
မှောင်မိုက်ပြီး တိမ်ကင်းစင် ကြည်လင်နေတဲ့ လမိုက်ညမှာသင် ကောင်းကင်ကိုမော့ကြည့်လိုက်မယ်ဆိုရင် ကြယ်တွေ ပုံစံမျိုးစုံနဲ့ အစုလိုက် အစုလိုက် ရှိနေတာကို မြင်ရမှာပါ။ဒီကြယ်တွေက အလင်းရောင်ဟာ ကမ္ဘာမြေဆီကို ရောက်ဖို့ ခရီးတွေအများကြီးနှင်လာရပါတယ်။
ဒါပေမယ့် ကြယ်တွေကဘာတွေလဲ?။သူတို့ ဘယ်လောက် ဝေးလဲ?။သူတို့အားလုံးက အတူတူပဲလား?ကြယ်တွေရဲ့ ဘေးမှာရော တခြားဂြိုလ်တွေရှိသေးလား?ဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ အခုဆောင်းပါးလေးမှာ အကြမ်းဖျဉ်း ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
:max_bytes(150000):strip_icc()/8_dipper_bootes_corbor3-58b82fbf5f9b58808098b709.jpg)
၁။ ကြယ်တွေက ဘာတွေလဲ?
ကြယ်တွေဟာ ကြီးမားပြီး တောက်ပနေတဲ့ ဓာတ်ငွေ့ပူလုံးကြီးတစ်လုံးပါ ။ အများဆုံးကတော့ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ် ပါဝင်နေပါတယ်။
၂။ သူတို့ဘယ်လောက် ဝေးလဲ?
တချို့ကြယ်တွေကတော့ နီးနီးလေးရှိနေပေမယ့် တချို့ကျတော့ အရမ်းအရမ်းကို ဝေးကွာပါတယ်။နက္ခတဗေဒပညာရှင်တွေကတော့ ပါရာလက်စ် Parallax လို့ခေါ်တဲ့ ကောင်းကင်မှာရှိတဲ့ ကြယ်တစ်လုံးရဲ့ နေရာကို တစ်နှစ်အတွင်း မတူညီတဲ့အချိန်တွေမှာ တိုင်းတာပြီး သူ့ရဲ့ နေရာပြောင်းလဲမှုကို တိုင်းတာတဲ့ နည်းလမ်းကို သုံးပါတယ်။
၃။ ကြယ်တွေအားလုံးက တူတူပဲလား?
ကြယ်တွေအားလုံးက အတူတူပဲ မဟုတ်ကြပါဘူး။အရွယ်စုံ အရောင်စုံ အပူချိန်မျိုးစုံ တောက်ပမှုမျိုးစုံ ရှိတတ်ကြပါတယ်။
၄။ကြယ်တွေရဲ့ဘေးမှာ တခြားဂြိုလ်တွေရှိလား?
ကြယ်တွေက ကောင်းကင်မှာ အထီးမကျန်နေပါဘူး ၊ သူတို့မှာ အမြွှာပူးကြယ်လို့ခေါ်တဲ့ အဖော်တွေရှိသလို တချို့ကလဲ ကြီးမားပြီး ထောင်ချီသန်းချီ ပါဝင်နေတဲ့ ကြယ်တာရာ အုပ်စုကြီးထဲမှာ ရှိနေကြပါတယ်။ထပ်ပြီး အပိုဆောင်းအနေနဲ့ကတော့ ဒီကြယ်တွေက ထွက်လာတဲ့ အလင်းကို လေ့လာရင်း တော်တော်များများအရာတွေကို တိုင်းတာလို့ရနိုင်ပါတယ်။ဘာတွေဖြစ်မလဲဆိုရင်
:max_bytes(150000):strip_icc()/462977main_sun_layers_full-5a83345e875db90037f173c3.jpg)
– အပူချိန်
– အလင်းကထွက်လာတဲ့ ရောင်စဉ် သို့မဟုတ် လှိုင်းအလျား
– တောက်ပမှု
– အမှောင်တွင်း အလင်းပြန်မှု
– အရွယ်အစား
– ထုထည်
– ရွေ့လျားမှု တွေပါ
ဒါကတော့အကြမ်းဖျဉ်းလေ့လာကြတဲ့အချက်လေးတွေဖြစ်ပြီးနောက်ပြီးလေ့လာပုံအကျယ်တဝင့်ကိုတော့နောက်ပြီးရှင်းပြပါဦးမယ်။