
ကင်ဆာရောဂါခံစားနေရတဲ့ ခွေးလေးရဲ့ အကြိုက်ဆုံးတောင်ကို နောက်ဆုံးအနေနဲ့ ခေါ်သွားပေးခဲ့တဲ့သခင်
တစ်ခါတစ်လေ လူသားတွေနဲ့ တိရိစ္ဆာန်လေးတွေကြားက သံယောဇဉ်ဟာ သိပ်ကို နက်ရှိုင်းလွန်းတတ်ပါတယ် ။ အထူးသဖြင့်တော့ အာ၀ုလေးတွေရဲ့ ပိုင်ရှင်တွေအနေနဲ့ သူတို့ သိပ်ချစ်ရတဲ့ ခွေးလေးတွေ ကမ္ဘာကြီးထဲကနေ ထွက်ခွာသွားတဲ့အချိန်လောက် ဝမ်းနည်းရတာမျိုး ရှိမှာမဟုတ်ဘူး ။
…
ကာလို့စ် ဖရက်စ်ကို နဲ့ သူ့အချစ်ဆုံး သူငယ်ချင်းခွေးလေး မွန်တီကတော့ နှစ်ပေါင်းများစွာကြာအောင် မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး အတူတူ အချိန်တွေကို ကောင်းမွန်စွာ ဖြတ်သန်းခဲ့ကြပါတယ် ။ မွန်တီက Labradoodle ခွေးအမျိုးအစားဖြစ်ပြီး အသက် ၁၀ နှစ် အရွယ် ရှိနေပါပြီ ။
ကာလို့စ်က အားလပ်ချိန်တွေမှာ တောင်တက်ဖို့ မွန်တီကို ခေါ်သွားလေ့ရှိပြီး Wales , Brecon Beacons မှာရှိတဲ့ Pen Fan တောင်ထိပ်ဆီကို မကြာမကြာ ရောက်လေ့ရှိပါတယ် ။ အဲဒီနေရာလေးကတော့ မွန်တီရဲ့ အကြိုက်ဆုံးနေရာလေးဆိုလည်း မမှားပါဘူး ။
ဒါပေမယ့်လည်း သက်တမ်းတိုလှတဲ့ မွန်တီလေးကတော့ ကင်ဆာရောဂါကို ခံစားရပြီး ကျန်းမာရေးသိသိသာသာ ဆိုးရွားသွားတဲ့အချိန် သခင်ဖြစ်သူ ကာလို့စ်က နောက်ဆုံးအနေနဲ့ သူ့အချစ်တော်လေးကို သူအနှစ်သက်ဆုံးတောင်ထိပ်ဆီခေါ်သွားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အရင်ကလို မပြေးနိုင်တော့တဲ့မွန်တီကို ကာလို့စ်တစ်ယောက် တွန်းလှည်းလေးထဲ ထည့်ခေါ်သွားပါတယ်။
သေဆုံးခါနီးဖြစ်နေတဲ့ မွန်တီလေးကို လမ်းတစ်လျှောက် လူတွေက သနားကြပြီး အတူတူ သူရဲ့ခရီးလေးမှာ လိုက်ပါအားပေးခဲ့ကြပါတယ် ။ မွန်တီလေးကတော့ သူငယ်ချင်းအသစ်တွေ အများကြီးနဲ့ တောင်ထိပ်ဆီကို တက်ရလို့ အားနည်းပြီး ပင်ပန်းနေပေမယ့်လည်း အရမ်းကို ပျော်ရွှင်ခဲ့ပါတယ် ။
(၁၈)လအကြာမှာတော့ မွန်တီလေး သေဆုံးသွားခဲ့ပါပြီ ။ ဒါပေမယ့် သူ့ကိုချစ်တဲ့သူတွေရဲ့ စိတ်ထဲမှာတော့ အမှတ်တရလေးတွေက စွဲထင်ကျန်ရစ်နေခဲ့တုန်းပါပဲ။