ရိုက်ကွင်းနောက်ကွယ်ကပုံတွေကို အမိုက်စားဓာတ်ပုံတွေနဲ့အတူ ယှဉ်တွဲချခဲ့တဲ့ဓာတ်ပုံဆရာ

ရိုက်ကွင်းနောက်ကွယ်ကပုံတွေကို အမိုက်စားဓာတ်ပုံတွေနဲ့အတူ ယှဉ်တွဲချခဲ့တဲ့ဓာတ်ပုံဆရာ

ကျွန်မတို့ဟာ နေ့စဉ်နေ့တိုင်း ဓာတ်ပုံလှလှလေးတွေကို အင်တာနက်ပေါ်မှာ တွေ့ရတတ်ပါတယ် ။ အမိုက်စားဓာတ်ပုံတွေကို ကြည့်လိုက်ရင် အများစုကတော့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေ အဖွဲ့သားတွေနဲ့အတူ ငွေကုန်ကြေးကျများများနဲ့ ရိုက်ကူးပုံဖော်ထားသလိုပါပဲ ။ ဒါပေမယ့် ဓာတ်ပုံတိုင်းတော့လည်း အဲဒီလိုမဟုတ်ကြပါဘူး။ LA အခြေစိုက် ဓာတ်ပုံဆရာ Geo Leon ကတော့ မှင်သက်အံ့ဩရလောက်တဲ့ ဓာတ်ပုံတွေကိုဖန်တီးဖို့အတွက် စိတ်ကူးစိတ်သန်းကောင်းဖို့နဲ့ Photoshop စကေးတချို့ပဲ လိုတယ်ဆိုတာကို သက်သေပြလိုက်ပါပြီ ။

သူက နေ့စဉ်သွားလာ သုံးစွဲနေကြပစ္စည်းတွေ နေရာတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ နည်းစနစ်ကိုသုံးဆွဲပြီး အလင်းအမှောင် အချိုးကျကျနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ် ။ သူ့မိန်းမ မစ်ချယ် ဒါမှမဟုတ် သူ့သူငယ်ချင်း ခရစ်တို့ကတော့ သူ့လက်ထောက်အဖြစ် အများဆုံးလုပ်ကိုင်ပေးကြသူတွေဖြစ်ပြီး ရိုက်ကွင်းတစ်ခုကို အချိန် တစ်နာရီ နှစ်နာရီဝန်းကျင်လောက်ကြာမြင့်တတ်ပါတယ်။

ပုံတစ်ပုံပြင်ဖို့ photoshop ကိုတော့ တစ်နာရီခွဲ သုံးနာရီဝန်းကျင်လောက် ကြာအောင် အသုံးပြုရပြီး ပုံကြမ်းကနေ ရင်သပ်ရှုမောရလောက်တဲ့ ဓာတ်ပုံတစ်ပုံအဖြစ်ပြောင်းလဲပစ်လိုက်တာပါ ။ သူ့အနေနဲ့ ရိုက်ကွင်းနောက်ကွယ်က ဓာတ်ပုံတွေကို နောက်ဆုံး ထွက်ပေါ်လာတဲ့ ဓာတ်ပုံနဲ့ ယှဉ်တွဲပြသထားပြီး ရလဒ်တွေကတော့ မယုံနိုင်စရာပါပဲ ။ သူ့ရဲ့ လက်ရာတွေက ဘယ်လိုတွေ ဆန်းသစ်နေမလဲဆိုတာကိုတော့ အောက်ကပုံလေးတွေမှာ ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားပေးသွားပါဦးနော်။

1.

2.

3.

4.

5.

6.

7.

8.

9.

10.

11.

12.

13.

14.

15.

16.

17.

18.

19.

20.