ကိုရိုနာဗိုင်းရပ်ကြောင့် အလုပ်ကထုတ်ပယ်ခံရပေမယ့် ဒေါ်လာ ၃.၁ သန်းတန် ထီပေါက်ခဲ့သူ

ဩစတေးလျနိုင်ငံ၊ Adelaide မှ အမျိုးသား တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အလုပ်မှထုတ်ပယ်ခံခဲ့ရပေမယ့် ဒေါ်လာ သန်း ၃.၁ တန်ထီဆုကြီးကိုဆွတ်ခူးသွားခဲ့ပါတယ်။7New သတင်းဌာနရဲ့ ဖော်ပြချက်အရ အမည်ဖော်ပြထားခြင်းမရှိတဲ့ ထိုအမျိုးသား တစ်လ ကို ဒေါ်လာ၂၀၀၀၀ နှုန်း ဖြင့်နှစ် ၂၀ တိတိ ရရှိမယ့် ထီဆုကိုဆွတ်ခူးသွားခဲ့တာဘဲဖြစ်ပါတယ်။

Credit Photo

သူဟာကိုရိုနာကြောင့် ဆေးကုသမှုတွေခံယူနေရတာကြောင့် ဇနီးငယ်နဲ့ ကလေးငယ်ကို မစောင့်ရှောက်နိုင်တာမို့ စိတ်ဖိစီးမှုတွေလည်းခံစားနေရပါတယ်။

Credit Photo

ဒါပေမယ့်ကံကောင်းစွာနဲ့ဘဲ သူဟာ thelott.com မှာ Quickpay ထီလက်မှတ်ကိုဝယ်ယူခဲ့ပြီး ထိုထီလက်မှတ်ကဘဲ သူဘဝတစ်ခုလုံးပြောင်းလဲပေးနိုင်မယ့် ငွေပမာဏကိုရရှိခဲ့ပါတယ်။အဆိုပါ ထီဆုကြီးဟာ ထိုလူငယ်စုံတွဲအတွက် ဘဝမှာ တစ်ခါမှ မဖြစ်နိုင်ဘူးလို့ထင်တဲ့ အရာတွေကို လုပ်နိုင်ခဲ့ပါတယ်။

Credit Photo

သူအားထိုငွေတွေကိုမည်သို့အသုံးပြုမလဲမေးမြန်းခဲ့ရာ သူငယ်ချင်းတွေနဲ့ အလုပ်တွေအတူတူလုပ်မယ်၊အိမ်တွေကားတွေဝယ်မယ် အားလပ်ရက်အပန်းဖြေခရီးတွေထွက်မယ်လို့ဖြေကြားခဲ့ပါတယ်။ထိုလိုမျိုးရောဂါခံစားနေရစဉ်ထီဆုကြီးပေါက်ခဲ့တာတော့ သူတစ်ယောက်ထဲမဟုတ်ခဲ့ပါဘူး။

Credit Photo

 

မြောက်ကယ်ရိုလိုင်းနား၊Lenoir County မှ Ronnie Foster လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ လည်း ပြီးခဲ့တဲ့ အောက်တိုဘာလက ဆေးကုသမှုခံယူပြီး အိမ်သို့ပြန်လာခဲ့စဉ်မှာ ယခုလိုမျိုး ထီဆုကြီး ပေါက်ခဲ့ဖူးပါတယ်။

Credit Photo

Foster ကို CNN သတင်းဌာနကမေးမြန်းရာမှာတော့ “ ကျွန်တော် ၁ဒေါ်လာထီလက်မှတ်ဝယ်ခဲ့ပြီး အဲဒီကနေ ၅ဒေါ်လာထီပေါက်ခဲ့တယ်၊ အဲဒီ ၅ဒေါ်လာကို ထီပြန်ထိုးခဲ့ပြီး ယခုလို သန်းထီဆုကြီးပေါက်ခဲ့တာပါ” လို့ ဖြေကြားခဲ့ပါတယ်။

Reference : vt.co

Soe Htike Lwin

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***