ကမ္ဘာပေါ်မှ အန္တရာယ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံး အင်းဆက် (၁၀)မျိုး

ကမ္ဘာပေါ်မှာ ကြောက်စရာသတ္တဝါတွေအများကြီးရှိပါတယ် ။ ဒါပေမယ့် ဘယ်အရာကမှ ကြောက်ရွံ့စရာ တွားသွားသတ္တဝါ အင်းဆက်တွေလောက်တော့ လန့်စရာမကောင်းပါဘူးနော် ။ ဒါကြောင့် အခုတစ်ခေါက် ဆောင်းပါးလေးမှာတော့ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး အင်းဆက်မျိုးစိတ် ဆယ်မျိုးကို စုစည်းတင်ပြသွားပေးမှာပဲ ဖြစ်ပါတယ်။

၁။တာတန်တူလာ ဟော့ခ်

Paul Nylander via bugman123.com

ကြည့်လိုက်ရင် လိပ်ပြာနဲ့ခပ်ဆင်ဆင်တူတဲ့ အကောင်လေးကတော့ ပင့်ကူတွေအတွက် အိပ်မက်ဆိုးပါတဲ့ ။ ကမ္ဘာပေါ်မှာ အနာကျင်ဆုံး တုပ်နိုင်တဲ့ အင်းဆက်လို့လဲဆိုလို့ရပါတယ် ။ နာကျင်မှုက ဆိုးလွန်းတာကြောင့် သူကိုက်ခံပြီးသွားရင် ရုတ်တရက်ဓာတ်လိုက်သလို ကျင်တက်သွားပါတယ်တဲ့ ။ ဒါကြောင့် ဒီအကောင်ကိုက်တာ ခံရပြီးရင်တော့ လှဲချပြီးသာအောက်လိုက်တော့နော် ။ နောက်ပြီး ဒီအင်းဆက် အမ တွေကပင့်ကူတွေကို အမဲလိုက်လေ့ရှိပါတယ်တဲ့။

၂။ လိုနိုမီးယား အော့ဘ်လစ်ကွာ

Image credit: Centro de Informações Toxicológicas de Santa Catarina via commons.wikimeia.org, Tainá Furtado via guatemala.inaturalist.org

ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး ဘောက်ဖတ်လို့တောင် ပြောလို့ရပါတယ် ။ တောင်အမေရိက မိုးသစ်တောတွေမှာ တွေ့ရပြီး သူတို့ရဲ့ ရှည်လျား ချွန်ထက်ပြီး လူ့အသားကို ထိုးဖောက်နိုင်ပါတယ်တဲ့ ။ သူတို့ရဲ့ ခုခံကာကွယ်တဲ့ နည်းစနစ်က ပြင်းထန်လွန်ပြီး သူတို့အဆိပ်က လူသားတွေကို သေစေနိုင်တဲ့ထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၃။တောင်ပိုင်း ဟောက်စ် ခြင်

Image credit: via shutterstock

Culex quinquefasciatus ကိုတောင်ပိုင်း ဟောက်စ်ခြင်လို့ အသိများပြီး အေဗီးယန်း ငှက်ဖျားရောဂါကို ဖြစ်ပွားစေနိုင်တဲ့ ခြင်အမျိုးအစားပါ ။ စိန့် လူးဝစ် ဦးနှောက်အမြှေးရောင်ရောဂါ ဇီကာ ဗိုင်းရပ်စ် စတာတွေကို လည်း ဖြစ်ပွားစေနိုင်ပါတယ် ။ တခြားခြင်တွေလိုမဟုတ်ဘဲ အကောင်လဲ ပိုကြီးပါတယ် ။ သင်သာ သူတို့ကြားထဲက မတော်တဆဖြတ်သွားမိပြီဆိုရင်တော့ သေချာလေး တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားပါ ။ရေမြောင်းတွေမှာပေါက်ဖွားတတ်ပြီး ခြင်ကိုက်ရာကနေ ရောဂါကူးစက်ပြန့်ပွားတတ်ပါတယ်။

