အနာဂတ်မှာ ဖြစ်လာနိုင်တယ့် နည်းပညာများ

သိပ္ပံပညာရှင်တွေက အသစ်အသစ်သော နည်းပညာတွေကို လေ့လာပြီး ဒီလေ့လာမှုတွေကို လူသားတွေတိုးတက်လာအောင် အကျိုးပြုတဲ့နေရာမှာ အသုံးချတတ်ကြပါတယ် ။တိုးတက်လာတဲ့ လူဦးရေနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် စွမ်းအင် အစားအစားနဲ့ တခြားအရင်းအမြစ်တွေအားလုံး နည်းပါးလာတာနဲ့ အမျှ အခုလိုမျိုး နည်းပညာတိုးတက်လာခြင်းက လူသားတွေကို အကျိုးပြုနိုင်ရုံတင်မကဘဲ နောင်လာမယ့် မျိုးဆက်သစ်တွေကိုပါ ဒီနည်းပညာတွေ လေ့လာမှုတွေကို လက်ဆင့်ကမ်းနိုင်မှာပဲဖြစ်ပါတယ် ။

၁။ အက်တမ် အဆင့်မှာ ပစ္စည်းတွေကို တည်ဆောက်ပြီး ထိန်းချုပ်နိုင်တယ့် နန်နိုဘော့တွေကို သိပ္ပံပညာရှင်တွေက တည်ဆောက်နေပါပြီ ။လတ်တလောမှာတော့ ကင်ဆာ ကုသမှု ဆေးပညာပိုင်းဆိုင်ရာ အသုံးချမှု နဲ့ ကိရိယာတွေ အာရုံခံတဲ့နေရာမှာ အသုံးချနေပါတယ် ။သိပ္ပံပညာရှင်တွေယုံကြည်ထားတာက သူတို့က ကိုယ်တိုင် ပွားများနိုင်ပြီး လူသားတွေရဲ့ လုပ်ဆောင်မှုကို တိုးတက်စေကာ အာကာသမစ်ရှင်တွေမှာလည်း အထောက်အကူပြုလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Image credit: Shutterstock

၂။ခေတ်လွန် အသုံးအဆောင်တွေနဲ့ ရေပေါ် မြို့တွေကို တိုးပွားလာတဲ့ လူဦးရေပြဿနာကို ဖြေရှင်းဖို့အတွက် ၁၉၆၀ ထဲက သိပ္ပံပညာရှင်တွေ စိတ်ကူးယဉ်ခဲ့တာပါ ။ UN ကတော့ အလံစိမ်း ပြထားပြီး ရေပေါ်ကျွန်း ၄.၅ ဧကကို လူ ၃၀၀ အတွက် နေစရာပေးနိုင်တယ့် နေရာ တစ်ခုအဖြစ် ပြောင်းလဲဖို့​ ပေးထားပါတယ်။

Oceanix city via businessinsider.in

၃။ဗစ်ထရိုလို့ခေါ်တဲ့ လူလုပ်အသားက သတ်သတ်လွတ်သမားနဲ့ အသားစားသုံးသူတွေအတွက်အခြေခံ ထုတ်လုပ်ထားတာပါ ။ လူဦးရေ တိုးတက်လာပြီး ရာသီဥတု ပြောင်းလဲလာတာနဲ့ အမျှ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထားတဲ့ အသားတွေက အနာဂတ်မှာ ယုံကြည်ရပြီး အကျိုးရှိမယ့်အ သားတစ်မျိုး ဖြစ်လာမှာပါ။

Image credit: Shutterstock

၄။MIT ကိုသိပ္ပံပညာရှင်တွေက လူတစ်ယောက်ရဲ့အိပ်မက်ကို မှတ်တမ်းတင်ဖို့ ကြိုးစားနေပြီး အိပ်မက်ကို ထိန်းချုပ်ဖို့ တပ်ဆင်နိုင်တဲ့ ကိရိယာ နဲ့အတူ လူတစ်ယောက်ရဲ့ အိပ်မက်ကိုလမ်းပြဖို့ ကြိုးစားနေတာပါတဲ့ ။အိပ်မက်မက်နေတဲ့ ဦးနှောက်နဲ့အတူ အဲဒါကို ထိန်းချုပ်ဖို့ နောက်ထပ် လေ့လာမှုတွေလည်း အများကြီးလုပ်ဦးမှာပါ ။ တဖြည်းဖြည်းနဲ့ လူတစ်ယောက်ရဲ့ သင်ယူမှုနဲ့ ဖန်တီးနိုင်စွမ်းကိုပါ တိုးတက်လာအောင် လုပ်ဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Image credit: news.mit.edu

