လမ်းမလျှောက်နိုင်တော့တဲ့ အချစ်ဆုံးအဘွားအတွက် နေ့တိုင်း မနက်စာဝယ်ပေးတဲ့ ခွေးလေး

လမ်းမလျှောက်နိုင်တော့တဲ့ အချစ်ဆုံးအဘွားအတွက် နေ့တိုင်း မနက်စာဝယ်ပေးတဲ့ ခွေးလေး

ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ကျေးဇူးသိတတ်လွန်းပြီး သစ္စာရှိလှတဲ့ ခွေးလေးတစ်ကောင်အကြောင်း တင်ဆက်ပေးလိုက်ပါရစေ ။ ခွေးလေးဟာ လမ်းမလျှောက်နိုင်တော့တဲ့ သူ့အဘွားအတွက် မနက်စာကို နှစ်ပေါင်းများစွာကြာအောင် ဝယ်ပေးနေခဲ့တာပါ ။

အရင်ပိုင်ရှင်ရဲ့ ရက်ရက်စက်စက် စွန့်ပစ်ခြင်းကို ခံခဲ့ရတုန်းက ခွေးလေးဟာ လသားအရွယ်သာရှိပါသေးတယ်။ လမ်းဘေးခွေးအဖြစ် နေလာရာကနေ လက်ရှိ ပိုင်ရှင်ဖြစ်တဲ့ အဘွားရဲ့ ကောက်ယူမွေးစားခြင်းကို ခံခဲ့ရတာပါ ။

အဘွားရဲ့ ဂရုတစိုက် ပြုစုပျိုးထောင်ပေးမှုကြောင့် ကောင်းမွန်စွာနေထိုင်လာရတဲ့ ခွေးလေးဟာ တစ်နေ့မှာတော့ သူ့အဘွားကို ကျေးဇူးဆပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ။ အဘွားတစ်ယောက် အပြင်သွားရင်း ချော်လဲရာကနေ လမ်းလျှောက်ဖို့ အဆင်မပြေတော့တာကြောင့် ခွေးလေးခမျာလည်း အဘွားနဲ့ အတူ အပြင်ထွက် ဆော့ကစားဖို့ အခွင့်အရေးမရှိတော့ပါဘူး။

အစပိုင်းတော့ အပြင်မထွက်ရလို့ အဆင်မပြေဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူက စတိုးဆိုင်ဆီသွားတဲ့လမ်းကို အကျွမ်းတဝင်ဖြစ်နေတာကြောင့် နေ့တိုင်း ဆိုင်ကိုသွားပြီး အဘွားအတွက် မနက်စာဝယ်ပေးတဲ့ တာဝန်ကို ယူခဲ့ပါတယ် ။ သူတစ်ကောင်ထဲ စတိုးဆိုင်ကို ပထမဆုံးရောက်သွားတဲ့အချိန် အစောင့်တွေက “ဘာဖြစ်တာလဲ ဘာလို့ တစ်ကောင်ထဲလာတာလဲ” ဆိုပြီး အံ့ဩနေခဲ့ကြပေမယ့် ပါးစပ်ကနေ မု့န်ထုတ်လေးကိုက်ချီပြီး ထွက်သွားတဲ့ သူ့ကိုမြင်တဲ့အချိန်မှာတော့ အားလုံး သဘောပေါက်သွားခဲ့ပါတယ် ။

အခုဆိုရင် ခွေးလေးက မိုးရွာရွာ နေပူပူ သူ့အဘွားအတွက် မနက်စာဝယ်ပေးနေခဲ့တာ ဆယ်နှစ်တောင်ရှိသွားပါပြီ။ သူကိုယ်တိုင် အသက်ကြီးလာပေမယ့်လို့ သူ့အဘွားအတွက်တော့ မနက်စာဝယ်ဖို့ သွားနေဆဲပါတဲ့ ။

ဒါကြောင့် လူတွေက တိရိစ္ဆာန်လေးတွေအပေါ် ကောင်းတာမျိုးရှိပေမယ့် သူတို့ လူသားတွေအပေါ် ပြန်ပေးဆပ်တာကိုတော့ ကျွန်မတို့ လိုက်မမှီတာ အမှန်ပါ ။ ဒါကြောင့် တိရိစ္ဆာန်လေးတွေကို လေးစားပြီး ကြင်ကြင်နာနာ ဆက်ဆံသင့်ကြောင်း ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောလိုက်ပါရစေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*