သူ့ကိုယ်သူ ပျောက်ဆုံးနေကြောင်း ရဲစခန်းမှာ အကူအညီတောင်းခဲ့တဲ့ ခွေးလေးချီကို

လမ်းပျောက်နေတဲ့သူတစ်ယောက်ဟာ ရဲအရာရှိတွေကို အကူအညီတောင်းရမှန်း သိကြပါတ​ယ် ။ အဲဒီလိုပဲ ခွေးလေး ချီကိုဟာ သူ့သခင်ကို ပျောက်သွားတဲ့အချိန်မှာ ရဲစခန်းက အကူညီတောင်းလို့ ရမယ့် အကောင်းဆုံးနေရာမှန်းသိခဲ့ပါတယ် ။

ဒီဉာဏ်ကောင်းလှတဲ့ ခွေးလေးကတော့ တက်ဆက်စ် က အိုဒက်ဆာ ရဲစခန်းထဲကို ဝင်သွားခဲ့ပြီး သူ့ပြဿနာကို တိုင်ကြားခဲ့တာပါ ။ ချစ်ဖို့ကောင်းလိုက်တဲ့ ခွေးလေး နော် …….

ဖေဖော်ဝါရီ ၁၁ရက် မနက်ခင်းအစောကြီးမှာ မမျှော်လင့်ထားတဲ့ ဧည့်သည် တစ်ယောက်ကို ရဲအရာရှိကြီးတွေ လက်ခံကြိုဆိုလိုက်ရပါတယ် ။ လိမ္မာတဲ့ကောင်လေးကတော့ ရဲစခန်းထဲဝင်လာပြီး ကောင်တာပေါ်ကို လက်ကလေးတင်ကာ သူ့မိသားစုပျောက်နေကြောင်းကို တိုင်ကြားပါတော့တယ် ။

သူ့ကိုလက်ခံထားတာကတော့ တပ်ကြပ်ကြီး ရပ်စ်တီ မာတင်ပဲဖြစ်ပါတယ် ။ ခွေးလေး ချီကိုကတော့ သူလမ်းပျောက်နေတာနဲ့ပတ်သက်ပြီး စိတ်ညစ်နေပုံမရဘူးလို့ ဆိုပါသေးတယ် ။

သူရောက်လာတဲ့အတွက် အားလုံးက ပျော်ပြီး သူနဲ့ ဆော့ကစားနေကြတာပါတဲ့ ။ အားလုံးကလည်း သူ့ကို ဝိုင်းချစ်ကြပါတယ် ။

ချီကိုနဲ့ ဆော့ကစားချင်ပေမယ့်လည်း သူ့ကို ပိုင်ရှင်မှန်လက်ထဲ ပြန်ပေးချိန်တန်ပါပြီ … ဒါပေမယ့်လည်း သူ့ရဲ့ ID လည်ဆွဲလေးက လည်ပင်းကနေ ပြုတ်ကျခဲ့တာကြောင့် ထင်သလောက် မလွယ်ခဲ့ပါဘူး။

ဒါကြောင့် တိရိစ္ဆာန်ထိန်းချုပ်ရေး အဖွဲ့ကို မိုက်ခရိုချစ်ပ် ပြားလေးကို ရှာဖို့အတွက် ခေါ်ရပါတော့တယ် ။ ဒါပေမယ့် သူတို့ မရောက်လေးခင်မှာပဲ ချီကိုလေးက စခန်းက လူတွေ သတိမထားမိခင် တိတ်တိတ်လေး ခိုးထွက်သွားခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ သူဟာ စခန်းကနေ တစ်မိုင်လောက်အဝေးမှာနေတဲ့ သခင့်ဆီကို တန်းတန်းမတ်မတ် ပြန်ရောက်သွားခဲ့ပြီး စွန့်စားခရီးလေး အဆုံးမှာတော့ အိမ်မှာ ဘေးကင်း လုံခြုံစွာရှိနေကြောင်း သူ့သခင်က ပြန်လည် သတင်းပေးပို့ခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*