2018 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲထဲတွင် ကိုရိုနာဗိုင်းရပ်အကြောင်းပါဝင်ခဲ့

2018 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဒရမ်မာစီးရီးတစ်ခုဖြစ်တဲ့ ” My Secret Terrius ” ဆိုတဲ့ ကိုးရီးယားဇာတ်လမ်းတွဲမှာ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကို ကြိုတင်မှန်းဆပြီး ရိုက်ကူးခဲ့ပါတယ်။ ထိုဇာတ်လမ်းတွဲကိုတော့ မင်းသား So Ji-sub နဲ့ မင်းသမီး Jung In-sun တို့ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Park Sang-hun က ရိုက်ကူးခဲ့ပါတယ်။

Credit Photo

ဇာတ်လမ်းကတော့ Romantic -comedy, Mystery အမျိုးအစားဖြစ်ပြီး အပိုင်း 32 ပိုင်းပါဝင်ပါတယ်။ ထိုဇာတ်လမ်းတွဲရဲ့ အပိုင်း (၁၀) တွင် လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပွားလျက်ရှိတဲ့ Covid 19 ရောဂါနှင့်ဆက်နွယ်ပြီး လူ့အသက်ကိုသေစေနိုင်တဲ့ ရောဂါအကြောင်းရိုက်ကူးထားခြင်း ပါဝင်ခဲ့ပါတယ်။

Credit Photo

ထိုဇာတ်လမ်းထဲတွင် ဆရာဝန်တစ်ယောက်က ” ကိုရိုနာဗိုင်းရပ်က အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ အင်္ဂါရပ်တွေကို တိုက်ခိုက်ပါလိမ့်မယ် “ဟုပြောဆိုခဲ့ပြီး ပိုစိတ်ဝင်စားဖို့ကောင်းတာက လက်တွေ့မှာ ဖြစ်ပျက်နေတဲ့အတိုင်း ” ၎င်းဗိုင်းရပ်ဟာ ၁၄ ရက်ခန့် ရှင်သန်ပေါက်ဖွားနိုင်ကြောင်း” ပြောဆိုခဲ့ပြီး ” ဗိုင်းရပ်ဟာ လူ့အဆုတ်ကို ငါးမိနစ်အတွင်းတိုက်ရိုက် တိုက်ခိုက်မှာဖြစ်ပြီး ကုသရန် ဆေးမရှိကြောင်း “ကိုလည်း ပြောဆိုထားပါတယ်။

Credit Photo

ထိုဇာတ်လမ်းတွဲထဲတွင် ကလေးငယ်များကို ဗိုင်းရပ်ရောဂါကာကွယ်ရန်အတွက် လက်ဆေးနည်းကို သင်ကြားပေးတဲ့ပညာပေးအခန်းလည်း ပါဝင်ခဲ့ပါတယ်။

Credit Photo

” နောက်ကွယ်ကအမှန်တရား ” ဆိုပြီး ၂၀၁၉ တုန်းကလည်း Channel 7 တွင်ပြသခဲ့ပါသေးတယ်။

Credit Photo

Video ကြည့်ရန်

References :www.independent.co.uk

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***