
ပုရွက်ဆိတ်ခေါင်းကိုမှ ရှာရှာဖွေဖွေ အသေးစိတ် ဓာတ်ပုံရိုက်ကူးခဲ့သူ ဓာတ်ပုံဆရာ တစ်ဦး
Joshua Coogler အမည်ရတဲ့ ဓာတ်ပုံဆရာတစ်ဦးကတော့ ပုရွက်ဆိတ်တွေကို အနီးကပ် အသေးစိတ် ဓာတ်ပုံရိုက်ကူးသူတစ်ယောက်ပါ ။ သူဟာ 25mm ultra micro မှန်ဘီလူးကို သုံးပြီး ပုရွက်ဆိတ်တွေကို အနီးကပ် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ် ။
သူ့ရဲ့ ဓာတ်ပုံတွေထဲမှာတော့ ပုရွက်ဆိတ်တွေဟာ သဲထိတ်ရင်ဖို ရုပ်ရှင်ဇာတ်လမ်းတွေထဲက မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာကြီးတွေနဲ့တူပြီး ကြောက်လန့်စရာကောင်းလှပါတယ်။
Coogler က ကင်မရာကို ၅ဆ ချဲ့ထွင်ပြီး ပုရွက်ဆိတ်ရဲ့ ဦးခေါင်းပိုင်းကို အသေးစိတ်ရိုက်ကူးခဲ့ပါသေးတယ် ။
ပုရွက်ဆိတ်တွေကို တစ်ခါမှ အနီးကပ်မကြည့်ဖူးတဲ့ ကျွန်မတို့အတွက်တော့ သူ့ရဲ့ ရိုက်ချက်တွေက မယုံနိုင်စရာကောင်းလောက်အောင် ထင်ရှားပြတ်သားလွန်းနေပြီး ကြက်သီးထစရာလည်းကောင်းလှပါတယ် ။အောက်မှာတော့ Coogler ရဲ့ ပုရွက်ဆိတ်ခေါင်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်….
၁။

၂။

၃။

၄။

၅။

၆။

၇။

၈။