၅။သုတေသနပညာရှင်တွေက ဦးနှောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာပုံစံကို မှတ်တမ်းတင်ရာကနေ ကျွန်မတို့ရဲ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ကွန်ပြူတာထဲ ဒစ်ဂျစ်တယ် ကော်ပီအဖြစ်ကူးဖို့ထိ ချဉ်းကပ်လေ့လာနေပါတယ် ။

Image credit: Shutterstock

၆။ဆေးပညာလောကမှာ လူသားတွေရဲ့ ကိုယ်တွင်း အင်္ဂါကို ထုတ်လုပ်ပြီး အနာဂတ် ကိုယ်တွင်း အင်္ဂါ အစားထိုး လဲလှယ်ကုသမှုမှာ အသုံးချနိုင်ဖို့ သုတေသနတွေလုပ်နေပါတယ် ။ သိပ္ပံပညာရှင်တွေက ကိုယ်တွင်းအင်္ဂါနဲ့ လုပ်ဆောင်ပုံ ဖွဲ့စည်းပုံချင်းတူတဲ့ တစ်ရှူးတွေထုတ်လုပ်တဲ့နေရာမှာ အောင်မြင်ပြီး ရှေ့ဆက် မိဘတွေရဲ့ stem cell ကနေ လုံးဝ အပြည့်အစုံ အလုပ်လုပ်တဲ့ ကိုယ်တွင်းအင်္ဂါ ကို ထုတ်လုပ်ဖို့အထိ ကြိုးစားနေကြပါပြီ။

Image credit: Lindsay France/Cornell University Photography via livescience.com

၇။နျူကလီးယား ဖျူးရှင်းကို အနာဂတ်ရဲ့ စွမ်းအင်အဖြစ် အဆုံးမရှိတဲ့ စွမ်းအားအရင်းအမြစ်အဖြစ် တွေးခဲ့တာ ကြာပါပြီ ။ ဒါပေမယ့် အပူချိန် ထိန်းချုပ်မှုနဲ့ စီးပွားရေးအရ ဖြစ်နိုင်ချေကတော့ လိုသေးပါတယ် ။ အောင်မြင်ရင်တော့ ၂၀၆၀ မှာ ကမ္ဘာကြီးက စွမ်းအင်လိုအပ်ချက်ရဲ့ ၁ % ကို ဖြည့်တင်းပေးနိုင်မှာပါ။

Image credit: Shutterstock

၈။ကမ္ဘာကြီးပေါ်က စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းဖို့ လွန်ခဲ့တဲ့နှစ်ပိုင်းက အာကာသ မိုင်းခွဲပြီး ကျောက်ဖြစ် ရုပ်ကြွင်း လောင်စာတွေကို အသုံးချဖို့ ပြောဆိုနေခဲ့ကြတာပါ ။ ဂျူပီတာက ရေခဲတွေကို အပူချိန် ထိန်းချုပ်မှု တွန်းကန်စွမ်းအားနဲ့ ဓာတ်ရောင်ခြည် ကာကွယ်ဖို့ အတွက် လိုအပ်တဲ့ပစ္စည်းတွေ ထုတ်တဲ့နေရာမှာ သုံးနိုင်ပြီး ကုန်ကျစရိတ်ကိုလည်း အများကြီးလျှော့ချနိုင်ပါတယ်။

16 Psyche. Image credit: Shutterstock

၉။မျိုးရိုးဗီဇ အစိတ်အပိုင်း ဖော်ပြခြင်းမခံရတဲ့ ဒီအန်အေ ပြောင်းလဲမှုကို epigenetics လို့ခေါ်ပါတယ် ။ ပြန်လည် ပြောင်းလဲလို့ရနိုင်တဲ့ ပြင်ပဒီအန်အေ ဆင့်ကဲပြောင်းလဲမှု ဆိုပေမယ့် သူက ဒီအန်အေရဲ့ တည်ဆောက်ပုံကိုပါပြောင်းလဲသွားစေပါတယ် ။ ဒီဖြစ်စဉ်ကိုတော့ ဘယ်မှာအသုံးချလို့ရမလဲဆိုတာ လေ့လာနေဆဲပါ။

Image credit: Shutterstock

၁၀။အာကာသယာဉ်နောက်က နျူကလီးယား ထိပ်ဖူးကနေ ဖန်တီးတဲ့ shockwave ဟာ နျူကလီးယား တွန်းကန်အားကိုလေ့လာဖို့ ကူညီပေးပါတယ် ။ဒီလေ့လာမှုကိုတော့ အမေရိကမှာ တားမြစ်ထားပါတယ်။

Project Orion. Image credit: Henry Holt and Company via daviddarling.info, Adrian Mann via daviddarling.info