၄။ တောကြီး ယင်မည်းကောင်

Image credit: via shutterstock

ကျွဲ မှက်လို့သိထားတဲ့ ဒီယင်ကောင်ကြီးတွေက ကပ်ပါးကောင်တွေနဲ့ ရောဂါပိုးတွေအများကြီးကို သယ်ဆောင်လာတတ်ပြီး river blindness လို့ခေါ်တယ့် မျက်လုံးအမြင်အာရုံကွယ်မှုကို ဖြစ်ပွားစေနိုင်ပါတယ် ။ လူသားတွေနဲ့ သွေးနွေးသတ္တဝါတွေရဲ့ သွေးထဲ ရှင်သန်နိုင်ပြီး အများစုကိုတော့ အာဖရိကမှာတွေ့ရတတ်ပါတယ် ။ရောဂါကူးစက်ခံရသူတွေက အမြင်အာရုံချို့တဲ့ခြင်း အလွန်အမင်းယားယံခြင်း အရေပြားရောဂါ ဖြစ်ပွားခြင်းနဲ့ တစ်သက်တာ မျက်လုံးကွယ်ခြင်းထိတောင် ဖြစ်စေနိုင်ပါတယ် ။

၅။ ခြေမည်း မွှား သို့မဟုတ် သမင်မှာကပ်တွယ်တတ်သော မွှား

Image credit: shutterstock

ကြောက်စရာကောင်းလှတဲ့ ဒီအင်းဆက်လေးကတော့ Lyme disease လို့ခေါ်တဲ့ လိုင်းမ် ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ် ။ သွေးနီဥတွေကို ကူးစက်ဖျက်စီးတတ်သလို မွှားကြောင့် နောက်ဆက်တွဲရောဂါတွေဖြစ်ပွားလာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အခြေအနေထိဖြစ်လာနိုင်ပါတယ် ။ လူရဲ့ အရေပြားကို ၄၈ နာရီတွယ်ပြီးရင်တော့ သင့်အနေနဲ့ ရောဂါကူးစက်နိုင်ခြေပိုများသွားပါပြီ ။ တစ်ခါကိုက်ခံရပြီးတာနဲ့ ရက်ပေါင်း ၃၉လောက် အရမ်းကို ယားယံနေမှာပါ ။ချမ်းတုန်ဖျားခြင်း ကိုယ်လက် မအီမသာ နွမ်းနယ်ခြင်းနဲ့ ခန္ဓာကိုယ်ယားယံခြင်းတို့အပြင် ပြန်ရည်ကြိတ်များ ရောင်လာနိုင်ပါတယ် ။ အမေရိကမှာ အများဆုံးတွေ့ရပြီး မြက်ထူတဲ့နေရာတွေမှာ နေထိုင်တတ်တာကြောင့် သင့်အနေနဲ့ အဲဒီလိုနေရာမျိုးတွေကို သတိထားပြီးသွားလာသင့်ပါတယ်။

၆။ Tsetse ယင်ကောင်

Image credit: Geoffrey M. Attardo via srf.ch

အာဖရိကမှာတွေ့ရတတ်ပြီး ကိုက်တတ်တဲ့ ယင်ကြီးမျိုးပါ ။ သူကတော့ sleeping sickness လို့ခေါ်တဲ့ ရောဂါကို ဖြစ်စေပြီး ရောဂါလက္ခဏာတွေကတော့ အိပ်မပျော်ခြင်း စိတ်ရှုပ်ထွေးခြင်း ပင်ပန်းနွမ်းနယ်ခြင်း နဲ့ တက်ခြင်း ဟန်ချက်မထိန်းနိုင်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ် ။ သေစေနိုင်တဲ့အထိ ပြင်းထန်ပြီး ကိုယ်ဝန်ဆောင်တွေမှာ မိခင်ကနေ တစ်ဆင့် ကလေးကိုပါ ကူးစက်နိုင်ပါတယ် ။ ဒီ ယင်ကောင်အကိုက်ခံရပြီဆိုတာနဲ့ ဖျားမယ် ခေါင်းကိုက်မယ် ယားမယ် နောက်ပြီး အဆစ်အမြစ်တွေ ကိုက်ခဲလာတတ်တယ်လို့လဲဆိုပါတယ် ။

၇။Anopheles ( အနောဖလိစ် ခြင်ကျား)

Image credit: via shutterstock

မျိုးစိတ်ပေါင်း ၄၆၀ ကျော်ရှိပြီး ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တဲ့ ခြင်အကြောင်းကိုတော့ လူတိုင်း သိပြီးသားဖြစ်မှာပါ ။တချို့နိုင်ငံတွေမှာတော့ ငှက်ဖျားရောဂါက အရှင်းပျောက်ကင်းသွားပြီဖြစ်ပေမယ့်လို့ အာဖရိကမှာတော့ သေစေနိုင်တဲ့ ရောဂါအဖြစ်ခံစားနေရတုန်းပါ ။
လူသားမျိုးနွယ်ကို နှစ်တိုင်း ဒုက္ခပေးနေတဲ့ အန္တရာယ်အများဆုံးအင်းဆက်တစ်ကောင်ဆိုလည်း မမှားပါဘူး။

