
ကလေးကစားကွင်းမှာ ဆော့ကစားရင်း ဒုက္ခရောက်ခဲ့ကြသူများ-(၁၅)ပုံ
အချို့သောလူငယ်လူရွယ်များဟာ အသက်အရွယ်အားဖြင့်ကြီးပြင်းလာပေမယ့် ကလေးကစားကွင်းတွေကိုရောက်တဲ့အခါမှာတော့ ငယ်ငယ်က ကစားခဲ့သလို ပြန်ကစားချင်သူတွေရှိကြပါတယ်။ ဒါပေမယ့်လည်း ကလေးကစားကွင်းဆိုတာကတော့ ကလေးတွေအတွက်သာ ရည်ရွယ်ပြီးပြုလုပ်ထားတဲ့အတွက်ကြောင့် လူကြီးတွေအတွက်မသင့်တော်လှပါဘူး။ သို့ပေမယ့်လည်း အချို့သောသူများဟာ မိမိနဲ့မသင့်တော်ဘူးဆိုတာသိပေမယ့်လည်း ကလေးကစားကွင်းမှကစားစရာများကို ဆော့ကစားလိုက်တဲ့အခါ ဒုက္ခရောက်ကြပါတော့တယ်။
ထို့ကဲ့သို့ ကလေးကစားကွင်းမှာ ဆော့ကစားရင်း ဒုက္ခရောက်ခဲ့ကြသူများကို တစ်ခါတစ်ရံမှာတော့ မီးသတ်သမားများကို အကူအညီတောင်းရတဲ့အခါမျိုးလည်း ရှိပါတယ်။ ယခုတစ်ခေါက်မှာတော့ ကလေးကစားကွင်းမှာဆော့ကစားရင်း ဒုက္ခရောက်ခဲ့ကြသူများရဲ့ ဓာတ်ပုံများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။