သရဲခြောက်သည့်ပုံစံဖြင့် ပြည်သူများကို အိမ်အတွင်းမှာပဲနေစေရန် ပြုလုပ်ခဲ့တဲ့ အင်ဒိုနားရှားကရွာသားများ

အင်ဒိုနီးရှားရှိရွာငယ်လေးတစ်ရွာတွင် ကိုရိုနာဗိုင်းရပ် ကပ်ဆိုးကာလ၌ရွာသားများအိမ်မှာပဲ နေထိုင်ကြစေဖို့အတွက် သရဲ ပုံစံများဝတ်ဆင်ကာ ခြောက်လှန့်ခဲ့ကြပါတယ်။ ဂျာဗားကျွန်း Kepuh ရွာရှိ ထိုရွာသားအချို့သည် အဖြူရောင်ဝတ်စုံများဝတ်ဆင်ကာ လမ်းပေါ်တွင် လှည့်လည်သွားလာနေသူများအား ဘေးမှဖြတ်သွားဖြတ်လာပြုလုပ်ကာ ခြောက်လန့်ခြင်းနဲ့ ရုတ်တရက်ခုန်ထွက်ကာခြောက်လှန့်ခြင်းတို့ဖြင့် အိမ်တွင်နေထိုင်စေဖို့ ဖိအားပေးခဲ့ကြသည်။

Credit Photo

သူတို့တွေကတော့ ဒီနည်းလမ်းဖြင့် လူကြီးတွေရဲ့ အယူသီးမှုတွေကို ပျယ်ဖျက်စေကာ အိမ်တွင်းနေထိုင်ကြစေရန် ကူညီနိုင်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ အင်ဒိုးနီးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူပေါင်း ၄၅၅၇ ဦးရှိပြီး သေဆုံးသူ ၃၉၉ဦးရှိကာ တရုတ်နိုင်ငံပြင်ပ အာရှတွင် အဆိုးရွားဆုံးကိုရိုနာဗိုင်းရပ်ဒဏ်ကို ခံနေရတဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

Credit Photo

သမ္မတဂျိုကိုဝီဒိုဒိုကလည်း ဗိုင်းရပ်ပျံ့နှံ့မှုကိုတားဆီးနိုင်ဖို့ ဒေသတွင်း Lock Down များကိုချမှတ်ကာ ပြည်သူတွေကိုလည်း အိမ်မှာနေကြဖို့နဲ့ ကျန်းမားရေးဂရုစိုက်ကြဖို့ကို တိုက်တွန်းထားပါတယ်။ အချို့လူများကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချကာ သရဲပုံစံဖြင့် ကင်းလှည့်ခြင်း၊ Lockdowns ချခြင်း၊သွားလာမှုကန့်သတ်ခြင်းတွေကို ကူညီလုပ်ဆောင်ပေးခဲ့ကြပါတယ်။

Credit Photo

ရွာငယ်လေးတစ်ခုရဲ့ အကြီးအကဲတစ်ဦးဖြစ်သူ Anjar Pancaningtyas က ရဲများနဲ့ ညှိနှိုင်းကာ သာမန်လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့နည်းနဲ့ လူတွေကိုအိမ်ပြင်မထွက်ရဲအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ သူက “ကျွန်တော်က လူတွေကိုမတူကွဲပြားတဲ့ နည်းတစ်ခုနဲ့ ကြောက်စိတ်ဝင်ပြီး အိမ်အပြင်မထွက်ရဲအောင် Pocong ဇာတ်ကောင်တွေဖန်တီးခဲ့တာပါ”လို့ဆိုပါတယ်။ Pocong ဆိုတာကတော့ အင်ဒိုနီရှားရှိ နာမည်ကြီးသရဲကားဖြစ်ပြီး ထိုသရဲ ဇာတ်ကောင်များဟာ မျက်လုံးနဲ့ မျက်နှာပဲဖော်ကာ တစ်ကိုယ်လုံးအဖြူရောင်တွေပဲ ဖုံးအုပ်ထားတာပါ။ အင်ဒိုနီးရှားရာဇဝင်မှာတော့ သူတို့ဟာ သေသူရဲ့ဝိဉာဉ်တွေ ပိတ်မိနေတယ်လို့လည်း ဆိုကြပါတယ်။

Credit Photo

သူတို့ရဲ့ ထိုအစီစဉ်ကို စလိုက်တာနဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ကျေးရွာမှ စေတနာ့ဝန်ထမ်းလူငယ်များဟာ သရဲ ဝတ်စုံဝတ်ဆင်ကာ ရွာထဲမှာလှည့်လည်သွားလာဖို့ ကူညီခဲ့ကြပါတယ်။ ရွာလူကြီးက မိမိရွာသားတွေဟာ ကိုဗစ် ၁၉ ရောဂါ ကိုဘယ်လို ကာကွယ်ရမလဲဆိုတာ အခုထိမသိရှိကြသေးကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် သူတို့တွေဟာ ပုံမှန်ပဲ နေထိုင်နေကြကာ အိမ်မှာနေဖို့ တိုက်တွန်းရတာ အလွန်ခက်ခဲနေကြောင်း သိရပါတယ်။

Credit Photo

အင်ဒိုနီးရှားတက္ကသိုလ်မှ သုတေသီများက အင်ဒိုနီးရှားဟာ မေလမှာ သေဆုံးသူ ၁၄၀၀၀၀ နဲ့ ရောဂါဖြစ်ပွားသူ ၁.၅သန်းထိရောက်လာနိုင်ကြောင်း သတိပေးပြောကြားထားပါတယ်။ ထိုသို့ သရဲ ဇာတ်ကောင် Pocong များပေါ်လာပြီးနောက် ကလေးနဲ့မိခင်များဟာ အိမ်အပြင်မထွက်ကြတော့သလို၊ ညနေပိုင်းဝတ်ပြုပြီးတာနဲ့ လမ်းပေါ်မှာ မည်သူမှ မရှိ ကြတော့ကြောင်း သိရပါတယ်။

Video ကြည့်ရန်

References :Daily Mail

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***