ဧဝရက်တောင်ထက်တောင် မြင့်တဲ့ နေအဖွဲ့အစည်းစနစ်ထဲက အမြင့်ဆုံးတောင်ကြီး

တောင်ထိပ်ထိကို ရောက်အောင်တက်ပြီး အသက်ရှုမှားလောက်တဲ့ အောက်က မြင်ကွင်းကို ငုံ့ကြည့်ရတာလောက် ကြောက်စရာကောင်းတဲ့အရာမရှိပါဘူး။ လူတချို့အတွက်တော့ ဟိမ၀န္တာ တောင်တန်းကြီးထဲက ဧဝရက်တောင်လို့ လူသိများတဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ကြီးက လူအချို့ကိုတော့ တက်ချင်လာအောင် ဆွဲဆောင်နေပါတယ် ။တကယ်တော့ ဒီတောင်ကြီးက ကျွန်မတို့ နေအဖွဲ့အစည်းစနစ်မှာတော့ သေးငယ်တဲ့တောင်လေးတွေထဲကတစ်ခုပါပဲ။

ဒါဆိုရင် နေအဖွဲ့အစည်းထဲမှာ အရှည်ဆုံးတောင်က ဘာဖြစ်နိုင်မလဲ ?

credit photo

နေမှ လေးခုမြောက်ဂြိုလ် နေအဖွဲ့အစည်းထဲက အမြင့်ဆုံးတောင်က ကမ္ဘာဂြိုလ်ပေါ်မှာ မဟုတ်ဘူးလို့ သိလိုက်ရတဲ့အချိန် လူတော်တော်များများ အံ့ဩသွားကြမှာပါ ။ ပြီးတော့ ကျောက်ဆောင်ထူထပ်တဲ့ ဂြိုလ်တွေနဲ့ နေအဖွဲ့အစည်းထဲက လတွေမှာ ကြီးမားတဲ့ တောင်ကြီးတစ်တောင်ရှိနေဖို့ကလည်း နယ်မြေလုံလုံလောက်လောက် မရှိနိုင်ဘူးလေ။ဒါပေမယ့် တကယ်တော့ နေအဖွဲ့အစည်းစနစ်ထဲက အမြင့်ဆုံးတောင်က မားစ်ဂြိုလ်ပေါ်က ” အိုလမ်ပတ်စ် မွန်စ် ” တောင်ပါပဲ ။ လက်ခံရခက်ပေမယ့်လို့ ဒီကြီးမားပြီး အလွှာအထပ်ထပ်ရှိနေတယ့် မီးတောင်ကြီးက သူ့ရဲ့ အနီရောင်ဂြိုလ်မျက်နှာပြင်ပေါ်ကနေ ၁၆ မိုင် သို့မဟုတ် ပေ ၈၄၄၈၀ ရှိပြီး မားစ်ဂြိုလ်ပေါ်က မီးတောင်ကြီး ဒါဇင်နဲ့ ချီရှိတဲ့ထဲက တစ်ခုဖြစ်ပါတယ် ။

credit photo

နှိုင်းယှဉ်ပြရရင်တော့ ကမ္ဘာပေါ်က အမြင့်ဆုံး မီးတောင်ဖြစ်တဲ့ Mauna Kea တောင်မှ ပင်လယ်ရေမျက်နှာပြင်အထက် ၆မိုင် (၁၀ ကီလိုမီတာ ) မြင့်ပြီး ပင်လယ်ရေမျက်နှာပြင်က ကြည့်မယ်ဆိုရင်တော့ ၂.၆ မိုင် ( ၄.၁ ကီလိုမီတာ ) ပဲ မြင်ရမှာဖြစ်ပါတယ် ။ပိုပြီး အံ့ဩစရာကောင်းတာက အိုလမ်ပတ်စ် ရဲ့ထိပ်မှာ ကြီးမားလှတဲ့ မီးတောင် နှုတ်ခမ်းဝကြီးဟာ မိုင် ၅၀ ( ၈၀ ကီလိုမီတာ ) ထိကို ကျယ်ပြန့်စွာရှိနေပါတယ် ။ အဲဒီအချိန် အိုလမ်ပတ်စ်ရဲ့ အောက်ခြေကတော့ ၃၄၁ မိုင် ( ၅၄၉ ကီလိုမီတာ ) ရှိပြီး အခြေခံကျကျပြောရရင် မစ်စ္စစပီ ရဲ့ အတိုင်းအတာ ရှိတာပါ ။

