
စက္ကူအဖြူတစ်ရွက်ကို အံ့ဩမှင်သက်ဖွယ်ရာ အနုပညာတစ်ခုအဖြစ်ပြောင်းလဲဖန်တီးခဲ့တဲ့ အိန္ဒိယနိုင်ငံမှ ပါရမီရှင်တစ်ဦး
အိန္ဒိယနိုင်ငံ အာမီဒါဘတ်မှာနေထိုင်သူ အနုပညာဖန်တီးသူတစ်ယောက်ဖြစ်တဲ့ Parth Kothekar ဆိုသူဟာ သူ့ရဲ့ အံ့အားသင့်ဖွယ်ကောင်းလှပြီး အသေးစိတ်ကျလှတဲ့ စက္ကူပုံဖော်ဖန်တီးချက် လက်ရာတွေကြောင့် လူသိများလာပါတယ် ။ ဂျီဩမေတြီဆိုင်ရာ ပုံသဏ္ဍာန်တွေ မျဉ်းကြောင်းတွေရဲ့ သင်္ချာရပ်ပိုင်းဆိုင်ရာ အသေးစိတ်ကျမှုတွေကြောင့် သူ့လက်ရာတွေဟာ အတော်လေးကို အသိအမှတ်ပြုလောက်စရာပါပဲ ။
အစပိုင်းမှာတော့ ဒါဟာ ဝါသနာ တစ်ခုသာသာပဲဖြစ်ခဲ့ပေမယ့်လို့ နောက်ပိုင်းမှာတော့ ခင်းကျင်းပြသရလောက်တဲ့အထိ အနုပညာလက်ရာတွေ စုဆောင်းမိလာပြီး အာမီဒါဘတ်ရဲ့ Kanoria စင်တာမှာ သူ့ရဲ့ စက္ကူဖန်တီးပုံဖော်မှု လက်ရာ ၈၄ခုကို ခင်းကျင်းပြသခဲ့ပါတယ် ။
Parth ပြောကြားချက်အရတော့ သူ့ရဲ့ ဖန်တီးမှုလက်ရာတွေက အချိန်နဲ့ အမျှပြောင်းလဲနေပါတယ်တဲ့ ။သူ လက်ရာတစ်ခုကို စတင်ဖန်တီးနေချိန် ခေါင်းထဲမှာ ပုံရိပ်တစ်ခုရှိနေတတ်ပေမယ့် အဆုံးသတ်မှာတော့ ဘယ်လိုပုံစံအနေနဲ့ ပေါ်လာမလဲဆိုတာကိုတော့ သူကိုယ်တိုင်တောင် မသေချာပါဘူးလို့ ဆိုပါတယ် ။ နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာ သူကိုယ်တိုင် စိတ်လှုပ်ရှားနေတတ်ပြီး သူ့ရဲ့ လုပ်ငန်းစဉ်တိုင်းက စမ်းသပ်မှုတစ်ခုလိုပါပဲ ။
ခံစားချက်က အရမ်းကို မှော်ဆန်ပြီး မှင်သက်စရာကောင်းသလို တစ်ခါတစ်လေ သူတို့ထဲမှာ ဘ၀တစ်ခုကို ခံစားနေရသလိုမျိုးပါပဲတဲ့ ။
စက္ကူအဖြူလေးတစ်ရွက်ကို ဘယ်လို လက်ရာမြောက်တဲ့ ပုံတွေ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ အောက်က ပုံလေးတွေမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ရအောင်….
၁။

၂။

၃။

၄။

၅။

၆။

၇။

၈။
