ကမ္ဘာပေါ်ကကျွန်တော်တို့မသိသေးတဲ့ထူးခြားတဲ့တိရိစ္ဆာန်မျိုးစိတ်များ

ကျွန်တော်တို့နေထိုင်ရာကမ္ဘာဂြိုလ်ကြီးမှာ မတူကွဲပြားတဲ့တိရိစ္ဆာန်မျိုးစိတ်တွေသန်းပေါင်းများစွာ တည်ရှိနေပြီး ထိုထဲကမှ ယခုဖော်ပြပေးမယ့် မျိုးစိတ်တွေကိုတော့ အရင်ကကျွန်တော်တို့ မြင်ဖူးကြားဖူး မှာမဟုတ်ပါဘူး။ထိုထူးခြားတဲ့မျိုးစိတ်တွေက ဘာတွေဖြစ်နိုင်မလဲဆိုတာ သိချင်ရင်တော့ အောက်မှာ ဖော်ပြတဲ့အချက်တွေကို အဆုံးထိဖတ်ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

(၁) ကြက်ဥကြော်ပုံ ဂျယ်လီငါး

12 Egg-mazing Fried Egg Jellyfish Facts - Fact Animal
image source-fact animal

Cotylorhiza tuberculata ဆိုတာ ဂျယ်လီငါးမျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပြီး သူကတော့ ပင်လယ်ထဲမှာ ကြက်ဥကြော်တစ်လုံး ပြုတ်ကျထားပြီး မျောနေသလိုဖြစ်နေပါတယ်။ထိုဂျယ်လီငါးမျိုးစိတ်တွေကိုတော့ မက်တေတာရေးနီးယန်း၊ အေဂျီရန် နှင့် အေဒီယာတစ် ပင်လယ်တွေမှာအများစုတွေ့ရပါတယ်။ထိုကြက်ဥ ဂျယ်လီငါးတွေဟာ အချင်း ၁၆လက်မ အထိကြီးထွားကြပြီးတော့ တိုတဲ့ ခြေလက်တွေများစွာတည်ရှိကာ အရောင်အသွေးစုံတဲ့ ပင်မခန္ဓာကိုယ်ကြီးလည်းရှိပါတယ်။သိုပေမယ့် သူ့မှာစူးလေးတွေရှိပြီး အဲတာကလည်းလူတွေအတွက်တော့ ဘာသက်ရောက်မှုမှမရှိနိုင်ပါဘူး။

(၂) Achrioptera Manga(အင်းဆက်)

image source-Sci news

တောက်ပပြီးအရောင်အသွေးစုံတဲ့ တုတ်ချောင်းကောင်အင်းဆက်ကိုတော့ အရင်ကပရိသတ်ကြီး မြင်ဖူးမှာမဟုတ်လောက်ပါဘူး။တုတ်ချောင်းအင်းဆက် အများစုကတော့ ပုံမှန်အားဖြင့်တုတ်ချောင်းပုံစံအရောင်အသွေးရှိကာ ထိုအရာကဘဲ သစ်တောတွေကြားထဲမှာ ပုန်းကွယ်နေဖို့ကူညီပေးပါတယ်။ Achrioptera Manga မျိုးစိတ်ကတော့ တောက်ပပြီးထင်ရှားတဲ့အပြာရောင် အရောင်ပါရှိပါတယ်။ထိုအင်းဆက်မျိုးစိတ်ကိုတော့ မာဒက်စကာ မြောက်ပိုင်းမှာသာ တွေ့ရပြီး အထီးကောင်တွေကတော့ မိတ်လိုက်နိုင်တဲ့အရွယ်ရောက်ပါက အပြာရင့်ရောင် သို့မဟုတ် အရောင်စပ်တွေအဖြစ်ပြောင်းလဲသွားပါတယ်။သူတို့တွေဟာ သစ်ရွက်တွေကြားထဲမှာ ပုန်းကွယ်နေရမယ့်အစား ပတ်ဝန်းကျင်မှာ တောက်ပကာထင်းရှားနေပြီး သူတို့ရဲ့အတောင်ပံ သေးသေးလေးတွေကိုသုံးပြီးတော့ သူတို့ကိုအမဲလိုက်တဲ့သားရဲတွေကိုခြောက်လှန့်ပါတယ်။