၈။မိုင်ရာမီစီရာ သို့မဟုတ် ကျည်ဆံ ပုရွက်ဆိတ်

Image credit: via shutterstock

အကိုက်ခံရရင် အပြင်းထန်ဆုံးနာကျင်မှုကို ခံစားရမှာဖြစ်ပြီး ဒေါသလဲအလွန်ကြီးတဲ့ ပုရွက်ဆိတ်မျိုးပါ ။ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး အင်းဆက်အဖြစ် ဂင်းနစ်မှတ်တမ်းကို စွဲကိုင်ထားဆဲဖြစ်ပြီး လူသားတွေကို ကြောက်ရွံ့ခဲပါတယ် ။ တစ်ကြိမ်ထဲနဲ့ ဆက်တိုက် အခေါက်ရေအများကြီး ကိုက်နိုင်ပြီး ကိုက်လိုက်တိုင်းကို အဆိပ်တွေ ထိုးသွင်းတာပါ ။ တခါတလေဆို လူကြီးတစ်ယောက်ကို ၁၅ မိနစ်အတွင်း သေစေနိုင်လောက်တဲ့အထိ အင်အားပြင်းပါတယ်တဲ့ ။

၉။အာဖရိက ပျား

Image Credit: Lies Van Rompaey via inaturalist.org

လူသတ်သမား ပျားလို့တောင် ခေါ်လို့ရပါတယ် ။ ဥရောပ ပျားနဲ့ အာဖရိက ပျားမျိုးစပ်ထားတာဖြစ်ပြီး ဒေါသလဲကြီးသလို လူတွေအတွက် အတော်လေးကို ခြိမ်းခြောက်မှုဖြစ်စေတဲ့ ပျားတစ်မျိုး ပါ ။ လူတစ်ယောက်ကို လေးရာမီတာလောက်ထိ လိုက်နိုင်ပါတယ်တဲ့ ။မြင်းတွေနဲ့ တချို့ တိရိစ္ဆာန်တွေတောင် သူတို့လက်ချက်ကြောင့် သေဆုံးရတယ်လို့ မှတ်တမ်းတွေမှာလည်းဆိုထားပါတယ်။မျက်လုံးနဲ့ မျက်နှာကို အဓိကထားတိုက်ခိုက်ပြီး အရေပြားရဲ့ မည်းမှောင်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ပါတယ် ။ သူတို့က အုပ်စုလိုက် ဝိုင်းတိုက်ခိုက်တတ်တာကြောင့် သင့်အနေနဲ့ သူတို့ကို ရင်ဆိုင်ကြုံတွေ့ရပြီဆို ပြေးရုံမှ တစ်ပါး အခြားမရှိတာကို အမှတ်ရလိုက်ပါ။

၁၀။ဩစတေးလျ ပင့်ကူ

Image credit: via shutterstock

အဆိပ်အပြင်းဆုံးနဲ့ သေစေနိုင်တဲ့ ဒီပင့်ကူတွေက အကောင်လည်းကြီးသလို စွမ်းအားလည်းကြီးပြီး လက်သည်းတွေ ဖိနပ်အပျော့တွေကို ချွန်ထက်တဲ့ အစွယ်နဲ့ ထိုးဖောက်နိုင်ကြသူတွေပါ ။ ဒီ ပင့်ကူတွေက အများအားဖြင့် အနက်ရောင်ရှိပြီး အထီးက အမတွေထက်ပိုပြီး အဆိပ်ပြင်းကြပါတယ် ။တစ်ခါအကိုက်ခံရတာနဲ့ တစ်နာရီအတွင်း ဆိုးရွားတဲ့ လက္ခဏာတွေကို ခံစားရနိုင်သလို အထူးသဖြင့် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေပါတယ်တဲ့ ။ နှလုံးခုန်နှုန်းတွေ မြန်လာမယ် နောက်ပြီး သွေးပေါင်ချိန်တွေတက်လာကာ ထုံကျင်လာပြီး အသက်ရှုရခက်လာနိုင်ပါတယ် ။ လူငယ်တွေနဲ့ ကလေးတွေက ပိုဆိုးရွားနိုင်တာကြောင့် သူ့ကိုလည်း လျော့တွက်လို့မရတာတော့ အမှန်ပါ ။