
သင်တို့အားလုံးလည်း လူတစ်ယောက်လေလည်လိုက်တဲ့အချိန်မှာ ဆိုးရွားလှတဲ့အနံ့သက်ကို ခံစားဖူးကြမှာပါ။သင့်အနေလည်းလူအများကြားမှာမတော်တဆပဲဖြစ်ဖြစ်မအောင့်နိုင်လို့ပဲဖြစ်ဖြစ် လေလည်မိနိုင်ပါတယ်။ ထိုအဖြစ်ဆိုးတွေကနေ လွန်မြောက်နိုင်ဖို့အတွက် Flat-D Innovations လို့ခေါ်တဲ့ ကုမ္ပဏီကတော့ ပစ္စည်းတစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ ထိုပစ္စည်းကတော့ Flat-D (Flatulence Deodorizer) လို့ခေါ်တဲ့ အတွင်းခံပြားလေးပဲ ဖြစ်ပါတယ်။
Credit Photo
ထို Flat-D (အတွင်းခံပြား)ဟာ သင်လေလည်လိုက်တဲ့အချိန်မှာ အနံ့ဆိုးတွေကို အပြင်မရောက်အောင် ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုကုမ္ပဏီ၏ထုတ်ကုန် တရားဝင်ဝက်ဆိုဒ်မှာ ဖော်ပြထားတာကတော့ “ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေဟာ အရှက်တကွဲ ဖြစ်စေမယ့် ကိစ္စတွေကို တားဆီးနိုင်ကာ နိုင်ငံပေါင်း ၅၀ ကျော်မှလူတွေရဲ့ လူနေမှုဘဝတွေကိုလည်း တိုးတက်စေမှာပါလို့”လို့ ပြောကြားခဲ့ပါတယ်။
Credit Photo
Flat-D ဟာ ပါးလွှာတဲ့ ကာဗွန်အဝတ်ပြားနဲ့ ပြုလုပ်ထားပြီး အနံ့သက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ထိုထုတ်ကုန်ကို ဆရာဝန်များကလည်း ထောက်ခံချက်ပေးထားကာ ဝမ်းဗိုက်နဲ့ပက်သက်မှုတွေနဲ့ အူသိမ်ပိုင်းအတွင်းရှိ ရောဂါကြောင့် ဖြစ်ပေါ်လာရတဲ့ အနံသက်ဆိုးတွေကိုလည်း သက်သာစေမှာပါ။
Credit Photo
သင့်အနေနဲ့ အခု၃၀ ပါ တစ်ခါသုံးအတွင်းခံပြားများကိုလည်း ဝယ်ယူနိုင်သလို ပြန်အသုံးပြုလို့ရတဲ့ အတွင်းခံပြားကိုလည်း ဝယ်ယူနိုင်ပါတယ်။ ပြန်လည်အသုံးပြုလို့ရတဲ့ အတွင်းခံပြားကို ရေအေးအေးထဲမှာ ညင်ညင်သာသာဆေးကြောကာ ရက်သတ္တပတ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Credit Photo
Flat-D ရဲ့ အလုပ်လုပ်ပုံမှာတော့ သင့်ရဲ့အူလမ်းကြောင်းကနေ စွန့်ထုတ်လိုက်တဲ့ အနံ့ဆိုးများကို မီးခိုးရောင်အတွင်းခံပြားလေးက စုပ်ယူလိုက်တာပဲ ဖြစ်ပါတယ်။ ထိုကြောင့် အနံ့သက်ဟာ ထိုအတွင်းခံပြားထဲမှာပဲ ကျန်နေကာ ဘေးပတ်ဝန်းကျင်ကို မပျံနှံ့နိုင်တော့ပါဘူး။
Credit Photo
ပြန်လည်အသုံးပြုနိုင်သော အတွင်းခံပြားကိုတော့ ၁၅.၅ ဒေါ်လာဖြင့်ရောင်းချနေကာ ဘဝတစ်သက်တာအတွက် အရှက်တကွဲဖြစ်စေရမယ့်ရန်မှ ကင်းဝေးစေမယ့် လက်ဆောင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဘယ်အချိန်ချိန်ဘဲဖြစ်ဖြစ် ထိုပစ္စည်းကိုတော့ Amazon မှာ ဝယ်ယူရရှိနိုင်ပါတယ်။
Reference : vt.co
Soe Htike Lwin
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***