(၃)ဆင်ကြွက်

image source-wikipedia

ဒီချစ်စရာကောင်းတဲ့ အကောင်သေးသေးလေးကတော့ ဆင်ကြွက်ဘဲဖြစ်ပါတယ်။ဒီသေးငယ်တဲ့အင်းဆက်စားနို့တိုက်သတ္တဝါလေးကတော့ အာဖရိကမှာ အရွယ်အစားမျိုးစုံတွေ့နိုင်ပြီး အရွယ်အားဖြင့်တော့ ၃.၉ လက်မကနေ ၁၁.၈လက်မအရှည်ထိကြီးထွားကြပါတယ်။သူ့မှာတော့ရှည်လျားတဲ့နှာခေါင်းတစ်ခုရှိကာ ထိုအရာဟာ ဆင်နှာမောင်းနဲ့ဆင်တူနေပါတယ်။ထိုနှာခေါင်းကတော့ ကြွက်တွေရဲ့ နှာခေါင်းပုံစံသာဖြင့် ကာ ဆင်နှာမောင်းနဲ့အလုပ်လုပ်ပုံတော့မတူပါဘူး။ဆင်ရွက်ဟာကမ္ဘာပေါ် သေးငယ်တဲ့နို့တိုက်သတ္တဝါတွေထဲက အမြန်ဆုံးသွားလာနိုင်တဲ့နို့တိုက်သတ္တဝါတစ်ကောင်ဖြစ်ကာ 17.9mph အမြန်နှုန်းနဲ့သွားလာနိုင်ပါတယ်။

(၄)Devil Stinger(အဆိပ်ငါးမျိုးစိတ်)

image source-wikipedia

ဒီလိုကြမ်းတမ်းရုပ်ဆိုးတဲ့ငါးမျိုးကိုအရင်ကတွေ့ဖူးပါသလား? ထိုငါးကတော့ ပင်လယ်မိစ္ဆာ သို့မဟုတ် ပင်လယ် မှင်စာလို့လည်းသိကြပါတယ်။ထိုငါးကတော့ အဆိပ်ငါးမျိုးစိတ်တစ်ခုဖြစ်ကာ ကျောက်ငါးနဲ့လည်းဆက်စပ်မှုရှိပါတယ်။သူရဲ့အရေပြားကိုတော့ ကြက်နို့လိုအကျိတ်တွေ အဆိပ်ရှိတဲ့ဆူးတောင်တွေနဲ့ဖုံးအုပ်ထားပါတယ်။ထိုငါးဟာငါးလိပ်ကျောက်လိုမျိုးရင်ဘက်မှာရှိတဲ့ရေယက်ခြေထောက်တွေကိုသုံးကာ ပင်လယ်ကြမ်းပြင်မှာ ဖြည်းဖြည်းချင်းတွားသွားပြီး ရွေ့လျားပါတယ်။ထိုငါးတွေဟာ အရှည် ၁၀လက်မထိကြီးထွားနိုင်ကာ အဝါ သို့မဟုတ် အနီရောင် အရေပြားကိုပိုင်ဆိုင်ထားပါတယ်။ထိုအရောင်တွေကတော့ သူ့ကိုပင်လယ် ကြမ်းပြင်မှာရှိတဲ့ သဲတွေထဲမှာ ပုန်းကွယ်နေနိုင်ဖို့အတွက်ကူညီပေးပါတယ်။

(၅)သရဲငါးမန်း

image source-Journal News

ဒီကြက်သီးထစရာကောင်းတဲ့ ငါးကိုတော့ chimera လို့ခေါ်ပြီး သရဲငါးမန်း လို့လည်းသိကြပါတယ်။ထိုငါးတွေကိုတော့ ပင်လယ်ကြမ်းပြင်အောက်အနက်ပေ ၈၅၀၀ပေရှိတဲ့ အပူအအေးမျှတဲ့နေရာတွေမှာတွေ့ရမှာဖြစ်ပါတယ်။chimera တွေမှာတော့ ချောမွတ်ပြီး ဗြောင်ဖြစ်နေတဲ့အရေပြားကိုပိုင်ဆိုင်ထားကာ မျက်နှာပေါ်မှာတော့ အာရုံခံနိုင်တဲ့အမှတ်အသားကိုယ်အင်္ဂါအစိတ်အပိုင်းပါ ရှိကာ ထိုအရာကာ ကရေထဲမှာရှိတဲ့လျှပ်စစ်စက်ကွင်းတွေကို အာရုံခံနိုင်ကာ သားကောင်တွေကိုရှာဖွေနိုင်ဖို့လည်းကူညီပေးပါတယ်။