပင်လယ်ထဲရေကူးဖို့ ရေငုပ်တတ်ဖို့ စတင်သင်ယူရပါတယ်။ တစ်နေ့ကို ရေထဲမှာ ခြောက်နာရီကနေ ဆယ်နာရီလောက်ထိ နေရပြီး ရေအောက်မှာ ငုပ်နေတဲ့အချိန်ကပိုများပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ကထက် ငါးတွေ ပိုရှားလာတာကြောင့် အရင်ပမာဏအတိုင်း ငါးတွေဖမ်းနိုင်ဖို့ ရေကြာကြာငုပ်ဖို့လိုပါတယ်။သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း ကျွန်မတို့နဲ့ ကွဲပြားနေပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကျွန်တော်တို့နဲ့ မတူပါဘူး။

Credit Photo

ရေအောက်အနက်ပြီးမှာ ကြာကြာနေနိုင်ဖို့ Bajau တွေမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ် ။ အခုဆိုရင် သူတို့ သရက်ရွက်တွေက ပုံမှန်ထက်ပိုပြီး အောက်စီဂျင်သယ်ဆောင်လာတဲ့ သွေးနီဥတွေကို ထိန်းထားနိုင်သလို ရေအောက်ထဲမှာ ကြာကြာနေနိုင်စေပါတယ် ။

Bajau လူမျိုးတွေရေငုပ်ရင်အသုံးပြုသော အချို့သောနည်းပညာများ

Credit Photo

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတာကတော့ ကလေးငယ်လေးတွေဟာ ဆင့်ကဲပြောင်းလဲတိုးတက်လာမှုကြောင့် ရေအောက်ထဲမှာ အရာရာကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပါတယ်တဲ့ ။သူတို့မှာ ကိုယ်ပိုင်တီထွင်ထားတဲ့ နည်းပညာတွေ ရှိကြတယ်။

….

Credit Photo

အရှေ့တောင်အာရှက ပင်လယ်ပျော်တွေဟာ ရေအောက်ကို ဆယ်မီတာကျော်လောက်ထိ ငုပ်နိုင်ဖို့ ခေတ်ပေါ် ရေငုပ်ပစ္စည်းတွေကိုမသုံးကြဘဲ သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ သစ်သားမျက်မှန်တွေ ရေပေါ်မှာ တစ်ချက် အသက်၀၀ တစ်ချက် ရှူလိုက်ရုံသာ လိုပါတယ်။

ပင်လယ်ကြီးက သူတို့ရဲ့အိမ်

Credit Photo

ပင်လယ်ကြီးက သူတို့ရဲ့အိမ်ပါသူတို့ဟာ လှေအိမ်လေးတွေပေါ်မှာပဲ နေထိုင်ကြပြီး အရှေ့တောင်အာရှတစ်ခွင် တစ်နေရာကနေ တစ်နေရာ လှည့်လည်သွားလာနေကြပြီး ခြောက်သွေ့နေတဲ့ ကုန်းမြေပေါ်ကို ခြေချခဲပါတယ် ။ သူတို့လိုအပ်သမျှအားလုံးကိုလည်း ပင်လယ်ကြီးထဲကနေ ရရှိနေတာပါ ။