အိုလမ်ပတ်စ် မွန်စ်က ဘာလို့ အဲဒီလောက် ကြီးမားရတာလဲ ?

credit photo

ကမ္ဘာကြီးရဲ့အချင်းအားဖြင့် မားစ်ဟာ တစ်ဝက်လောက်ပဲ ရှိတယ်လို့ ထင်ရပေမယ့် အိုလမ်ပတ်စ် က ဧဝရက်ထက် နှစ်ဆ မြင့်ပါတယ် ။ သိပ္ပံပညာရှင်တွေကတော့ ဒီလိုဖြစ်ရတာ အချက်သုံးချက်ကြောင့်လို့ ဆိုထားပါတယ်။ ပထမဆုံးအချက်ကတော့ ကမ္ဘာကြီးထက် ပိုပြီး မီးတောင်တွေ များတဲ့ဂြိုလ်ဖြစ်လို့ပါ ။ကျွန်မတို့ဂြိုလ်မှာ မီးတောင်လှုပ်ရှားမှုတွေက ဟိုးအရင်တုန်းက များပေမယ့်လို့ မားစ်ပေါ်မှာက ပိုပြီး လှုပ်ရှားမှုများပါတယ်။ ထပ်ပြီးတော့ မားစ်ပေါ်က မြေလွှာတွေက ကမ္ဘာပေါ်မှာထက်ရွေ့တာပိုနှေးပါတယ်။ဒါကြောင့် ကြီးမားတဲ့ တောင်ကြီးတွေ ဖြစ်ပေါ်လာတာပါ ။နောက်ဆုံးကတော့ မားစ်ပေါ်က ဆွဲငင်အားဟာ ကမ္ဘာကြီးထက် ၃၈ ရာခိုင်နှုန်း ပိုပြင်းထန်ပါတယ် ။ ဂြိုလ်နှစ်ခုရဲ့ ထုထည် ကွာခြားချက်ကြောင့်လို့ ဆိုထားပါတယ် ။ ကမ္ဘာကြီးလိုမျိုး ဆွဲငင်အားက တူညီတဲ့နည်းလမ်းနဲ့ အောက်ကို ဆွဲမချနေတာကြောင့် တောင်တွေက ပိုပြီး မြင့်လာတာ ဖြစ်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားကြပါတယ် ။
ဒီအချက်တွေအားလုံးကြောင့် ကျွန်မတို့နေအဖွဲ့အစည်းစနစ်ထဲမှာ အိုလမ်ပတ်စ်က အမြင့်ဆုံးတောင် ဖြစ်လာတာပါ။

ကမ္ဘာကြီးပေါ်က အမြင့်ဆုံးတောင်များ

credit photo

နေအဖွဲ့အစည်းထဲက အမြင့်ဆုံးတောင်ဆိုတာ မားစ်ဂြိုလ်ပေါ်မှာဆိုရင် ကျွန်မတို့ကမ္ဘာဂြိုလ်ပေါ်က အမြင့်ဆုံးတောင်တွေက ဘယ်လို ဖြစ်လာလဲ။ လူတွေတော်တော်များများက ဧဝရက်တောင်ဟာ ပေပေါင်း ၂၉၀၂၉ ပေ (၈၈၄၈ မီတာ ) မြင့်ပြီး အမြင့်ဆုံးတောင်လို့ ဆိုထားပေမယ့်လို့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးတောင်လို့ပဲ ပြောရမှာပါ ။ တကယ်တမ်းတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်မဟုတ်ပါဘူး ။ဟာဝိုင်အီက Mauna Kea ကတော့ ပင်လယ်ကြမ်းပြင်ကနေ ပေ ၃၃၅၀၀ ( ၁၀၂၁၀ မီတာ) ရှိပြီး အမြင့်ဆုံးတောင်လို့တောင် စဉ်းစားလို့ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*